Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပင်လယ်နက် ဆိပ်ကမ်းက ရုရှား စစ်သင်္ဘော တစ်စီး ယူကရိန်းရဲ့ ဒရုန်းတွေကြောင့် အထိနာ

နိုဗော်ဆီယက်ခ် ဆိပ်ကမ်းဟာ ရုရှားရဲ့ အဓိက ပို့ကုန် ဆိပ်ကမ်းကြီး တစ်ခုဖြစ်ပြီး ရေတပ်ဖွဲ့ အခြေစိုက် စခန်းတစ်ခုလည်း တည်ရှိနေပါတယ်။ ယူကရိန်းဟာ အရင်ကလည်း ရေပြင်သွား ဒရုန်းတွေကို အသုံးပြုပြီး ရုရှား ရေတပ်စခန်းတွေကို တိုက်ခိုက်ခဲ့ဖူးပါတယ်။

ပင်လယ်နက် ဆိပ်ကမ်းက ရုရှား စစ်သင်္ဘော တစ်စီး ယူကရိန်းရဲ့ ဒရုန်းတွေကြောင့် အထိနာ
ပင်လယ်နက် ဆိပ်ကမ်းက ရုရှား စစ်သင်္ဘော တစ်စီး ယူကရိန်းရဲ့ ဒရုန်းတွေကြောင့် အထိနာ

ရုရှား ရေတပ်စခန်း တခုကို ယူကရိန်းရဲ့ ပြင်သွား ဒရုန်းတွေက တိုက်ခိုက်ခဲ့ပြီး ရုရှား စစ်သင်္ဘော တစ်စီးကို အပြင်းအထန် အထိနာစေခဲ့ကြောင်း သိရပါတယ်။

ရုရှားက ဩဂုတ် ၄ ရက်မှာ ပင်လယ်နက် ဆိပ်ကမ်းတစ်ခုဖြစ်တဲ့ နိုဗော်ဆီယက်ခ်ကို ယူကရိန်း ဒရုန်းတွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခြင်း ခံခဲ့ရတယ်လို့ အတည်ပြုပါတယ်။ ယူကရိန်းက ရုရှားရဲ့ ကမ်းတက် တိုက်ခိုက်ရေးသင်္ဘော Olenogorsky Gornyakဟာ ဒရုန်းတစီးရဲ့ ဖောက်ခွဲမှုကြောင့် ကြီးကြီးမားမား ပျက်စီးသွားတယ်လို့ ကြေညာပေမယ့် ရုရှားကတော့ စစ်သင်္ဘော ထိခိုက်ခဲ့တယ် ဆိုတာကို အတည်မပြုပါဘူး။

ဒါပေမဲ့ နောက်ပိုင်းမှာ အဝေးကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုတချို့ လူမှုကွန်ရက် မီဒီယာတွေပေါ် ရောက်လာပြီး ရုရှား စစ်သင်္ဘောဟာ ဘေးဖက်ကို အတော်လေး စောင်းလျက် အနေအထားမျိုး ဖြစ်နေပြီး ရေပြင်အထက် နည်းနည်းလေးပဲ မြင့်တက်ပြီး ကျန်နေတာကို တွေ့ရပါတယ်။

ယူကရိန်း အထူးစစ်ဆင်ရေး အဖွဲ့တွေက ကြေညာရာမှာ TNT ယမ်းပျော့ ပေါင်ချိန် ၁၀၀၀ နီးပါး တင်ဆောင်ထားတဲ့ ရေပြင်သွား ဒရုန်းတစ်စီးဟာ ရုရှား စစ်သင်္ဘောကို ဝင်တိုက်ခဲ့ပြီး ကိုယ်ထည်မှာ ကြီးမားတဲ့ ပေါက်ပြဲမှုမျိုး ဖြစ်သွားစေခဲ့ကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ရုရှား စစ်သင်္ဘောဟာ ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ပြီး ဘယ်လိုမှ စစ်ဆင်ရေးတာဝန်တွေ ဆက်မထမ်းဆောင်နိုင်တဲ့ အခြေအနေ ဖြစ်သွားတယ်လို့ ယူကရိန်း သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။ ယူကရိန်း စစ်တပ်ဟာ ရေပြင်သွား ဒရုန်းတစ်စီးက ရုရှား စစ်သင်္ဘောဆီ ချဉ်းကပ်နေချိန် ဒရုန်းကနေ လှမ်းရိုက်ထားတဲ့ ဗီဒီယိုတွေကိုလည်း ထုတ်ပြန် ပြသခဲ့ပါတယ်။

နိုဗော်ဆီယက်ခ် ဆိပ်ကမ်းဟာ ရုရှားရဲ့ အဓိက ပို့ကုန် ဆိပ်ကမ်းကြီး တစ်ခုဖြစ်ပြီး ရေတပ်ဖွဲ့ အခြေစိုက် စခန်းတစ်ခုလည်း တည်ရှိနေပါတယ်။ ယူကရိန်းဟာ အရင်ကလည်း ရေပြင်သွား ဒရုန်းတွေကို အသုံးပြုပြီး ရုရှား ရေတပ်စခန်းတွေကို တိုက်ခိုက်ခဲ့ဖူးပါတယ်။

Olenengorsky Gornyakဟာ ယူကရိန်း ကျူးကျော်စစ်ပွဲ မစခင်လေးမှာတင် ပင်လယ်နက်ဆီ မောင်းနှင် ဝင်ရောက်ခဲ့တဲ့ Ropuchaအဆင့် သတ်မှတ်ထားတဲ့ ရုရှား ကမ်းတက် တိုက်ခိုက်ရေး စစ်သင်္ဘော စီးထဲက ၁ စီးဖြစ်ပါတယ်။ အဲဒီ သင်္ဘောဟာ ယူကရိန်းရဲ့ အိုဒက်ဆာမြို့တဝိုက် ကမ်းခြေတွေကို ထိုးနှက် တိုက်ခိုက်ဖို့ ရည်ရွယ်ခဲ့ဟန် ရှိပါတယ်။ ဒါပေမဲ့ ရုရှားရဲ့ ကျူးကျော်စစ်ပွဲ စတင်ပြီး သီတင်းပတ် အနည်းငယ် အကြာမှာတင် ကြည်းတပ်ရဲ့ ထိုးစစ်တွေက အခြေအနေ မဟန်တော့တဲ့နောက် ပင်လယ်နက်ထဲက ရုရှားရေတပ်ရဲ့ စစ်ဆင်ရေးတွေ အရှိန်တက်မလာတော့ဘဲ ကြန့်ကြာနေခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့စစ်သင်္ဘောတွေ ဒီက​နေ့ မနက်မှာ မန္တလေး ​ဂေါဝိန်ဆိပ်ကမ်းကိုဆိုက်ကပ်ပြီးဒဏ်ရာရစစ်သားအများစုကို ပြင်ဦးလွင်စစ်ဆေးရုံကိုပို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

Facebook