Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကျောင်းပေါင်း ၃၀ လောက်က မိန်းကလေးတွေ အဆိပ်မိခဲ့တဲ့အပေါ် အီရန် စုံစမ်းနေ

အီရန်အစိုးရ မီဒီယာတွေကတော့ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းတွေ ပူးပေါင်းပြီး အခုဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ကျောင်းပေါင်း ၃၀ လောက်က မိန်းကလေးတွေ အဆိပ်မိခဲ့တဲ့အပေါ် အီရန် စုံစမ်းနေ
ကျောင်းပေါင်း ၃၀ လောက်က မိန်းကလေးတွေ အဆိပ်မိခဲ့တဲ့အပေါ် အီရန် စုံစမ်းနေ

ကျောင်းသူမိန်းကလေးငယ်တွေ အဆိပ်မိခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ အီရန် အာဏာပိုင်တွေက အပူတပြင်း စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

အီရန် ကျန်းမာရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း နိုင်ငံရဲ့ ကျောင်းတချို့မှာ မိန်းကလေးတွေ အပျော့စား အဆိပ်မိခဲ့တဲ့ လက္ခဏာတွေ ခံစားခဲ့ရတယ်လို့ အတည်ပြုပါတယ်။ နိုင်ငံရေးသမား တချို့ကတော့ ရာနဲ့ချီ များပြားတဲ့ မိန်းကလေးငယ်တွေ အဆိပ်မိခဲ့တာဟာ ဘာသာရေး အစွန်းရောက် အဖွဲ့အစည်းတွေရဲ့ လက်ချက် ဖြစ်နိုင်တယ်လို့ စွပ်စွဲကြပါတယ်။

အီရန်မှာ တချို့ ဘာသာရေး အဖွဲ့တွေက မိန်းကလေးတွေ ပညာသင်ယူမှုကို အပြင်းအထန် ဆန့်ကျင် ရှုတ်ချနေကြပါတယ်။

အီရန်မှာ ဘာသာရေး အခြေပြု အုပ်ချုပ်တဲ့ အစိုးရဟာ လနဲ့ချီ ကြာမြင့်တဲ့ အုံကြွ ဆန္ဒပြမှုတွေ ရင်ဆိုင်နေရတဲ့ အချိန်မှာ အခုပြဿနာမျိုးပါ ထပ်ကြုံလာရတာပါ။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက အီရန် ဘာသာရေးရဲတွေ ဖမ်းဆီးမှုကို ခံရတဲ့အချိန် အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်အပြီး ပြည်တွင်းမှာ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အားကောင်းလာတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အာဏာပိုင်တွေကတော့ ကျောင်းသူ မိန်းကလေးတွေ အဆိပ်မိခဲ့တာဟာ မတော်တဆ မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု တစ်ခုကြောင့်လို့ သတ်မှတ်ထားပါတယ်။ နိုဝင်ဘာလကစလို့ အီရန်ရဲ့ ရှီးဟိုက် မွတ်ဆလင်တွေ အထွဋ်အမြတ်ထားရာ ဘာသာရေးနယ်မြေဖြစ်တဲ့ ကွမ်မြို့မှာ အဲဒီပြဿနာမျိုး အစပြုခဲ့ပြီး အခုဆိုရင် ကျောင်းပေါင်း ၃၀ ကျော်လောက် ထိခိုက် ခံစားခဲ့ရပြီးပါပြီ။ အစိုးရိမ်ကြီးတဲ့ မိဘတချို့ကလည်း ကလေးတွေကို ကျောင်းထုတ်သွားကြပါတယ်။

အဆိပ်မိတဲ့ထဲက မိန်းကလေးတချို့ ဆေးရုံတက်ခဲ့ရပြီး မူးဝေအော့အန်တာ၊ နှလုံးခုန် မူမမှန်တာစတဲ့ လက္ခဏာတွေ ခံစားခဲ့ကြရပါတယ်။ အဆိပ်ခတ်မှုတွေဟာ မိန်းကလေးကျောင်း အများစုကို ပစ်မှတ်ထားခဲ့ပေမယ့် ဘိုရူဂျတ်ဒ်မြို့က ယောက်ျားလေးကျောင်း တစ်ခုမှာလည်း အလားတူ အခြေအနေ ကြုံခဲ့သေးတယ်လို့ သိရပါတယ်။

အီရန်အစိုးရ မီဒီယာတွေကတော့ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းတွေ ပူးပေါင်းပြီး အခုဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန် ကမ်းလွန် ရေပြင်မှာ ဖြန့်ကျက်ဖို့ တတိယမြောက် လေယာဉ်တင် သင်္ဘောတစ်စီးကို အမေရိကန်က စေလွှတ်ထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

အစ္စရေး နိုင်ငံသား အများစု လိုက်ပါလာတဲ့ ခရီးသည်တင် လေယာဉ်ကို အနုကြမ်းစီးဖို့ အားထုတ်ခဲ့တဲ့ ဖြစ်ရပ် နောက်ကွယ်မှာ ပါဝင်ပတ်သက်မှု ရှိနေမယ်ဆိုရင် အီရန်အပေါ် အပြင်းအထန် ထိုးနှက်သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်ဖွဲ့ဝင်တွေ ရှိနေတဲ့ လေတပ်စခန်းကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့တယ်လို့ ယူဆရတဲ့ ဖြစ်စဉ်နောက်ကွယ်မှာ အီရန်နိုင်ငံ ပါဝင် ပတ်သက်နေနိုင်ကြောင်း ဗြိတိန် အစိုးရက ပြောပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသတွင်းက အမေရိကန် မဟာမိတ် နိုင်ငံတွေရဲ့ အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်မှုတွေ ပြန်စလာနိုင်ကြောင်း အီရန်က ခြိမ်းခြောက်လိုက်ပါတယ်။

Trending

Facebook