Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားနဲ့ ခရိုင်းမီးယား ဆက်သွယ်ထားတဲ့ တံတားကြီးမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားပြီး ၂ ဦးသေဆုံး

ရုရှား သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ကာ့ချ်တံတားရဲ့ လမ်းပိုင်း ပျက်စီးမှုကို အတည်ပြုခဲ့ပေမယ့် အရေးကြီးတဲ့ တံတား ထောက်တိုင်တွေတော့ အထိအခိုက် မရှိခဲ့ဘူးလို့ ကြေညာပါတယ်။

ရုရှားနဲ့ ခရိုင်းမီးယား ဆက်သွယ်ထားတဲ့ တံတားကြီးမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားပြီး ၂ ဦးသေဆုံး
ရုရှားနဲ့ ခရိုင်းမီးယား ဆက်သွယ်ထားတဲ့ တံတားကြီးမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားပြီး ၂ ဦးသေဆုံး

ခရိုင်းမီးယား ကျွန်းဆွယ်နဲ့ ရုရှားနိုင်ငံကို ဆက်သွယ်ထားတဲ့ တံတားကြီးမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားပြီး လူ ၂ ဦးသေဆုံးခဲ့တာဟာ ယူကရိန်းရဲ့ လက်ချက်ဖြစ်တယ်လို့ ရုရှားက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ကာ့ချ် တံတားဟာ ၂၀၁၄ ခုနှစ်မှာ ရုရှားတပ်တွေ ခရိုင်းမီးယားကို ဝင်ရောက်ကျူးကျော် ထိန်းချုပ်ခဲ့တဲ့ ကာလနောက်ပိုင်း ရုရှား ပိုင်နက်နဲ့ တိုက်ရိုက် ဆက်စပ် ဖောက်လုပ်ထားတဲ့ တံတားကြီးပါ။ ပြီးတော့ ရုရှား သမ္မတ ဗလာဒီမာပူတင် အင်မတန် ဂုဏ်ယူလေ့ရှိတဲ့ အခြေခံ အဆောက်အအုံကြီး တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

ယူကရိန်း စစ်ပွဲ ကာလအတွင်း ကက်ချ်တံတားကို အရင်ကလည်း ပစ်မှတ်ထား တိုက်ခိုက်မှု ခံခဲ့ရဖူးတာကြောင့် လုံခြုံရေး ထူထူထပ်ထပ် ချထားလျက်နဲ့ ဇူလိုင် ၁၇ ရက် မနက်အစောပိုင်းက ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ကားလမ်းနဲ့အပြိုင် ဖောက်လုပ်ထားတဲ့ မီးရထား လမ်းပိုင်းကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုအရ တံတားရဲ့ ကားလမ်း အပိုင်းတစ်ခုဟာ တိမ်းစောင်း ပဲ့ထွက်ပြီး ပင်လယ်နက် ရေပြင်ဆီ ကျလုနီးပါး ဖြစ်နေတာ တွေ့ရပါတယ်။

ရုရှား သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ကာ့ချ်တံတားရဲ့ လမ်းပိုင်း ပျက်စီးမှုကို အတည်ပြုခဲ့ပေမယ့် အရေးကြီးတဲ့ တံတား ထောက်တိုင်တွေတော့ အထိအခိုက် မရှိခဲ့ဘူးလို့ ကြေညာပါတယ်။

Public Service Announcement

Public Service Announcement

တံတားကို ဖောက်ခွဲမှုကြောင့် ၂ ဦးသေပြီး ကလေးငယ် ၁ ဦး ဒဏ်ရာရခဲ့ကြောင်း ရုရှားက ထုတ်ပြန်ပြီး ဒါဟာ ယူကရိန်းရဲ့ အကြမ်းဖက် တိုက်ခိုက်မှု တစ်ခုဖြစ်တယ်လို့ စွပ်စွဲသွားပါတယ်။ ယူကရိန်းကတော့ ကာ့ချ်တံတား ဖြစ်စဉ်အပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ဒါပေမဲ့ မကြာသေးခင်ကတော့ ယူကရိန်း စစ်ဘက် အာဏာပိုင်တွေက ရုရှားရဲ့ သယ်ယူပို့ဆောင်ရေးနဲ့ ထောက်ပံ့ရေးဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို ဖြတ်တောက်ဖို့ ပိုမို အားထုတ်သွားမယ်လို့ ပြောကြားထားဖူးပါတယ်။

ကာ့ချ်ဟာ ရုရှားပိုင်နက်နဲ့ ခရိုင်းမီးယားကို ကုန်းလမ်းကနေ ဆက်သွယ်ပေးတဲ့ တစ်ခုတည်းသော လမ်းကြောင်း ဖြစ်ပါတယ်။ ပူတင်ရဲ့ အမိန့်နဲ့ တည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ် ဖွင့်ပွဲကိုလည်း သူကိုယ်တိုင် ကြီးကြပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလက ပူတင်ရဲ့ မွေးနေ့အပြီး နောက်တစ်နေ့မှာလည်း အဲဒီတံတားမှာ အပြင်းအထန် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားတာကြောင့် ကားလမ်း အပိုင်းကြီးတစ်ခု ပြိုကျခဲ့ပြီး မီးရထား သံလမ်း အစိတ်အပိုင်းတချို့ အရည်ပျော် ပျက်စီးခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။