Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Twitterမှာ အာချောင်တဲ့ သားဖြစ်သူကို စစ်ဘက် အရေးကြီး ရာထူးကနေ ယူဂန္ဓာ သမ္မတ ဖယ်ရှား

ရာထူးတိုးသွားတယ် ဆိုပေမယ့်လည်း ကိုင်နီရူဂါဘာဟာ ယူဂန္ဓာ စစ်တပ် ဖွဲ့စည်းပုံအရ တပ်တွင်းဩဇာ အညောင်းဆုံးလို့ ဆိုရမယ့် ကြည်းတပ် စစ်ဦးစီး ရာထူးကိုတော့ လက်လွှတ်လိုက်ရပါတယ်။

Twitterမှာ အာချောင်တဲ့ သားဖြစ်သူကို စစ်ဘက် အရေးကြီး ရာထူးကနေ ယူဂန္ဓာ သမ္မတ ဖယ်ရှား
Twitterမှာ အာချောင်တဲ့ သားဖြစ်သူကို စစ်ဘက် အရေးကြီး ရာထူးကနေ ယူဂန္ဓာ သမ္မတ ဖယ်ရှား

Twitterပေါ်မှာ မကြာခဏ အာချောင်လေ့ရှိတဲ့ သားဖြစ်သူကို ယူဂန္ဓာ သမ္မတက ကြည်းတပ် စစ်ဦးစီး ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။

ယူဂန္ဓာ စစ်တပ်က ဗိုလ်ချုပ် မူဟူဇီ ကိုင်နီရူဂါဘာဟာ ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးသွားပြီး သမ္မတ ယိုဝီရီ မူဆယ်ဗန်နီရဲ့ စစ်ရေးအကြံပေး အရာရှိအနေနဲ့ ပြောင်းလဲ ခန့်အပ် ခံခဲ့ရကြောင်း ကြေညာသွားပါတယ်။ ရာထူးတိုးသွားတယ် ဆိုပေမယ့်လည်း ကိုင်နီရူဂါဘာဟာ ယူဂန္ဓာ စစ်တပ် ဖွဲ့စည်းပုံအရ တပ်တွင်းဩဇာ အညောင်းဆုံးလို့ ဆိုရမယ့် ကြည်းတပ် စစ်ဦးစီး ရာထူးကိုတော့ လက်လွှတ်လိုက်ရပါတယ်။

ဒီလို အခြေအနေတွေ ဖြစ်လာရတာကတော့ ကိုင်နီရူဂါဘာက Twitterပေါ်မှာ ပြက်ချော်ချော် သဘောမျိုးနဲ့ အငြင်းပွားစရာတွေ မကြာခဏ ရေးသားခဲ့တာကြောင့်ပါပဲ။ သူရေးတာတွေက အတည်ယူလို့ မရပေမယ့် နိုင်ငံတစ်နိုင်ငံရဲ့ အဓိက စစ်ဦးစီး တစ်ယောက်အနေနဲ့တော့ ပြဿနာတွေ ရှိပါတယ်။ နောက်ပြီး ယူဂန္ဓာ စစ်တပ်ထဲက တခြားတစ်ယောက်ယောက်သာ ဒါမျိုးတွေ ရေးနေရင် စစ်ခုံရုံး ရောက်နေလောက်ပြီလို့လည်း တချို့က ထောက်ပြပါတယ်။

ကိုင်နီရူဂါဘာ လျှောက်ရေးတဲ့ထဲမှာ အာဖရိကတိုက် တစ်တိုက်လုံးက ယူကရိန်း စစ်ပွဲမှာ ရုရှားကို ထောက်ခံပါတယ် ဆိုတာမျိုးတွေ၊ ကွန်ဂို အရှေ့ခြမ်းက အကြမ်းဖက် သူပုန်အဖွဲ့တွေကို ထောက်ခံသင့်တယ် ဆိုတာမျိုးတွေ ပါဝင်ပါတယ်။ မကြာသေးခင်ကတင် အီတလီမှာ ရွေးကောက်ပွဲ အနိုင်ရလာတဲ့ အမျိုးသမီး ဝန်ကြီးချုပ်လောင်းကို နွားအကောင် ၁၀၀ နဲ့ တင်တောင်းပြီး လက်ထပ်ချင်တယ် ဆိုတာမျိုးလည်း သူက ရေးခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ အိမ်နီးချင်း ကင်ညာနိုင်ငံကို ကျူးကျော် သိမ်းပိုက်မယ် ဆိုတာမျိုး အရေးအသားတွေကျတော့ ဖခင်ဖြစ်သူ အနေနဲ့ ရှေ့လျှောက် ဆက်ပြီး လွှတ်ထားလို့ မရတော့ပါဘူး။ ဒါကြောင့်လည်း သူ့ရဲ့ တပ်တွင်း ဩဇာကြီးမားတဲ့ ရာထူးနေရာကနေ ဖယ်ရှားပြီး စစ်ရေး အကြံပေးအဖြစ် အနားခေါ်ထားလိုက်ရတဲ့ သဘောပါပဲ။ ကိုင်နီရူဂါဘာကတော့ သူဟာ နောက်ပြောင်ပြီး လျှောက်ရေးနေတာပါလို့ ပြောပေမယ့် ကင်ညာမှာရော၊ ယူဂန္ဓာမှာပါ အတော်ကြီး ပြင်းထန်တဲ့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

မူဆယ်ဗန်နီဟာ ၁၉၈၆ ခုနှစ် ကတည်းက ယူဂန္ဓာ အစိုးရကို ဦးဆောင်နေခဲ့သူဖြစ်ပြီး မကြာသေးမီကမှ အာဏာရလာတဲ့ ကင်ညာ သမ္မတ ဝီလျံရူတိုနဲ့လည်း ရင်းနှီးပါတယ်။ သူ့သားရဲ့ ကပျက်ကချော် လုပ်ရပ်တွေကြောင့် နှစ်နိုင်ငံကြား မျက်နှာနာစရာ ဖြစ်လာချိန်မှာ မူဆယ်ဗန်နီ အနေနဲ့ ထင်ရှားမြင်သာတဲ့ အရေးယူမှု တစ်ခုကို ပြသလိုက်ရတဲ့ သဘောပါပဲ။ ကိုင်နီရူဂါဘာဟာ ရာထူး မတိုးခင် အချိန်ထိ ယူဂန္ဓာ စစ်တပ် တစ်ခုလုံးရဲ့ အမှန်တကယ် လုပ်ပိုင်ခွင့် ဩဇာ အရှိဆုံးသူလို့ သတ်မှတ် ခံရပြီး တစ်ချိန်မှာ ဖခင်ရဲ့ သမ္မတ အရိုက်အရာကိုပါ ဆက်ခံမယ့်သူလို့ ထင်ကြေးပေး ခံခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပေါ်၌သာ ဆက်လက် သစ္စာစောင့်သိနေဆဲဖြစ်ကြောင်း CDMနိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ပူးတွဲထုတ်ပြန်ခဲ့ပြီး သမ္မတ ဦးဝင်းမြင့်အနေနဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုး နိုင်ငံတော်အကျိုး ဆက်လက်သယ်ပိုးနိုင်ပါစေဟု ဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။

သတင်း

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာခြင်းနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က သမ္မတအားကြိုဆိုနှုတ်ခွန်းဆက် သဝဏ်လွှာပေးပို့ခဲ့ရာ သမ္မတ ဦးဝင်းမြင့်အနေနဲ့ ကျန်းမာစွာ မိသားစုနဲ့ ပြန်လည်ဆုံဆည်းရတာကို ပြည်သူတွေနဲ့အတူ များစွာ ဝမ်းမြောက်ရတယ်လို့ ဖော်ပြထားပါတယ်။

သတင်း

သမ္မတ ဦးဝင်းမြင့် တောင်ငူအကျဉ်းထောင်ကနေ နေအိမ်ကို ပြန်လည်ရောက်ရှိပြီလို့ စာရေးဆရာ ဦးထင်လင်းဦးက သူရဲ့ဖေ့ဘွတ်ခ်ကနေ အသိပေးပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဖွဲ့စည်းမှု (၅)နှစ်တာ အချိန်ကာလမှာ အောင်မြင်သော တော်လှန်ရေးဖြစ်ရပ်တွေကို ဖန်တီးနိုင်ခဲ့သလို၊ အောင်မြင်ဖို့ ကြိုးစားနေဆဲ အခြေအနေတွေကိုလည်း ဖြတ်သန်းနေရကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပြီး အမှားတွေ သင်ခန်းစာယူကာ ပိုထိရောက်တဲ့ တော်လှန်ရေးဖြစ်အောင် ကြိုးစားသွားမှာ ဖြစ်သလို ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ...

Facebook