Connect with us

Hi, what are you looking for?

ဗီဒီယို

ခရိုင်းမီးယားကို ယူကရိန်း ပြန်မရနိုင်ဘူးဆိုတဲ့ ခရိုအေးရှား သမ္မတ မှတ်ချက်ကို ယူကရိန်း အစိုးရ ကန့်ကွက်

ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးဌာနက မီလန်နိုဗစ်ရဲ့ စကားဟာ တာဝန်မဲ့ပြီး လက်မခံနိုင်စရာ ဖြစ်နေတယ်လို့ သဘောထား ထုတ်ပြန်ပါတယ်။ ပင်လယ်နက်နဲ့ ထိစပ်နေရာ ခရိုင်းမီးယား ဒေသကို ၂၀၁၄ မှာ ထိန်းချုပ်ပြီးကတည်းက လုံးဝ လက်လွှတ်ခံတော့မှာ မဟုတ်ဘူးလို့ ရုရှားကလည်း ပြောဆိုဖူးပါတယ်။

ရုရှား ထိန်းချုပ်ထားရာ ခရိုင်းမီးယား ကျွန်းဆွယ်နဲ့ ပတ်သက်လို့ အငြင်းပွားစရာ မှတ်ချက် စကားတစ်ခွန်း ပြောဆိုခဲ့တဲ့ ခရိုအေးရှား သမ္မတကို ယူကရိန်း အစိုးရက တုံ့ပြန် ကန့်ကွက်သွားခဲ့ပါတယ်။

ခရိုအေးရှား သမ္မတ ဇိုရန် မီလန်နိုဗစ်က ယူကရိန်း အနေနဲ့ ခရိုင်းမီးယားကို ဘယ်တော့မှ ပြန်မရနိုင်လောက်တော့ဘူးလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်ကို လက်ရှိ စစ်ပွဲ မတိုင်ခင် ၂၀၁၄ ခုနှစ်မှာ ကတည်းက ရုရှားတပ်တွေက အင်အားသုံး ကျူးကျော် သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးဌာနက မီလန်နိုဗစ်ရဲ့ စကားဟာ တာဝန်မဲ့ပြီး လက်မခံနိုင်စရာ ဖြစ်နေတယ်လို့ သဘောထား ထုတ်ပြန်ပါတယ်။ ပင်လယ်နက်နဲ့ ထိစပ်နေရာ ခရိုင်းမီးယား ဒေသကို ၂၀၁၄ မှာ ထိန်းချုပ်ပြီးကတည်းက လုံးဝ လက်လွှတ်ခံတော့မှာ မဟုတ်ဘူးလို့ ရုရှားကလည်း ပြောဆိုဖူးပါတယ်။

အခုသီတင်းပတ် အစောပိုင်းမှာတော့ ခရိုအေးရှား သမ္မတက ယူကရိန်းဆီ စစ်ရေး အထောက်အပံ့တွေ ပေးပို့ဖို့ သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ မူဝါဒတွေအကြောင်း ရှင်းလင်း ပြောဆိုရာမှာ ခရိုင်းမီးယားကတော့ ယူကရိန်းရဲ့ အစိတ်အပိုင်း ဘယ်တော့မှ ပြန်ဖြစ်မလာတော့မှာ အရမ်းသိသာနေတယ်လို့ မှတ်ချက် ပေးမိခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဒီစကားဟာ လက်မခံနိုင်စရာ ဖြစ်နေကြောင်း၊ ခရိုအေးရှား သမ္မတရဲ့ မှတ်ချက်က ယူကရိန်းရဲ့ အချုပ်အခြာအာဏာ စစ်မှန်မှုအပေါ် သံသယနဲ့ မေးခွန်းထုတ်တဲ့ သဘော ဆောင်နေကြောင်း ယူကရိန်းဖက်က တုံ့ပြန်ထားပါတယ်။ တစ်ချိန်တည်းမှာပဲ ရုရှားရဲ့ ကျူးကျော်စစ် စတင်ချိန် ကတည်းက ယူကရိန်းနဲ့အတူ ရပ်တည်ပေးခဲ့တဲ့ အတွက်တော့ ခရိုအေးရှား သမ္မတကိုရော၊ ပြည်သူတွေကိုပါ ကျေးဇူးတင်တယ်လို့ ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိက ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

နိုင်ငံတကာ

ရုရှားက အသုံးပြုလာတဲ့ ဂျက်အင်ဂျင်တပ် ဖောက်ခွဲရေး ဒရုန်းတွေဟာ ယူကရိန်း လေကြောင်းကာကွယ်ရေး စနစ်တွေကို အကျပ်ရိုက်နေစေကြောင်း သိရပါတယ်။