Connect with us

Hi, what are you looking for?

သတင်း

ယာယီသမ္မတ၏ Facebookစာမျက်နှာ ယမန်နေ့ညက တိုက်ခိုက်ခံရ

အမျိုးသားညီညွတ်ရေးအစိုးရ နည်းပညာအဖွဲ့၏ ကြိုးပမ်းအားထုတ်မှုကြောင့် ယနေ့နံနက် (ဖေဖော်ဝါရီ ၂ရက်)တွင် လက်ဝယ်ခိုင်ခိုင်မာမာပြန်လည်ရရှိခဲ့ပြီး ဖေ့ဘွတ်စာမျက်နှာ လုံခြုံရေးအား အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်သည်။

ယာယီသမ္မတ၏ Facebookစာမျက်နှာ ယမန်နေ့ညက တိုက်ခိုက်ခံရ
ယာယီသမ္မတ၏ Facebookစာမျက်နှာ ယမန်နေ့ညက တိုက်ခိုက်ခံရ

▪️ယနေ့နံနက်တွင် ပြန်လည်ရရှိဟု အသိပေး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတဒူဝါလရှီးလ၏ လူမှုကွန်ရက် Facebook စာမျက်နှာတိုက်ခိုက်ခံရကြောင်း ယာယီသမ္မတရုံးက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဖေဖော်ဝါရီ၁ရက်)တွင် အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုအား ဆန့်ကျင်သည့်အနေဖြင့် မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏တိတ်ဆိတ်ခြင်းသပိတ် အား အောင်ပွဲခံနေကြစဉ် ည ၇နာရီဝန်းကျင်တွင် ယာယီသမ္မတကြီး၏ လူမှုကွန်ရက်စာမျက်နှာသည် မသမာသူရန်သူ့ဘက်တော်သားများ၏ တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း ဖော်ပြ သည်။

Public Service Announcement
Public Service Announcement

တိုက်ခိုက်ခံရ၍ စာမျက်နှာပေါ်မှ ပို့စ်များအားလုံးလည်း ပျောက်ပျက်သွားခဲ့သည်ဟု ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ နည်းပညာအဖွဲ့၏ ကြိုးပမ်းအားထုတ်မှုကြောင့် ယနေ့နံနက် (ဖေဖော်ဝါရီ ၂ရက်)တွင် လက်ဝယ်ခိုင်ခိုင်မာမာပြန်လည်ရရှိခဲ့ပြီး ဖေ့ဘွတ်စာမျက်နှာ လုံခြုံရေးအား အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ရန်သူသည် အွန်လိုင်းတိုက်ခိုက်မှုများကို ယခင်ကထက် ဖိဖိစီးစီးအားထုတ်လုပ်ဆောင်လာနေသောကြောင့် ဆိုရှယ်မီဒီယာကိုအသုံးပြုနေကြသော တော်လှန်ရေး ရဲဘော်ရဲဘက်များ၊ မိသားစုဝင်များ အားလုံးပိုမိုသတိထားကြရန် သတိပေးထားပြီးလိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာ အကြံဉာဏ်များအား သက်ဆိုင်ရာဌာနများတွင် ရယူပြီး ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

Facebookရဲ့ မိခင်ကုမ္ပဏီ Metaဟာ လူမှုကွန်ရက်တွေကနေတဆင့် ကလေးတွေရဲ့ ပုဂ္ဂိုလ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ထိပါးခြိမ်းခြောက်မှုတွေကို အစဉ်တစိုက် မျက်ကွယ်ပြုခဲ့ကြောင်း ဝန်ထမ်းဟောင်း တစ်ဦးက ထွက်ဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာပေါ်မှာ လူသုံးအများဆုံး လူမှုကွန်ရက် မီဒီယာ ပလက်ဖောင်း တစ်ခုဖြစ်တဲ့ Facebookဟာ ချွတ်ယွင်းချက် တစ်ခုခုကြောင့် မိနစ်ပိုင်းလောက် ပြတ်တောက်သွားတာမျိုး ကမ္ဘာအနှံ့မှာ ကြုံခဲ့ရပါတယ်။

နိုင်ငံတကာ

အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေရဲ့ ကြော်ငြာတွေကို စိစစ်တားမြစ်ပေးဖို့ ပျက်ကွက်တဲ့အတွက် လူမှုကွန်ရက် မီဒီယာ Facebookရဲ့ မိခင်ကုမ္ပဏီ Metaကို တရားစွဲဆိုဖို့ ထိုင်းအာဏာပိုင်တွေက ပြင်ဆင်နေပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီ ဦးဆောင်ကောင်စီ စုဖွဲ့မှု ဖြစ်မြောက်လာရေး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အချိန်များစွာ ရင်းနှီးမြှုပ်နှံတာ၊ ယုံကြည်မှု တည်ဆောက်တာ တွေ ပါဝင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောပြခဲ့ပြီး ပြည်ထောင်စုလွှတ်တော်အနေနဲ့လည်း ဒီစုဖွဲ့မှု ဖြစ်မြောက်ရေး ၀ိုင်းဝန်း ပံ့ပိုးပေးစေလိုဟု မေတ္တာရပ်ခံခဲ့ပါတယ်။

Facebook