Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟိုတယ်ထဲမှာ ခေါင်းဖြတ်ခံထားရတဲ့ အလောင်းနဲ့ ဆက်စပ်ပြီး အမျိုးသမီး တစ်ဦးနဲ့ မိသားစုကို ဂျပန်ရဲတပ်ဖွဲ့ ဖမ်းဆီး

ဟိုတယ်ထဲမှာ ခေါင်းဖြတ်ထားတဲ့ အလောင်း ရှာတွေ့ခဲ့တဲ့နောက် အမျိုးသမီး တစ်ဦးနဲ့ မိဘတွေကို ဖမ်းဆီးထားလိုက်ကြောင်း ဂျပန် ရဲတပ်ဖွဲ့က ပြောပါတယ်။

ဟိုတယ်ထဲမှာ ခေါင်းဖြတ်ခံထားရတဲ့ အလောင်းနဲ့ ဆက်စပ်ပြီး အမျိုးသမီး တစ်ဦးနဲ့ မိသားစုကို ဂျပန်ရဲတပ်ဖွဲ့ ဖမ်းဆီး
ဟိုတယ်ထဲမှာ ခေါင်းဖြတ်ခံထားရတဲ့ အလောင်းနဲ့ ဆက်စပ်ပြီး အမျိုးသမီး တစ်ဦးနဲ့ မိသားစုကို ဂျပန်ရဲတပ်ဖွဲ့ ဖမ်းဆီး

ဂျပန်နိုင်ငံ မြောက်ပိုင်းက ဆပ်ပိုရိုမြို့မှာရှိတဲ့ စုံတွဲတွေ အသွားအလာများတဲ့ ရပ်ကွက်တစ်ခုထဲက ဟိုတယ်မှာ လွန်ခဲ့တဲ့ သုံးပတ်လောက်က ခေါင်းဖြတ်ခံထားရတဲ့ အမျိုးသား အလောင်းတစ်လောင်း ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလူသတ်မှုနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ စုံစမ်းမှုတွေ ပြုလုပ်ခဲ့တဲ့နောက် အသက် ၂၉ နှစ်အရွယ် ရူနာ တာမူရာဆိုတဲ့ အမျိုးသမီးနဲ့ အသက် ၅၉ နှစ်အရွယ် ဖခင်ဖြစ်သူ စိတ်ရောဂါ အထူးကု ဆရာဝန် အိုဆာမာ တာမူရာတို့ကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ သူတို့ နှစ်ဦးဟာ ဇူလိုင် ၁ ရက်၊ ဒါမှမဟုတ် ၂ ရက်နေ့ ညသန်းခေါင်လောက်မှာ အသက် ၆၂ နှစ်အရွယ် ဟီတိုရှီ အူရာကို သတ်ပစ်ပြီး ဦးခေါင်းကို တခြားတစ်နေရာဆီ ယူဆောင်သွားမယ့် ကိစ္စအတွက် ကြိုတင် ညှိနှိုင်း လုပ်ဆောင်ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

သူတို့နှစ်ဦးကို ဖမ်းဆီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်မှာပဲ ညပိုင်းကျတော့ သံသယ တရားခံတွေရဲ့ နေအိမ်ကို ရဲတွေက ဝင်စီးနင်းပြီး ရူနာရဲ့ မိခင်ဖြစ်သူ အသက် ၆၀ အရွယ် အချိန်ပိုင်းဝန်ထမ်း ဟီရိုကို တာမူရာကိုပါ ဖမ်းဆီးခဲ့ပါတယ်။

အဲဒီမိသားစုဝင် ၃ ဦးဟာ ဟိုတယ်မှာ လူသတ်မှု ကျူးလွန်ပြီးတဲ့နောက် သေဆုံးသူရဲ့ ဦးခေါင်းကို နေအိမ်ထိ သိုဝှက် သယ်ဆောင်ယူလာတယ်လို့ ရဲတွေက သံသယ ရှိနေပါတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းကို ရှာတွေ့ချိန် ကတည်းက ဦးခေါင်းကို လုံးဝ ပြန်မတွေ့သေးဘူးလို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

မိသားစုလိုက် ပူးပေါင်းကြံစည်ပြီး အခုလို ရက်စက်လှတဲ့ လူသတ်မှုမျိုး ကျူးလွန်ခဲ့ခြင်းရဲ့ နောက်ခံ အကြောင်းတရားကို ရဲတွေက စုံစမ်းနေဆဲပါ။ အဓိက တရားခံ အမျိုးသမီးနဲ့ သေဆုံးသူကြား ဘယ်လို ဆက်နွှယ်မှု ရှိသလဲ ဆိုတာကိုလည်း ရဲတပ်ဖွဲ့က ထုတ်မပြောသေးပါဘူး။ ဒါပေမဲ့ ရူနာဟာ စိတ်ရောဂါ ဝေဒနာရှင်တစ်ဦး ဖြစ်နိုင်ပြီး အဲဒီ သံသယကို အတည်ပြုဖို့ ဆေးစစ်မှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ရဲတွေက ဆိုပါတယ်။

သတင်းတွေရဲ့ အဆိုအရ သေဆုံးသူ ဟီတိုရှီဟာ ရူနာလို့ ယူဆရသူ တခြားတစ်ဦးနဲ့အတူ ဆူဆူကီနို ဧရိယာထဲက အချိန်ပိုင်း တည်းခိုလို့ရတဲ့ ဟိုတယ်တစ်ခုကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ၃ နာရီ အကြာမှာတော့ သူတို့ထဲက တစ်ဦးပဲ ပြန်သွားခဲ့ပြီး ကြီးမားတဲ့ ခရီးဆောင် သေတ္တာ တစ်လုံးကို သယ်ထုတ်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဇူလိုင် ၂ ရက်မှာတော့ Checkout မလုပ်တဲ့ အခန်းကို ဟိုတယ် ဝန်ထမ်းတွေက စစ်ဆေးကြည့်ရာက အလောင်းကို ရှာတွေ့ခဲ့တာပါ။ အခန်းထဲက တခြားပစ္စည်းတွေ ပျောက်ဆုံးနေတာ မရှိသလို ကုတင်ကလည်း အသုံးပြုထားတဲ့ အရိပ်အယောင် မတွေ့ရဘူးလို့ ရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

နိုင်ငံတကာ

ဂျပန်အစိုးရရဲ့ ဖွဲ့စည်းပုံတွေကို ဝန်ကြီးချုပ် စနအဲ တကအိချိက အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။