Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အချိန်တိုအတွင်း download ပြုလုပ်မှု အများဆုံး appဖြစ်လာတဲ့ Twitterပြိုင်ဘက်

Metaရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ အန်ဒီစတုန်းကတော့ Threadsကို ဖန်တီးရာမှာ Twitterရဲ့ အင်ဂျင်နီယာဟောင်း တစ်ဦးမှ မပါခဲ့ဘူးလို့ Threadsကနေတဆင့် ဖြေရှင်း တုံ့ပြန်ထားပါတယ်။

အချိန်တိုအတွင်း download ပြုလုပ်မှု အများဆုံး appဖြစ်လာတဲ့ Twitterပြိုင်ဘက်
အချိန်တိုအတွင်း download ပြုလုပ်မှု အများဆုံး appဖြစ်လာတဲ့ Twitterပြိုင်ဘက်

Twitterကို တိုက်ရိုက် ယှဉ်ပြိုင်ဖို့ Facebookရဲ့ မိခင်ကုမ္ပဏီက ထုတ်ဝေလိုက်တဲ့ လူမှုကွန်ရက် မီဒီယာသစ် Threadsဟာ အချိန်တိုအတွင်း download ပြုလုပ် ရယူမှု အများဆုံး app ဖြစ်လာခဲ့ပါတယ်။

Facebookကို ထူထောင်သူနဲ့ Meta လုပ်ငန်းစုရဲ့ အမှုဆောင်ချုပ် မတ်ခ် ဇက်ကာဘာ့ဂ်က Threadsဟာ စတင်မိတ်ဆက်ပြီး ၂ နာရီ အကြာမှာ download ပြုလုပ်သူ ၂ သန်း ရှိနေပြီလို့ ကြေညာခဲ့ပါတယ်။ Threadsကို Metaက ဇူလိုင် ၅ ရက်မှာ ဖြန့်ချိလိုက်တဲ့ သတင်းက ပိုမို ပျံ့နှံ့လာတာနဲ့အမျှ downloadလုပ်သူ အရေအတွက်ကလည်း ခပ်မြန်မြန် တိုးပွားလာခဲ့ပါတယ်။

ဇူလိုင် ၇ ရက် မနက်အစောပိုင်းထိ အခြေအနေမှာတော့ Threadsကို download ရယူပြီး သုံးစွဲနေသူ အရေအတွက်ဟာ သန်း ၅၀ ကျော်လွန်လာပါပြီ။ ဒါဟာ မိုဘိုင်းappတွေ စတင် ဖန်တီးလာတဲ့ သမိုင်းတလျှောက် download ပြုလုပ်နှုန်း အမြင့်ဆုံး စံချိန်သစ် ဖြစ်လာပါတယ်။ Threadsကို စတင်ထုတ်လွှင့်ပြီး ၂၄ နာရီ အတွင်းမှာတင် သုံးစွဲသူ သန်း ၃၀ ရှိလာတယ်လို့ ယုံကြည်ရပါတယ်။ ပထမဆုံး ၅ ရက်အတွင်း download ပြုလုပ်သူ ၁ သန်း ရှိခဲ့ဖူးတဲ့ ဉာဏ်ရည်တု အထောက်အပံ့ appဖြစ်တဲ့ ChatGPTကို Threadsက အသာအယာ ကျော်တက်နိုင်ခဲ့တဲ့ သဘောပါပဲ။

ဇက်ကာဘာ့ဂ်နဲ့ Twitterရဲ့ ပိုင်ရှင်ဖြစ်သူ အီလွန်မတ်စ်ခ်တို့ကြား လူသိရှင်ကြား တင်းမာမှုတွေ ရှိခဲ့တဲ့နောက် Twitterရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ အရမ်းတူညီတဲ့ Threadsကို Metaက ရုတ်တရက် မိတ်ဆက်လိုက်တာပါ။ အခုတော့ Threadsဟာ Twitterကို အမှန်တကယ် ခြိမ်းခြောက်နိုင်တဲ့ အဆင့်မျိုးထိ ရောက်လာမလား ဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်နေရပါပြီ။ တစ်ဖက်မှာလည်း မတ်စ်ခ်ရဲ့ အငြင်းပွားစရာ စည်းမျဉ်း အပြောင်းအလဲ တချို့ကြောင့် Twitterရဲ့ မူရင်း အနှစ်သာရတွေ ပျက်ယွင်းလာနေပြီလို့ ဝေဖန်နေတဲ့ သုံးစွဲသူ အရေအတွက်က တစ်စထက်တစ်စ တိုးလာနေပါတယ်။

Public Service Announcement

Public Service Announcement

မတ်စ်ခ်အတွက် ပိုပြီး မခံချင်လောက်စရာ ဖြစ်နိုင်တာက Twitterမှာ လက်ရှိ follower အရေအတွက် အများဆုံး စာရင်းဝင် နာမည်ကျော် တချို့ဖြစ်တဲ့ အယ်လန် ဒီဂျီနရက်စ်၊ ဘီလ်ဂိတ်စ်၊ ရှာကီရာနဲ့ အော်ပရာဝင်းဖရေးတို့ဟာ ချက်ချင်းဆိုသလို Threradsမှာ သွားရောက် ချိတ်ဆက်လိုက်ကြတာပဲ ဖြစ်ပါတယ်။ Metaအတွက် ပိုပြီး အားတက်ဖို့ ကောင်းတာက သုံးစွဲသူ အများစုဟာ Threadsနဲ့ ပတ်သက်လို့ အပြုသဘောဆောင်တဲ့ မှတ်ချက်တွေ ပေးနေပြီး လိုလားကြိုဆိုမှုကို ပြသနေကြတာ ဖြစ်ပါတယ်။

ဇက်ကာဘာ့ဂ်က Threadsရဲ့ အစပိုင်း ခြေလှမ်းဟာ မျှော်လင့်နိုင်သမျှ အကောင်းဆုံး ပုံစံမျိုး ရောက်နေတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ သူ့ရဲ့ Meta လုပ်ငန်းစုဟာ Facebook၊ Messenger၊ WhatsAppနဲ့ Instagramတို့လို လူသုံးများတဲ့ လူမှုကွန်ရက်တွေကို ပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်။

လေ့လာသူ တချို့ကတော့ အစပိုင်းမှာ Threadsက အရမ်း အရှိန်ကောင်းနေတယ် ဆိုတာဟာ အပြောင်းအလဲကို စူးစမ်းချင်တဲ့ သုံးစွဲသူတွေရဲ့ လူ့သဘာဝကြောင့် ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးထားပြီး လက်ရှိ သုံးစွဲသူတွေကို ရေရှည် ထိန်းထားနိုင်မလား ဆိုတာကို စောင့်ကြည့်ရမယ်လို့ ပြောပါတယ်။

မတ်စ်ခ်ကလည်း ဒီကိစ္စကို ငြိမ်ခံနေတာတော့ မဟုတ်ပါဘူး။ Threads ထွက်ပေါ်လာတဲ့ နေ့မှာပဲ Twitterရဲ့ ဥပဒေ အကျိုးဆောင် အဖွဲ့က Metaကို တရားစွဲဖို့ စဉ်းစားနေကြောင်း ခြိမ်းခြောက်ခဲ့ပါတယ်။ စွပ်စွဲချက်ကတော့ Twitterရဲ့ ဝန်ထမ်းဟောင်းတွေဆီက လုပ်ငန်းဆိုင်ရာ လျှို့ဝှက်ချက်တွေကို ရယူပြီး Threadsကို တည်ဆောက်ခဲ့တယ် ဆိုပြီးတော့ပါ။ မတ်စ်ခ်က ‘ပြိုင်ဆိုင်တာ ကောင်းပါတယ်။ ညစ်ရင်တော့ မကောင်းဘူးပေါ့’လို့လည်း Twitterမှာ ရေးသားထားခဲ့ပါသေးတယ်။

Twitterကို ထူထောင်ခဲ့သူ တစ်ဦးဖြစ်တဲ့ ဂျက်ဒေါ်ဆီကလည်း Threadsကို ဖန်တီးခဲ့တဲ့ ဇက်ကာဘာ့ဂ်ကို အရွဲ့တိုက်ခဲ့ပါသေးတယ်။ ‘ကျွန်တော်တို့က မိုးပျံကားတွေ လိုချင်တာလေ။ အဲဒီအစား Twitterရဲ့ ကလုန်း (ပုံတူ) ၇ ခုလောက်ပဲ ရလာတယ်’လို့ သူက Twitterပေါ်မှာ ရေးသားထားခဲ့ပါတယ်။

Metaရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ အန်ဒီစတုန်းကတော့ Threadsကို ဖန်တီးရာမှာ Twitterရဲ့ အင်ဂျင်နီယာဟောင်း တစ်ဦးမှ မပါခဲ့ဘူးလို့ Threadsကနေတဆင့် ဖြေရှင်း တုံ့ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နည်းပညာပိုင်း ချွတ်ယွင်းမှု ပြဿနာကို အခုတော့ အပြီးတိုင် ရှင်းလင်းပြီး ဖြစ်တယ်လို့ Metaက နောက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ နည်းပညာအဖွဲ့၏ ကြိုးပမ်းအားထုတ်မှုကြောင့် ယနေ့နံနက် (ဖေဖော်ဝါရီ ၂ရက်)တွင် လက်ဝယ်ခိုင်ခိုင်မာမာပြန်လည်ရရှိခဲ့ပြီး ဖေ့ဘွတ်စာမျက်နှာ လုံခြုံရေးအား အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်သည်။

နိုင်ငံတကာ

အစောပိုင်းမှာလည်း မတ်စ်က Twitterမှာ Blue Mark ရထားသူတွေကို လစဉ်ကြေး ၈ ဒေါ်လာ ကောက်ခံသွားမယ်လို့ ကြေညာခဲ့တာကြောင့် အငြင်းပွားစရာတွေ ဖြစ်ပေါ်ခဲ့သေးကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရာထူးတိုးသွားတယ် ဆိုပေမယ့်လည်း ကိုင်နီရူဂါဘာဟာ ယူဂန္ဓာ စစ်တပ် ဖွဲ့စည်းပုံအရ တပ်တွင်းဩဇာ အညောင်းဆုံးလို့ ဆိုရမယ့် ကြည်းတပ် စစ်ဦးစီး ရာထူးကိုတော့ လက်လွှတ်လိုက်ရပါတယ်။