Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

မိခင် မသေဆုံးခင် ငလျင် အပျက်အစီးတွေအောက်မှာ မွေးဖွားခဲ့တဲ့ ဆီးရီးယား ကလေးငယ်

ကလေးဟာ ၇ ပေါင်လောက် ကိုယ်အလေးချိန်ရှိပြီး နေ့စေ့လစေ့ ကာလလောက်မှာ မွေးဖွားလာတယ်လို့ ယူဆရပါတယ်။ လောလောဆယ် ဆရာဝန်တွေ စိုးရိမ်နေတာက ကလေးရဲ့ ကျောမှာ ရထားတဲ့ ဒဏ်ရာဖြစ်ပြီး နုနယ်တဲ့ ကျောရိုးကို ဒဏ်ဖြစ်သွားမှာကို စိတ်ပူနေကြတာလို့ သိရပါတယ်။

မိခင် မသေဆုံးခင် ငလျင် အပျက်အစီးတွေအောက်မှာ မွေးဖွားခဲ့တဲ့ ဆီးရီးယား ကလေးငယ်
မိခင် မသေဆုံးခင် ငလျင် အပျက်အစီးတွေအောက်မှာ မွေးဖွားခဲ့တဲ့ ဆီးရီးယား ကလေးငယ်

ဆီးရီးယား နိုင်ငံမှာ ငလျင် အပျက်အစီးတွေအောက် မွေးဖွားခဲ့ဟန်ရှိတဲ့ ကလေးငယ် တစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရပါတယ်။

တူရကီမှာ ဖေဖော်ဝါရီ ၆ ရက်က ၁၂ နာရီလောက်ခြားပြီး ရစ်ချ်တာစကေး ၇.၈ နဲ့ ၇.၄ အဆင့် အင်အားပြင်း ငလျင်ကြီးတွေ လှုပ်ခတ်ခဲ့တာကြောင့် တူရကီနဲ့ အိမ်နီးချင်း ဆီးရီးယားတို့မှာ လူပေါင်း ၉၀၀၀ ကျော်လောက် သေဆုံးခဲ့ပါတယ်။ ကယ်ဆယ်ရေးတွေဟာ အပျက်အစီးတွေအောက် ပိတ်မိနေတဲ့ အလောင်းတွေကို ဆက်ပြီး ရှာဖွေ တွေ့ရှိနေဆဲ ဖြစ်တာကြောင့် အသေအပျောက် အရေအတွက်က တိုးလာဦးမယ့် အလားအလာတွေ ရှိနေပါတယ်။

တစ်ဖက်မှာလည်း တန်ပေါင်းများစွာ လေးလံတဲ့ အပျက်အစီးတွေအောက်မှာ ပိတ်မိနေခဲ့တဲ့တိုင် အကြောင်း အမျိုးမျိုးကြောင့် သေကံမရောက်ဘဲ အသက်ရှင်ခွင့် ရခဲ့တဲ့ လူနဲ့ အိမ်မွေး တိရစ္ဆာန်တွေလည်း တော်တော်များများ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဆီးရီးယား မြောက်ပိုင်း၊ တူရကီနဲ့ နယ်စပ်က ဂျင်ဒါရစ် မြို့လေးမှာ ကယ်ဆယ်ရရှိခဲ့တဲ့ ကလေးမလေးရဲ့ ဖြစ်စဉ်ကတော့ ဘယ်သူနဲ့မှ မတူအောင် ထူးခြားနေပါတယ်။

သူဟာ ပထမငလျင် လှုပ်ခတ်ပြီး တိုက်အိမ် ပြိုကျသွားချိန်မှာ ကိုယ်ဝန်ဆောင် မိခင်ဖြစ်သူက တစ်ဦးတည်း ကြိုးစားပြီး မီးဖွားထားခဲ့ဟန် ရှိပါတယ်။ ကယ်ဆယ်ရေးတွေ ရှာတွေ့တဲ့ အချိန်မှာ ကလေးရဲ့ ချက်ကြိုးဟာ မိခင်နဲ့ တွယ်ဆက်နေဆဲ ဖြစ်ပါတယ်။ သူ့မိခင်ကတော့ ရရှိထားတဲ့ ဒဏ်ရာတွေကြောင့် မီးဖွားပြီးချိန်မှာ ကွယ်လွန်သွားခဲ့တယ်လို့ ယုံကြည်ရပါတယ်။ ကလေးမလေးဟာ အသက်ရှင်ကျန်ခဲ့ပေမယ့် သူ့မိသားစုဝင် တစ်ဦးမှ မရှိတော့ဘူးလို့ သိရပါတယ်။

ကယ်ဆယ်ရေးတွေက ချက်ကြိုးကို ဖြတ်ပြီး ကလေးမလေးကို ဆေးရုံ အမြန်ဆုံး တင်ပို့ခဲ့ရပါတယ်။ ရှာတွေ့ခဲ့တဲ့ အချိန်က ကလေးဟာ ကိုယ်အလေးချိန် အရမ်း ကျဆင်းနေပြီး ခန္ဓာကိုယ်မှာလည်း ပွန်းပဲ့ဒဏ်ရာတွေ ရထားခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပြီး ကျောကုန်းမှာ ထိခိုက်ထားတဲ့ ဒဏ်ရာက အတော်ကြီးတယ်လို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။ ဒါပေမဲ့ အခုတော့ သူ့အခြေအနေက စိတ်ချရတဲ့ အဆင့်မှာ တည်တည်ငြိမ်ငြိမ် ရှိနေပါပြီ။

ကယ်ဆယ်ရေးတွေသာ တစ်နာရီလောက် နောက်ကျပြီးမှ ရှာတွေ့ရင် ကလေးက သေနေလောက်ပြီလို့လည်း ဂျင်ဒါရစ်မြို့ ပြည်သူ့ဆေးရုံက ဆရာဝန်တွေက ပြောပါတယ်။ ကလေးဟာ ကွယ်လွန်သူ မိခင်ရဲ့ ခြေထောက်တွေ ကြားထဲမှာ ရှိနေခဲ့တာပါ။ ဖုန်တွေကို သန့်စင် ဖယ်ရှားလိုက်တဲ့နောက် ကလေးမလေး အသက်ရှင်နေတယ်ဆိုတာကို ကယ်ဆယ်ရေးတွေက အတည်ပြုနိုင်ခဲ့ပါတယ်။

ကလေးဟာ ၇ ပေါင်လောက် ကိုယ်အလေးချိန်ရှိပြီး နေ့စေ့လစေ့ ကာလလောက်မှာ မွေးဖွားလာတယ်လို့ ယူဆရပါတယ်။ လောလောဆယ် ဆရာဝန်တွေ စိုးရိမ်နေတာက ကလေးရဲ့ ကျောမှာ ရထားတဲ့ ဒဏ်ရာဖြစ်ပြီး နုနယ်တဲ့ ကျောရိုးကို ဒဏ်ဖြစ်သွားမှာကို စိတ်ပူနေကြတာလို့ သိရပါတယ်။

You May Also Like

နိုင်ငံတကာ

လေဆင်နှာမောင်းဟာ ညပိုင်းအချိန် လူတွေ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတုန်း ရုတ်တရက် တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ရာသီဥတု ဘေးအန္တရာယ်ဆိုင်ရာ သတိပေး ကြေညာချက်တွေလည်း မကြားခဲ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီသည် ကျဆုံးခန်းမြင်နေရပြီဖြစ်၍ စစ်ကောင်စီလက်အောက်ခံများအနေဖြင့် အမှန်တရားဘက်ပြောင်းကာ ပြည်သူ့ရင်ခွင်ခိုလှုံသင့်ပြီဟု အဆိုပါအဖွဲ့က ဆိုသည်။

သတင်း

မတ်လ ၂၀ရက်တွင် မတူပီအခြေစိုက် ခမရ(၃၀၄)မှ ထွက်လာသည့် အင်အား ၈၀ ခန့်ပါ ယာဉ်တန်းကို မတူပီ-ပလက်ဝ လမ်းမပေါ် တွင်မတူပီ CDF၊ချင်းအမျိုးသားတပ်မတော်(CNA)တို့ကဆက်တိုက်ကြားဖြတ်တိုက်ခိုက်​နေခြင်းဖြစ်သည်။

သတင်း

ယနေ့ (မတ်လ ၂၅ ရက်) နံနက်ပိုင်းတွင် ဘုတလင်မြို့နယ် သားရိုးကုန်းကျေးရွာမှ စစ်ကောင်စီတပ် စစ်ကြောင်းထွက်လာပြီး အင်အား ၈၀ခန့်က ဘုတလင်မြို့အတွင်းဝင်ရောက်ပြီး အင်အား ၅၀ခန့်က ဆုံကုန်းကျေးရွာအတွင်းသို့ဝင်ရောက်၍ မီးရှို့ဖျက်ဆီးခဲ့သည်။