Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

တရားမဝင် နယ်စပ်ဖြတ်ကျော်မှုကြောင့် မြောက်ကိုရီးယားမှာ အမေရိကန် စစ်သားတစ်ဦး အဖမ်းခံထားရ

အမေရိကန် စစ်သားကို ဖမ်းဆီးခဲ့ပြီး နာရီအနည်းငယ် အကြာမှာ မြောက်ကိုရီးယားဟာ ပင်လယ်ဖက်ဆီ ဒုံးကျည်နှစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အခုဖမ်းဆီးမှုနဲ့ ဒုံးကျည် စမ်းသပ်မှုတွေကြားမှာ တိုက်ရိုက် ဆက်စပ်တဲ့ အခြေအနေတော့ ရှိဟန် မတူပါဘူး။

တရားမဝင် နယ်စပ်ဖြတ်ကျော်မှုကြောင့် မြောက်ကိုရီးယားမှာ အမေရိကန် စစ်သားတစ်ဦး အဖမ်းခံထားရ
တရားမဝင် နယ်စပ်ဖြတ်ကျော်မှုကြောင့် မြောက်ကိုရီးယားမှာ အမေရိကန် စစ်သားတစ်ဦး အဖမ်းခံထားရ

နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ခဲ့တဲ့ အမေရိကန် စစ်သား တစ်ဦးကို မြောက်ကိုရီးယားက ထိန်းသိမ်းထားကြောင်း သတင်းတွေနဲ့ ပတ်သက်လို့ တောင်ကိုရီးယား အခြေစိုက် အမေရိကန် စစ်တပ်က စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

ကိုရီးယား နှစ်နိုင်ငံကြားမှာ ကုသလမဂ္ဂက သတ်မှတ်ပေးထားတဲ့ စစ်မဲ့ဇုန် (DMZ)ရဲ့ နယ်နိမိတ်စည်း တစ်ဖက်ကို ထရာဗစ်ရှ် ကင်းဆိုတဲ့ တပ်သားက ဝင်ရောက်သွားခဲ့တဲ့နောက် ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အချိန်ထိ ကင်းနဲ့ အဆက်အသွယ် မရသေးဘူးလို့ အမေရိကန် စစ်ဘက် ထိပ်တန်း အရာရှိ တစ်ဦးက ပြောပါတယ်။ မြောက်ကိုရီးယားကတော့ အခုကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးဘဲ နှုတ်ဆိတ်နေပါတယ်။

ကင်းဟာ အထက်ရဲ့ ခွင့်ပြုမိန့်နဲ့ မဟုတ်ဘဲ မြောက်ကိုရီးယား ပိုင်နက်ဖက်ကို ကိုယ့်သဘောနဲ့ကိုယ် ဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။ သူဟာ ခဏတာ ဝင်ရောက်ပြီး ပြန်ထွက်လာဖို့ ရည်ရွယ်ခဲ့သလား၊ ဒါမှမဟုတ် မြောက်ကိုရီးယားမှာ ခိုလှုံဖို့ ဆုံးဖြတ်ခဲ့သလား ဆိုတာကိုလည်း ကွဲကွဲပြားပြား မသိရသေးပါဘူး။

အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ်ဒေသ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနက ကင်းပျောက်ဆုံးနေမှုအတွက် မြောက်ကိုရီးယားဆီ ဆက်သွယ်ဆွေးနွေးနိုင်မယ့် အခြေအနေမျိုး လတ်တလော မရှိသေးဘူးလို့ မှတ်ချက် ပေးထားပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် စစ်သားကို ဖမ်းဆီးခဲ့ပြီး နာရီအနည်းငယ် အကြာမှာ မြောက်ကိုရီးယားဟာ ပင်လယ်ဖက်ဆီ ဒုံးကျည်နှစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အခုဖမ်းဆီးမှုနဲ့ ဒုံးကျည် စမ်းသပ်မှုတွေကြားမှာ တိုက်ရိုက် ဆက်စပ်တဲ့ အခြေအနေတော့ ရှိဟန် မတူပါဘူး။

ကင်းဟာ တောင်ကိုရီးယား အခြေစိုက် အမေရိကန်ရဲ့ အမှတ် ၁ သံချပ်ကာတပ်မှာ အလှည့်ကျ တာဝန်ချထားခြင်း ခံရတဲ့ ကင်းထောက် အထူးပြု စစ်သား တစ်ဦးလို့ ဆိုပါတယ်။ သူဟာ တောင်ကိုရီးယားရဲ့ ဆိုးလ်မြို့တော် လေဆိပ် လုံခြုံရေးတွေကို ဖြတ်သန်းသွားခဲ့ကြောင်း လုံခြုံရေး ကင်မရာ မှတ်တမ်းတွေမှာ တွေ့ရပြီး အဲဒီနောက်ပိုင်း နယ်စပ်ကို သွားရောက်ခဲ့တာလို့ ယုံကြည်ရပါတယ်။

DMZနဲ့ ဆက်စပ် လုံခြုံရေး ဧရိယာ (JSA)ကို တာဝန်ယူထားတဲ့ ကုလသမဂ္ဂ အထူးအဖွဲ့က ကင်းပြန်လည်လွတ်မြောက်ရေး ကိစ္စအတွက် မြောက်ကိုရီးယား အာဏာပိုင်တွေနဲ့ ဆက်သွယ် ညှိနှိုင်းဖို့ ကြိုးစားနေကြောင်း ပြောပါတယ်။ လတ်တလောမှာတော့ ကင်းကို ဘယ်နေရာမှာ ထိန်းသိမ်းထားသလဲ ဆိုတာကိုလည်း မသိရသေးပါဘူး။

ကင်းအဖမ်းခံရမှုဟာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်အတွက် နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ခေါင်းစားစရာ ပြဿနာကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။ ကင်းဟာ လောလောဆယ် မြောက်ကိုရီးယားရဲ့ ချုပ်နှောင်မှုအောက်မှာ ရှိနေတဲ့ တစ်ဦးတည်းသော အမေရိကန် နိုင်ငံသားလို့ ယုံကြည်ရပြီး တောင်ကိုရီးယား နိုင်ငံသား ၆ ဦးထက် မနည်းလည်း ဖမ်းဆီး ခံထားရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။