Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရားမဝင် နယ်စပ်ဖြတ်ကျော်မှုကြောင့် မြောက်ကိုရီးယားမှာ အမေရိကန် စစ်သားတစ်ဦး အဖမ်းခံထားရ

အမေရိကန် စစ်သားကို ဖမ်းဆီးခဲ့ပြီး နာရီအနည်းငယ် အကြာမှာ မြောက်ကိုရီးယားဟာ ပင်လယ်ဖက်ဆီ ဒုံးကျည်နှစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အခုဖမ်းဆီးမှုနဲ့ ဒုံးကျည် စမ်းသပ်မှုတွေကြားမှာ တိုက်ရိုက် ဆက်စပ်တဲ့ အခြေအနေတော့ ရှိဟန် မတူပါဘူး။

တရားမဝင် နယ်စပ်ဖြတ်ကျော်မှုကြောင့် မြောက်ကိုရီးယားမှာ အမေရိကန် စစ်သားတစ်ဦး အဖမ်းခံထားရ
တရားမဝင် နယ်စပ်ဖြတ်ကျော်မှုကြောင့် မြောက်ကိုရီးယားမှာ အမေရိကန် စစ်သားတစ်ဦး အဖမ်းခံထားရ

နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ခဲ့တဲ့ အမေရိကန် စစ်သား တစ်ဦးကို မြောက်ကိုရီးယားက ထိန်းသိမ်းထားကြောင်း သတင်းတွေနဲ့ ပတ်သက်လို့ တောင်ကိုရီးယား အခြေစိုက် အမေရိကန် စစ်တပ်က စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

ကိုရီးယား နှစ်နိုင်ငံကြားမှာ ကုသလမဂ္ဂက သတ်မှတ်ပေးထားတဲ့ စစ်မဲ့ဇုန် (DMZ)ရဲ့ နယ်နိမိတ်စည်း တစ်ဖက်ကို ထရာဗစ်ရှ် ကင်းဆိုတဲ့ တပ်သားက ဝင်ရောက်သွားခဲ့တဲ့နောက် ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အချိန်ထိ ကင်းနဲ့ အဆက်အသွယ် မရသေးဘူးလို့ အမေရိကန် စစ်ဘက် ထိပ်တန်း အရာရှိ တစ်ဦးက ပြောပါတယ်။ မြောက်ကိုရီးယားကတော့ အခုကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးဘဲ နှုတ်ဆိတ်နေပါတယ်။

ကင်းဟာ အထက်ရဲ့ ခွင့်ပြုမိန့်နဲ့ မဟုတ်ဘဲ မြောက်ကိုရီးယား ပိုင်နက်ဖက်ကို ကိုယ့်သဘောနဲ့ကိုယ် ဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။ သူဟာ ခဏတာ ဝင်ရောက်ပြီး ပြန်ထွက်လာဖို့ ရည်ရွယ်ခဲ့သလား၊ ဒါမှမဟုတ် မြောက်ကိုရီးယားမှာ ခိုလှုံဖို့ ဆုံးဖြတ်ခဲ့သလား ဆိုတာကိုလည်း ကွဲကွဲပြားပြား မသိရသေးပါဘူး။

အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ်ဒေသ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနက ကင်းပျောက်ဆုံးနေမှုအတွက် မြောက်ကိုရီးယားဆီ ဆက်သွယ်ဆွေးနွေးနိုင်မယ့် အခြေအနေမျိုး လတ်တလော မရှိသေးဘူးလို့ မှတ်ချက် ပေးထားပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် စစ်သားကို ဖမ်းဆီးခဲ့ပြီး နာရီအနည်းငယ် အကြာမှာ မြောက်ကိုရီးယားဟာ ပင်လယ်ဖက်ဆီ ဒုံးကျည်နှစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အခုဖမ်းဆီးမှုနဲ့ ဒုံးကျည် စမ်းသပ်မှုတွေကြားမှာ တိုက်ရိုက် ဆက်စပ်တဲ့ အခြေအနေတော့ ရှိဟန် မတူပါဘူး။

ကင်းဟာ တောင်ကိုရီးယား အခြေစိုက် အမေရိကန်ရဲ့ အမှတ် ၁ သံချပ်ကာတပ်မှာ အလှည့်ကျ တာဝန်ချထားခြင်း ခံရတဲ့ ကင်းထောက် အထူးပြု စစ်သား တစ်ဦးလို့ ဆိုပါတယ်။ သူဟာ တောင်ကိုရီးယားရဲ့ ဆိုးလ်မြို့တော် လေဆိပ် လုံခြုံရေးတွေကို ဖြတ်သန်းသွားခဲ့ကြောင်း လုံခြုံရေး ကင်မရာ မှတ်တမ်းတွေမှာ တွေ့ရပြီး အဲဒီနောက်ပိုင်း နယ်စပ်ကို သွားရောက်ခဲ့တာလို့ ယုံကြည်ရပါတယ်။

DMZနဲ့ ဆက်စပ် လုံခြုံရေး ဧရိယာ (JSA)ကို တာဝန်ယူထားတဲ့ ကုလသမဂ္ဂ အထူးအဖွဲ့က ကင်းပြန်လည်လွတ်မြောက်ရေး ကိစ္စအတွက် မြောက်ကိုရီးယား အာဏာပိုင်တွေနဲ့ ဆက်သွယ် ညှိနှိုင်းဖို့ ကြိုးစားနေကြောင်း ပြောပါတယ်။ လတ်တလောမှာတော့ ကင်းကို ဘယ်နေရာမှာ ထိန်းသိမ်းထားသလဲ ဆိုတာကိုလည်း မသိရသေးပါဘူး။

ကင်းအဖမ်းခံရမှုဟာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်အတွက် နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ခေါင်းစားစရာ ပြဿနာကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။ ကင်းဟာ လောလောဆယ် မြောက်ကိုရီးယားရဲ့ ချုပ်နှောင်မှုအောက်မှာ ရှိနေတဲ့ တစ်ဦးတည်းသော အမေရိကန် နိုင်ငံသားလို့ ယုံကြည်ရပြီး တောင်ကိုရီးယား နိုင်ငံသား ၆ ဦးထက် မနည်းလည်း ဖမ်းဆီး ခံထားရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နီဗားဒါး ပြည်နယ်မှာရှိတဲ့ အမေရိကန် လေတပ်ရဲ့ လျှို့ဝှက်စခန်း Area 51 နားထိ တောမီးတွေ ပျံ့နှံ့ ကူးစက်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...