Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုက်ဂျီးရီးယားမှာ ကလေးအများစု အပါအဝင် လူပေါင်း ၈၀ ကျော် ပြန်ပေးဆွဲခံရ

နိုက်ဂျီးရီးယား လေတပ်ဟာ အဲဒီ ဒုစရိုက် ဂိုဏ်းတွေကို စစ်ဆင်ရေး ဆင်နွှဲတာ၊ တောတွင်း အခြေစိုက် စခန်းတွေကို လေကြောင်းကနေ ဗုံးကြဲတာတွေ လုပ်ဆောင်နေပေမယ့် အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေကတော့ ဆက်လက် ဖြစ်ပွားနေပါတယ်။

နိုက်ဂျီးရီးယားမှာ ကလေးအများစု အပါအဝင် လူပေါင်း ၈၀ ကျော် ပြန်ပေးဆွဲခံရ
နိုက်ဂျီးရီးယားမှာ ကလေးအများစု အပါအဝင် လူပေါင်း ၈၀ ကျော် ပြန်ပေးဆွဲခံရ

နိုက်ဂျီးရီးယား နိုင်ငံမှာ ကလေးတွေနဲ့ အမျိုးသမီး အများစု အပါအဝင် လူပေါင်း ၈၀ ကျော်ကို သေနတ်သမားတွေက ပြန်ပေးဆွဲ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရပါတယ်။

နိုက်ဂျီးရီးယား အနောက်မြောက်ပိုင်းက ဇမ်ဖာရာ ပြည်နယ်ထဲမှာ အခု ပြန်ပေးဆွဲမှု ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ကျူးလွန်သူတွေက အာဏာပိုင်တွေဆီက နိုင်ငံသုံးငွေ သန်း ၃၀ လောက် တောင်းဆိုနေတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေပေမယ့် သီးခြား အတည်မပြုနိုင်သေးပါဘူး။ ဒေသခံတွေဟာ ဧပြီ ၇ ရက် မနက်အစောပိုင်းမှာ ဖမ်းဆီး ခံခဲ့ရတာပါ။

နိုက်ဂျီးရီးယား အနောက်မြောက်ပိုင်း ဧရိယာတွေမှာ လက်နက်ကိုင် ဒုစရိုက် ဂိုဏ်းဂဏတွေ အားကောင်းလာပြီး ကျေးလက်နေ ပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ၊ ပြန်ပေးဆွဲမှုတွေကို အစဉ်တစိုက် ကျူးလွန်နေပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အဲဒီလို မှုခင်းတွေက ဇမ်ဖာရာနဲ့ အနီးတဝိုက် နယ်မြေတွေမှာ မကြာခဏ ပေါ်ပေါက်ခဲ့ပါတယ်။

ဝမ်ဇာမီ ကျေးရွာထဲကနေ ဖမ်းဆီး ခေါ်ဆောင်သွားတာ ခံရတဲ့ ဒေသခံတွေကို ရဲတွေနဲ့ အာဏာပိုင် အဖွဲ့အစည်းတွေက တောနင်းပြီး လိုက်ရှာနေပါတယ်။ သားဖြစ်သူ ပြန်ပေးဆွဲ ခံရတာကို ကိုယ်တိုင် ကြုံထားတဲ့ ရွာသားတစ်ဦးက ကလေးတွေနဲ့ အမျိုးသမီးတွေဟာ ရွာနားမှာ လယ်မြေတွေ ရှင်းလင်းပြီး ထင်းကောက်နေတုန်း ဒုစရိုက် ဂိုဏ်းသားတွေနဲ့ တည့်တည့် တိုးခဲ့တာလို့ ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

ဒေသခံတွေရဲ့ အဆိုအရ အဖမ်းခံရတဲ့သူ အများစုဟာ အသက် ၁၂ နှစ်နဲ့ ၁၇ နှစ်ကြားအရွယ် ကလေးတွေ ဖြစ်တယ်လို့ သိရပါတယ်။

နိုက်ဂျီးရီးယားမှာ ဒုစရိုက်ဂိုဏ်းသားတွေဟာ စိတ်ကြိုက် ပြန်ပေးငွေ မရရင် ရွာသားတွေကို လပေါင်းများစွာ ကြာတဲ့ထိ ဖမ်းဆီး ချုပ်နှောင်ထားလေ့ ရှိသလို တချို့နေရာတွေမှာလည်း ရွာသားတွေရဲ့ စိုက်ပျိုးမြေတွေကို မဖျက်ဆီး၊ မနှောင့်ယှက်စေချင်ရင် ဆက်ကြေးငွေ ပေးရမယ်လို့ ခြိမ်းခြောက် တောင်းခံကြကြောင်း သိရပါတယ်။

နိုက်ဂျီးရီးယား လေတပ်ဟာ အဲဒီ ဒုစရိုက် ဂိုဏ်းတွေကို စစ်ဆင်ရေး ဆင်နွှဲတာ၊ တောတွင်း အခြေစိုက် စခန်းတွေကို လေကြောင်းကနေ ဗုံးကြဲတာတွေ လုပ်ဆောင်နေပေမယ့် အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေကတော့ ဆက်လက် ဖြစ်ပွားနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ကလေးငယ်တွေကို လူမှုကွန်ရက် မီဒီယာတွေနဲ့ ထိတွေ့ခွင့်ကနေ တစ်ဆင့်ချင်းစီ ကန့်သတ် ပိတ်ပင်သွားဖို့ ဥရောပ သမဂ္ဂ (EU)က စီစဉ်နေပါတယ်။