Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရေပိုင်နက်နား ကျရောက်ခဲ့တယ်လို့ ယုံကြည်ရတဲ့ မြောက်ကိုရီးယား ဒုံးကျည်ကို ရုရှား ရှာဖွေနေ

မြောက်ကိုရီးယားဟာ ဇူလိုင် ၁၃ ရက်က တာဝေးပစ်ခတ်နိုင်တဲ့ မဟာဗျူဟာ တိုက်ချင်းပစ် ပဲ့ထိန်းဒုံ တစင်းကို စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း ကြေညာပါတယ်။ အဲဒီ ဒုံးကျည်ဟာ ကမ္ဘာ့လေထု အပြင်ဖက်ကို ပျံသန်းသွားတဲ့နောက် ပင်လယ်ပြင်ထဲ ပြန်လည် ပြုတ်ကျခဲ့ပါတယ်။

ရေပိုင်နက်နား ကျရောက်ခဲ့တယ်လို့ ယုံကြည်ရတဲ့ မြောက်ကိုရီးယား ဒုံးကျည်ကို ရုရှား ရှာဖွေနေ
ရေပိုင်နက်နား ကျရောက်ခဲ့တယ်လို့ ယုံကြည်ရတဲ့ မြောက်ကိုရီးယား ဒုံးကျည်ကို ရုရှား ရှာဖွေနေ

ရုရှား ရေပိုင်နက်နား ကျရောက်ခဲ့တယ်လို့ ယုံကြည်ရတဲ့ မြောက်ကိုရီးယား ဒုံးကျည်တစင်းကို ရုရှားရေတပ်က ဖြန့်ကျက် ရှာဖွေနေပါတယ်။

မြောက်ကိုရီးယားဟာ ဇူလိုင် ၁၃ ရက်က တာဝေးပစ်ခတ်နိုင်တဲ့ မဟာဗျူဟာ တိုက်ချင်းပစ် ပဲ့ထိန်းဒုံ တစင်းကို စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း ကြေညာပါတယ်။ အဲဒီ ဒုံးကျည်ဟာ ကမ္ဘာ့လေထု အပြင်ဖက်ကို ပျံသန်းသွားတဲ့နောက် ပင်လယ်ပြင်ထဲ ပြန်လည် ပြုတ်ကျခဲ့ပါတယ်။

ဒုံးကျည်ပျံသန်းမှု လမ်းကြောင်းကို စောင့်ကြည့်သူတွေက တိုက်ချင်းပစ်ဒုံးဟာ ရုရှား ရေပိုင်နက် အပြင်ဖက်မှာရှိတဲ့ အထူးစီးပွားရေးဇုန် သတ်မှတ် ရေပြင်မှာ ကျရောက်သွားတယ်လို့ ပြောကြားခဲ့တဲ့နောက် ရုရှားက ဒုံးကျည်ရဲ့ ကြွင်းကျန် အပျက်အစီး အစိတ်အပိုင်းကို လိုက်ရှာနေတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားက သူတို့ ပစ်လွှတ်လိုက်တာဟာ နိုင်ငံရဲ့ လက်နက်တိုက်ထဲမှာ ခေတ်အမီဆုံးလို့ ပြောနိုင်ပြီး လောင်စာတောင့် နည်းပညာသစ်ကို အသုံးပြုထားတဲ့ Hwasong-18 အမျိုးအစားလို့ ကြေညာထားပါတယ်။ အဲဒီ ဒုံးကျည်ဟာ နျူကလီးယား ထိပ်ဖူးတွေ တပ်ဆင်နိုင်ပြီး အမေရိကန် ပိုင်နက် နေရာတိုင်းနီးပါးကို ပစ်ခတ်နိုင်စွမ်း ရှိတယ်လို့ ယုံကြည်ရပါတယ်။

Public Service Announcement

Public Service Announcement

ရုရှား ဒုတိယ ကာကွယ်ရေး ဝန်ကြီး အန်ဒရီ ရူဒန်ကိုက ကာကွယ်ရေး ဝန်ကြီးဌာန အနေနဲ့ မြောက်ကိုရီးယား ဒုံးကျည်နဲ့ ပတ်သက်လို့ စုံစမ်းရှာဖွေမှုတချို့ ရှိနေကြောင်း အတည်ပြုခဲ့ပေမယ့် အဲဒီဒုံးကျည်က ရုရှား စီးပွားရေးဇုန် သတ်မှတ် ရေပြင်မှာ ကျသွားခဲ့တာ ဟုတ်မဟုတ် တိတိကျကျ အတည်မပြုနိုင်သေးကြောင်း ပြောပါတယ်။

ဒုံးကျည် စမ်းသပ် လွှတ်တင်မှုနဲ့ ပတ်သက်လို့ မြောက်ကိုရီးယားရဲ့ ခါးသီးပြိုင်ဘက်တွေလို့ ဆိုနိုင်တဲ့ ဂျပန်၊ တောင်ကိုရီးယားနဲ့ အမေရိကန်တို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီ နိုင်ငံတွေ ကိုယ်တိုင်က မြောက်ကိုရီးယားကို အခုလို ဖျက်အားပြင်း စစ်လက်နက်တွေ မဖြစ်မနေ တည်ဆောက်အောင် ရန်စလှုံ့ဆော် တွန်းအားပေးနေတာ ဖြစ်တယ်လို့ ရူဒန်ကိုက စွပ်စွဲ ဝေဖန်သွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

Facebook