Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုက်ဂျီးရီးယားက ဘုရားကျောင်း အလှူပွဲမှာ လူနင်းခံရပြီး ၃၁ ဦးထက်မနည်း သေဆုံး

နိုက်ဂျီးရီးယားက ခရစ်ယာန် ဘုရားကျောင်းတွေမှာ ဆင်းရဲ နွမ်းပါးသူတွေကို ကူညီလှူဒါန်းတဲ့ အခုလို ရန်ပုံငွေ အစီအစဉ်တွေ ပုံမှန် ပြုလုပ်လေ့ ရှိကြပါတယ်။ မေလ ၂၈ ရက်က မနက် ၉ နာရီမှာ အလှူအတန်းစဖို့ ရည်ရွယ်ထားပေမယ့် ဘုရားကျောင်းရှေ့မှာ မနက် ၅ နာရီကတည်းက လူတွေ အုံခဲနေတယ်လို့ သိရပါတယ်။

နိုက်ဂျီးရီးယားက ဘုရားကျောင်း အလှူပွဲ
နိုက်ဂျီးရီးယားက ဘုရားကျောင်း အလှူပွဲ

နိုက်ဂျီးရီးယား နိုင်ငံ တောင်ပိုင်းက ဘုရားကျောင်း တစ်ခုမှာ လူတွေ လုယက်တိုးဝှေ့ရင်း လူနင်းတာ ခံရလို့ ၃၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံ တောင်ပိုင်းက ကင်းစ် ပန်တက်ကိုစတယ်လ် ဘုရားကျောင်းမှာ နှစ်ပတ်လည် ရန်ပုံငွေ အလှူပွဲတစ်ခု ကျင်းပနေရင်း ဝရုန်းသုန်းကား အခြေအနေတွေ ပေါ်ပေါက်လာခဲ့တာပါ။ လူတွေ တက်နင်းလို့ သေကြေရတဲ့ထဲမှာ ကလေး တော်တော်များများနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ပါဝင်တယ်လို့လည်း မျက်မြင်တွေက ပြောပါတယ်။

ဖြစ်စဉ် နောက်ဆက်တွဲ အနေနဲ့ ဒဏ်ရာရသူတွေထဲက ၇ ယောက်လောက်ကို ဆေးရုံ တင်ပို့ပေးထားရပါတယ်။ ဘုရားကျောင်းရဲ့ အခမဲ့ စျေးဆိုင်ဆိုတဲ့ အစီအစဉ်မှာ လူတွေက လုယက် တိုးဝှေ့ကြရင်း အချင်းချင်း တက်နင်းမိကုန်တာလို့ ဒေသခံ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ အီရင်ဂျီ ကိုကိုက ဆိုပါတယ်။

နိုက်ဂျီးရီးယားက ခရစ်ယာန် ဘုရားကျောင်းတွေမှာ ဆင်းရဲ နွမ်းပါးသူတွေကို ကူညီလှူဒါန်းတဲ့ အခုလို ရန်ပုံငွေ အစီအစဉ်တွေ ပုံမှန် ပြုလုပ်လေ့ ရှိကြပါတယ်။ မေလ ၂၈ ရက်က မနက် ၉ နာရီမှာ အလှူအတန်းစဖို့ ရည်ရွယ်ထားပေမယ့် ဘုရားကျောင်းရှေ့မှာ မနက် ၅ နာရီကတည်းက လူတွေ အုံခဲနေတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဘုရားကျောင်းမှာ လူတွေ အလုအယက် တိုးဝှေ့ရင်း လူနင်းလို့ အများအပြား သေကြေကုန်ကြောင်း သတင်းတွေ ကြားရချိန်မှာ ကယ်ဆယ်ရေးတွေက အလျင်အမြန် သွားရောက်ခဲ့ကြပါတယ်။ ဒါပေမဲ့ အခြေအနေတွေက အတော် ဆိုးရွားနေခဲ့ပြီး ဖြစ်သလို ပြန့်ကြဲနေတဲ့ အလောင်းတွေကို ရေခဲတိုက် ပို့ပေးဖို့ပဲ ဦးစားပေး လုပ်ဆောင်ခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ရဲတွေက ဘုရားကျောင်း ပတ်ဝန်းကျင်ကို ယာယီ ပိတ်ဆို့ထားလိုက်ပါတယ်။

ဒီဖြစ်ရပ်ဆိုးနဲ့ ကြုံတွေ့ပြီးတဲ့နောက် ဘုရားကျောင်း တာဝန်ရှိသူတွေကို သေဆုံးသူတွေရဲ့ မိသားစုဝင် တချို့က ရန်ပြု တိုက်ခိုက်ခဲ့ကြောင်းလည်း သိရပါတယ်။ ဘုရားကျောင်းကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ မှတ်ချက်ပေး ဖြေရှင်းတာမျိုး မရှိသေးပါဘူး။

နိုက်ဂျီးရီးယားဟာ အလားတူ ဖြစ်ရပ်မျိုးတွေ အရင်ကလည်း ကြုံဖူးပါတယ်။ ၂၀၁၃ တုန်းက နိုင်ငံ အရှေ့တောင်ပိုင်း အနမ်ဘရာ ပြည်နယ်မှာ လူနင်းခံရပြီး လူ ၂၄ ဦး သေဆုံးခဲ့ဖူးပါတယ်။ ၂၀၁၄ တုန်းကလည်း အစိုးရ ရုံးစိုက်ရာ အဘူဂျာ မြို့တော်မှာ အလုပ်လျှောက်ဖို့ စုပြုံတိုးဝှေ့ကြရင်း လူ ၁၆ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုက်ဂျီးရီးယား နိုင်ငံမှာ လောင်စာပိုက်လိုင်း တစ်ခုကနေ ဆီခိုးဖို့ ကြိုးစားရာက အဆိပ်အတောက် ဓာတ်ငွေ့တွေ ရှူမိပြီး လူ ၄၀ နီးပါး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းက ဘုရားကျောင်း တစ်ခုမှာ လူတွေ အထိတ်တလန့် စုပြုံတိုးဝှေ့ပြီး ပိမိနင်းမိကြလို့ ၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး တစ်ဒါဇင်ကျော် ဒဏ်ရာရခဲ့ပါတယ်။

Facebook