Connect with us

Hi, what are you looking for?

ဗီဒီယို

အဆိပ်အတောက်ပါတဲ့ ချောင်းဆိုးပျောက် ဆေးရည်တွေကြောင့် ကလေးတွေ သေဆုံးမှု WHO သတိပေး

WHOက ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်သလို အလားတူ အခြေအနေတွေ ပေါ်ပေါက်မလာအောင် နိုင်ငံ အသီးသီးရဲ့ အစိုးရတွေက နိုးနိုးကြားကြား ပြင်ဆင်ထားဖို့လည်း ဆော်ဩခဲ့ပါတယ်။

အဆိပ်အတောက် ရောနှောနေတဲ့ ချောင်းဆိုးပျောက် ဆေးရည်တွေကြောင့် ကမ္ဘာ့နိုင်ငံ တချို့မှာ ကလေးငယ်တွေ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အလေးအနက် သဘောထားပြီး ကြိုတင် ကာကွယ် တားဆီးမှုတွေ လုပ်ဆောင်ကြဖို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က သတိပေး တိုက်တွန်းလိုက်ပါတယ်။

WHOက ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်သလို အလားတူ အခြေအနေတွေ ပေါ်ပေါက်မလာအောင် နိုင်ငံ အသီးသီးရဲ့ အစိုးရတွေက နိုးနိုးကြားကြား ပြင်ဆင်ထားဖို့လည်း ဆော်ဩခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့နိုင်ငံ တချို့မှာ အဆိပ်အတောက် ရောနှောနေတဲ့ ချောင်းဆိုးပျောက် ဆေးရည်တွေ သောက်သုံးမိလို့ ကလေး ၃၀၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယနဲ့ အင်ဒိုနီးရှား ဆေးဝါးလုပ်ငန်း ၆ ခုက ထုတ်လုပ်တဲ့ ချောင်းဆိုးနဲ့ အဖျားပျောက် ဆေးရည်တွေမှာ လက်မခံနိုင်လောက်အောင် များပြားတဲ့ အဆိပ်အတောက် ပမာဏတွေ ရောနှော ပါဝင်နေတဲ့ အကြောင်းရင်းကို ဖော်ထုတ် စုံစမ်းနိုင်ဖို့လည်း WHOက ကြိုးစားနေပါတယ်။

အဲဒီ ဆေးဝါး ထုတ်လုပ်မှု လုပ်ငန်းတွေရဲ့ နာမည်ကိုတော့ လက်ရှိ စုံစမ်းစစ်ဆေးနေဆဲ ကာလမှာ WHOက မကြေညာသေးပါဘူး။ နောက်ပြီး သုတေသီတွေက ကလေးတွေမှာ ချောင်းဆိုးပျောက် ဆေးရည်တွေ တိုက်ဖို့ တကယ်တမ်း ဆေးပညာ ရှုထောင့်ကနေ လိုအပ်မှု ရှိမရှိ ဆိုတာကိုပါ သုတေသီတွေက ပြန်လည် ဆန်းစစ်နေပါတယ်။

Public Service Announcement

Public Service Announcement

မနှစ်က အဆိပ်အတောက် ရောပါနေတဲ့ ချောင်းဆိုးပျောက် ဆေးရည်တွေ သောက်သုံးမိလို့ ကျောက်ကပ် ထိခိုက်ပျက်စီးပြီး သေဆုံးခဲ့တဲ့ ကလေးငယ် အများစုဟာ အသက် ၅ နှစ်အောက် အရွယ်တွေ ဖြစ်ပါတယ်။ ဂမ်ဘီယာ၊ အင်ဒိုနီးရှားနဲ့ ဥဇဘက်ကစ္စတန် နိုင်ငံတွေမှာ ဒီပြဿနာနဲ့ ဆက်စပ်လို့ ကလေး ၃၀၀ ကျော် သေဆုံးခဲ့တာလို့ WHOက ဆိုပါတယ်။

ကလေးတွေ သေဆုံးရတဲ့ အဓိက အကြောင်းရင်းကတော့ အဆိပ်အတောက် ဖြစ်စေတဲ့ ဒိုင်အီသိုင်လင်း ဂလိုင်ကောနဲ့ အီသိုင်လင်း ဂလိုင်ကော ဓာတ်ပစ္စည်းတွေ ဆေးရည်ထဲမှာ ပမာဏ တော်တော်များများ ပါဝင်နေတာကြောင့်လို့ ဆိုပါတယ်။

အိန္ဒိယနဲ့ အင်ဒိုနီးရှားက ဆေးဝါး ထုတ်လုပ်မှု လုပ်ငန်း ၆ ခုအပြင် ဖိလစ်ပိုင်၊ အရှေ့တီမော၊ ဆီနီဂေါနဲ့ ကမ္ဘောဒီးယားက ဆေးကုမ္ပဏီ တချို့ ထုတ်လုပ်တဲ့ ချောင်းဆိုးနဲ့ အဖျားပျောက် ဆေးရည်တွေမှာလည်း အလားတူ ဓာတ်ပစ္စည်းတွေ ပါဝင်နေတာမျိုး ရှိနိုင်တယ်လို့ WHOက သတိပေးထားပါတယ်။

WHOရဲ့ သတိပေး ကြေညာချက် အပြီးမှာတော့ နိုင်ငံတကာ ဆေးဝါးထုတ်လုပ်မှု လုပ်ငန်းများ အသင်းကြီးက အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ ဒီကိစ္စအပေါ် စတင် အရေးယူ တုံ့ပြန် ဆောင်ရွက်ကြဖို့ တိုက်တွန်းထားကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။