Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကနေဒါမှာ လေဆိပ်သုံးယာဉ် မီးလောင်မှုကနေ ခရီးသည် လေယာဉ်ကိုပါ မီးကူးစက်မှုဖြစ်ပွား

မီးလောင်မှုမှာ ထိခိုက်ခဲ့တဲ့ လေယာဉ်ကို လတ်တလောမှာ ပျံသန်း ပြေးဆွဲမှု ရပ်ဆိုင်းထားပြီး ပြင်ဆင် မွမ်းမံမှုတွေ လုပ်ဆောင်သွားမယ်လို့ ကနေဒါ လေကြောင်းလိုင်းက ကြေညာထားပါတယ်။

ကနေဒါမှာ လေဆိပ်သုံးယာဉ် မီးလောင်မှုကနေ ခရီးသည် လေယာဉ်ကိုပါ မီးကူးစက်မှုဖြစ်ပွား
ကနေဒါမှာ လေဆိပ်သုံးယာဉ် မီးလောင်မှုကနေ ခရီးသည် လေယာဉ်ကိုပါ မီးကူးစက်မှုဖြစ်ပွား

ကနေဒါ နိုင်ငံမှာ လေဆိပ်သုံး ယာဉ်တစ်စီး မီးလောင်ရာက ကနေဒါ လေကြောင်းလိုင်းပိုင်း ခရီးသည်တင် လေယာဉ်ရဲ့ ကိုယ်ထည်ကိုပါ မီးသင့်ခဲ့ကြောင်း သိရပါတယ်။

ကနေဒါ လေကြောင်းရဲ့ Boeing 777-300 အမျိုးအစား လေယာဉ်ဟာ မွန်ထရယ်လ်မှာရှိတဲ့ ထရူဒူလေဆိပ်မှာ ရပ်နားထားတဲ့အချိန် လေယာဉ်ရဲ့ အောက်မှာ ရှိနေတဲ့ ထရပ်ကားက မီးလောင်ကျွမ်းခဲ့တာပါ။ ဇူလိုင် ၉ ရက်က မီးလောင်မှုကြောင့် ထရပ်ကား တစ်စီးလုံး ပြာကျ ပျက်စီးသွားခဲ့သလို လေယာဉ်ကိုယ်ထည် နောက်ပိုင်းကိုပါ မီးဟပ်ပြီး ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အခုဖြစ်စဉ်မှာ ထိခိုက်သေဆုံးသူ မရှိဘူးလို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့် တစ်ဖက်မှာလည်း မြေပြင် အခြေစိုက် လေဆိပ် ဝန်ဆောင်မှု ဝန်ထမ်း တစ်ဦးဟာ အပြင်းအထန် ဒဏ်ရာရပြီး ဆေးရုံမှာ ကွယ်လွန်သွားခဲ့တယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။

မီးလောင်ခဲ့တဲ့ ထရပ်ကားဟာ လေဆိပ်ထဲမှာ ရေသန့်ပို့ဆောင်ပေးနေကျ ယာဉ်တစ်စီးဖြစ်ပြီး ဘာကြောင့် မီးလောင်မှု ဖြစ်ခဲ့သလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ အခင်းဖြစ်ချိန်က လေယာဉ်ဟာ ဆွစ်ဇာလန်ကနေ ဆိုက်ရောက်ကာစဖြစ်ပြီး လေယာဉ်ပေါ်က မဆင်းရသေးတဲ့ ခရီးသည်တွေကို အဆောတလျင် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

မီးလောင်မှုမှာ ထိခိုက်ခဲ့တဲ့ လေယာဉ်ကို လတ်တလောမှာ ပျံသန်း ပြေးဆွဲမှု ရပ်ဆိုင်းထားပြီး ပြင်ဆင် မွမ်းမံမှုတွေ လုပ်ဆောင်သွားမယ်လို့ ကနေဒါ လေကြောင်းလိုင်းက ကြေညာထားပါတယ်။

မကြာသေးခင်ကလည်း မွန်ထရယ်မှာရှိတဲ့ လေဆိပ်တစ်ခုမှာ ခရီးဆောင် အိတ်တွေကို စီစဉ်ပေးရတဲ့ ဝန်ထမ်းတစ်ဦးဟာ စက်ယန္တရားထဲမှာ အိတ်တစ်လုံး ညပ်နေတဲ့ ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားရင်း မတော်တဆဖြစ်ပြီး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရာဇဝတ်ကြောင်းဆိုင်ရာ တရားစွဲဆိုမှုတွေ ခံထားရတာကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဂါနာအသင်း ကွင်းလယ်ကစားသမား သောမတ်စ် ပါတေးကို ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးဖို့ ကနေဒါက ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

အခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးရဲ့ ပထမဆုံး ဖွင့်ပွဲ အစီအစဉ်တွေကို မက္ကဆီကို နိုင်ငံမှာ ကျင်းပသွားခဲ့ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF) ကိုယ်စားလှယ်အဖွဲ့ရဲ့ ကနေဒါနိုင်ငံ ခရီးစဉ် အောင်မြင်စွာပြီးဆုံးကြောင်း SCEFက ထုတ်ပြန်ခဲ့ပြီး အခု ခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနဲ့ ဖက်ဒရယ် ဒီမိုကရေစီ၊ လူ့အခွင့်အရေးတို့အတွက် ကနေဒါနိုင်ငံရဲ့ အရေးပါမှုကို ပေါ်လွင်ထင်ရှားစေပြီး ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုအားကောင်းလာစေ ကြောင်း...

နိုင်ငံတကာ

ဂျာမနီနိုင်ငံမှာ ခရီးသည်တင် လေယာဉ်တစ်စီး ရပ်နားထားရင်း ရုတ်တရက် ဘီးဝင်ရိုး ကျိုးကျမှု ဖြစ်ပွားခဲ့ပါတယ်။