Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Twitter ဝန်ထမ်း စုစုပေါင်းရဲ့ ထက်ဝက်လောက် အလုပ်ထုတ်ခံရ

အစောပိုင်းမှာလည်း မတ်စ်က Twitterမှာ Blue Mark ရထားသူတွေကို လစဉ်ကြေး ၈ ဒေါ်လာ ကောက်ခံသွားမယ်လို့ ကြေညာခဲ့တာကြောင့် အငြင်းပွားစရာတွေ ဖြစ်ပေါ်ခဲ့သေးကြောင်း သိရပါတယ်။

Twitter ဝန်ထမ်း စုစုပေါင်းရဲ့ ထက်ဝက်လောက် အလုပ်ထုတ်ခံရ
Twitter ဝန်ထမ်း စုစုပေါင်းရဲ့ ထက်ဝက်လောက် အလုပ်ထုတ်ခံရ

Twitter ကုမ္ပဏီဟာ ဝန်ထမ်းအင်အား စုစုပေါင်းရဲ့ ထက်ဝက်ကို အလုပ်က ထုတ်ပယ်လိုက်ကြောင်း သိရပါတယ်။

ကမ္ဘာကျော် လူမှုကွန်ရက် မီဒီယာကြီးရဲ့ ပိုင်ရှင်သစ် ဖြစ်လာသူ အီလွန်မတ်စ်ဟာ ကုမ္ပဏီမှာ အကြီးစား ပြင်ဆင်မွမ်းမံ ဖွဲ့စည်းမှုတွေကို လက်တွေ့ကျကျ အကောင်အထည် ဖော်နေတာ ဖြစ်ပါတယ်။ Twitterကို ဒေါ်လာ ၄၄ ဘီလီယံနဲ့ မတ်စ်က ဝယ်ယူလိုက်ပြီး တစ်ပတ်အကြာမှာပဲ ကုမ္ပဏီဝန်ထမ်း ၇၅၀၀ လောက် အလုပ်ပြုတ်သွားတာ ဖြစ်ပါတယ်။

ကုမ္ပဏီ အတွင်းပိုင်း စာရွက်စာတမ်း တစ်ခုအရ Twitterဟာ ဝန်ထမ်း ၅၀ ရာခိုင်နှုန်းလောက်ကို အလုပ်ဖြုတ်တော့မယ်ဆိုတဲ့ အချက်ကို AFP သတင်းဌာနက ရရှိသွားခဲ့ပါတယ်။ မတ်စ်ကတော့ သူဟာ Twitterကို ပီပီပြင်ပြင် ပြောင်းလဲဖို့ ကြိုးစားနေတာသာ ဖြစ်တယ်လို့ ကာကွယ် ပြောဆိုခဲ့ပြီး Twitterရဲ့ ရေးသားဖော်ပြမှု လွတ်လပ်ခွင့်တွေကတော့ အရင်အတိုင်း ဆက်ရှိလိမ့်မယ်လို့ ကတိပြုခဲ့ပါတယ်။

လတ်တလောမှာတော့ အမေရိကန်နဲ့ ကမ္ဘာအနှံ့မှာ ဖြန့်ကျက်ထားတဲ့ Twitter ဝန်ထမ်း တချို့ဟာ ရုတ်တရက် အလုပ်ခွင်ကို နှုတ်ဆက်ရတော့မယ့် သတိပေး အကြောင်းကြားစာတွေ ရောက်လာတာကြောင့် အံ့ဩ တုန်လှုပ်နေကြပါတယ်။

Public Service Announcement

Public Service Announcement

သူဟာ မနက်လင်းလင်းချင်းမှာပဲ Twitterမှာ အလုပ်လုပ်နေတဲ့ကာလ ဆုံးခန်းတိုင်သွားပြီ ဆိုတာကို သိခွင့်ရခဲ့ကြောင်း၊ သူဟာ ဒီအခြေအနေကို လက်မခံချင်ပေမယ့် ရင်ကွဲပက်လက် လက်ခံခဲ့ရကြောင်း Twitterရဲ့ အမေရိကန်နဲ့ ကနေဒါဆိုင်ရာ ပြည်သူ့မူဝါဒ ဒါရိုက်တာ မိုက်ကယ် အော်စတင်က ပြောပါတယ်။

တကယ်တော့ မတ်စ်ဟာ Twitterကို ဝယ်ယူဖို့ သဘောတူညီမှု ရခဲ့တဲ့ နေ့မှာပဲ အမှုဆောင်ချုပ်နဲ့ ဘဏ္ဍာရေးဌာန အကြီးအကဲလို ထိပ်တန်းရာထူး ရှိသူတွေကို ထုတ်ပယ်ခဲ့ပြီးသားပါ။ Twitterဟာ ဝန်ထမ်းတွေကို အလုပ် မထုတ်ခင်မှာ တစ်ကမ္ဘာလုံးက ရုံးတွေကို ယာယီ ပိတ်ထားစေပြီး ဝန်ထမ်းတွေ အနေနဲ့ အိမ်မှာပဲ သူတို့ကံကြမ္မာကို အသိပေးမယ့် အီးမေးလ်တွေ စစ်ကြည့်ကြဖို့ အကြောင်းကြားခဲ့ပါတယ်။

လူတွေကို အကြောင်းပြချက် ခိုင်ခိုင်မာမာ မရှိဘဲ မေးလ်လေး တစ်စောင်ပို့ပြီး အလုပ်ထုတ်ပစ်တယ် ဆိုတာက လူမဆန်လွန်းရာ ရောက်နေကြောင်း၊ Twitterဟာ ကုန်ကျစရိတ် လျှော့ချဖို့ ကျင့်ဝတ်သိက္ခာမဲ့ လုပ်ရပ်တွေပါ ကျူးလွန်နေကြောင်း အလုပ်ထုတ်ခံရတဲ့ ဝန်ထမ်းတစ်ဦးက မကျေမချမ်း ပြောပါတယ်။

အစောပိုင်းမှာလည်း မတ်စ်က Twitterမှာ Blue Mark ရထားသူတွေကို လစဉ်ကြေး ၈ ဒေါ်လာ ကောက်ခံသွားမယ်လို့ ကြေညာခဲ့တာကြောင့် အငြင်းပွားစရာတွေ ဖြစ်ပေါ်ခဲ့သေးကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန် ပညာရေး ဝန်ကြီးဌာနဟာ ဝန်ထမ်းအင်အား စုစုပေါင်း ထက်ဝက်လောက်ကို လျှော့ချဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

သတင်း

မန္တလေးတိုင်း ၊ မြင်းခြံခရိုင်ထဲက မြင်းခြံ၊ နွားထိုးကြီးနဲ့ တောင်သာမြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ လစာ ထုတ်မရ ဖြစ်နေတယ်လို့ အဲဒီဝန်ထမ်းအသိုင်းအဝိုင်းထံကသိရပါတယ်။

သတင်း

လွယ်ဂျယ်မြို့ကို ဝိုင်းထားပြီး စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့နှင့် ဝန်ထမ်းများထွက်ခွာခွင့်ကို ယနေ့ ၁ ရက်အချိန်ပေးထားသည်ဟု သိရသည်။