Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားရေတပ် ပိတ်ဆို့ထားပေမယ့် ပင်လယ်နက်ကိုဖြတ်ပြီး ယူကရိန်း ကုန်တင်သင်္ဘောတစ်စီး တူရကီကို ရောက်ရှိခဲ့

တူရကီက ဦးဆောင်ပြီး ကြားဝင် ညှိနှိုင်းပေးထားတဲ့ ယူကရိန်း ကောက်ပဲသီးနှံ တင်ပို့ရေး ကိစ္စကို သက်တမ်းတိုး ခွင့်ပြုဖို့ ရုရှားက ငြင်းဆန်ခဲ့တဲ့နောက် မြေထဲပင်လယ်မှာ ယူကရိန်း ဆိပ်ကမ်းတွေဆီ အဝင်အထွက်လုပ်တဲ့ သင်္ဘောတိုင်းကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့သွားမယ်လို့ သတိပေးထားပါတယ်။

ရုရှားရေတပ် ပိတ်ဆို့ထားပေမယ့် ပင်လယ်နက်ကိုဖြတ်ပြီး ယူကရိန်း ကုန်တင်သင်္ဘောတစ်စီး တူရကီကို ရောက်ရှိခဲ့
ရုရှားရေတပ် ပိတ်ဆို့ထားပေမယ့် ပင်လယ်နက်ကိုဖြတ်ပြီး ယူကရိန်း ကုန်တင်သင်္ဘောတစ်စီး တူရကီကို ရောက်ရှိခဲ့

ပင်လယ်နက် ရေပြင်မှာ ရုရှားရေတပ်ရဲ့ အလုံးအရင်း ပိတ်ဆို့မှုတွေ ရှိနေတဲ့တိုင် ယူကရိန်း ကုန်တင် သင်္ဘော တစ်စီးဟာ ယူကရိန်းရဲ့ ကောက်ပဲ သီးနှံတွေကို တင်ဆောင်ပြီး တူရကီ နိုင်ငံဆီ ချောချောမောမော ဆိုက်ရောက်နိုင်ခဲ့ပါတယ်။

တူရကီက ဦးဆောင်ပြီး ကြားဝင် ညှိနှိုင်းပေးထားတဲ့ ယူကရိန်း ကောက်ပဲသီးနှံ တင်ပို့ရေး ကိစ္စကို သက်တမ်းတိုး ခွင့်ပြုဖို့ ရုရှားက ငြင်းဆန်ခဲ့တဲ့နောက် မြေထဲပင်လယ်မှာ ယူကရိန်း ဆိပ်ကမ်းတွေဆီ အဝင်အထွက်လုပ်တဲ့ သင်္ဘောတိုင်းကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့သွားမယ်လို့ သတိပေးထားပါတယ်။

ယူကရိန်း ဆိပ်ကမ်းတွေမှာ အဝင်အထွက် လုပ်သမျှ သင်္ဘောတိုင်းဟာ စစ်လက်နက်တွေ တင်ဆောင်လာတယ်လို့ သတ်မှတ်ပြီး ဟန့်တားမယ်လို့ ရုရှားက ပြောကြားထားသလို မကြာသေးခင်ကလည်း ယူကရိန်း ဆိပ်ကမ်းတစ်ခုဆီ ဦးတည် ခုတ်မောင်းတဲ့ ကုန်တင် သင်္ဘော တစ်စီးကို ရုရှားစစ်သင်္ဘော တစ်စီးက သတိပေး ခြောက်လှန့် ပစ်ခတ်ခဲ့တဲ့အပြင် ရေယာဉ်ပေါ်ထိ ရေတပ်သားတွေက တက်ရောက် စီးနင်း ရှာဖွေခဲ့ပါတယ်။

ဒါပေမဲ့ ဟောင်ကောင်အလံ လွှင့်ထူထားတဲ့ ဂျိုးဆက်ရှုထ် ကုန်တင်သင်္ဘောဟာ ဩဂုတ် ၁၆ ရက်မှာ ယူကရိန်းရဲ့ အိုဒက်ဆာ ဆိပ်ကမ်းကနေ စတင် ထွက်ခွာပြီး တူရကီ ရေပိုင်နက်ထဲ ရောက်တဲ့ထိ ပင်လယ်နက်ကို ဖြတ်သန်း ခုတ်မောင်းခဲ့တာပါ။ အဲဒီ ကုန်တင်သင်္ဘောဟာ ရုရှားရဲ့ ပိတ်ဆို့မှုတွေကို တိုက်ရိုက် စိန်ခေါ်တဲ့ ပထမဆုံး အရပ်သား ရေယာဉ်လည်း ဖြစ်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကုန်တင်သင်္ဘောကို ပူးတွဲ ပိုင်ဆိုင်တဲ့ ဂျာမနီ ကုမ္ပဏီ တစ်ခုကတော့ ကွန်တိန်နာတဲ့ တင်ဆောင်ထားတဲ့ ရေယာဉ်ဟာ အစ္စတန်ဘူလ် ဆိပ်ကမ်းကို ဩဂုတ် ၁၈ ရက်မှာ ရောက်ရှိမယ်လို့ ခန့်မှန်းကြောင်း ပြောပါတယ်။

ရုရှားက ယူကရိန်း ကောက်ပဲသီးနှံ တင်ပို့ရေး သဘောတူညီချက်ကို သက်တမ်းတိုးဖို့ ပယ်ချလိုက်တဲ့နောက်ပိုင်း အကောင်အထည်ဖော် သတ်မှတ်ခဲ့တဲ့ လူသားချင်း စာနာမှု စင်္ကြန်ရေပြင်ကနေ အဲဒီ သင်္ဘော ခုတ်မောင်းခဲ့တာလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။ အဲဒီ စင်္ကြန်ဟာ ယူကရိန်းက ထွက်ရှိတဲ့ ဂျုံ၊ ကောက်ပဲသီးနှံနဲ့ တခြား အစားအသောက်တွေကို ပြည်ပတင်ပို့ဖို့ ရည်ရွယ် သတ်မှတ်ထားတာလို့ ဇီလန်စကီးက ဆိုပါတယ်။

ရုရှားဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ပင်လယ်နက် ကမ်းခြေနဲ့ ဒီနီပရို မြစ်ရိုးတလျှောက် ဆိပ်ကမ်းတွေနားမှာ တည်ဆောက်ထားတဲ့ ရိက္ခာဂိုဒေါင်တွေ အပါအဝင် ယူကရိန်းရဲ့ အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေလည်း အရှိန်မြှင့်တင်လာနေပါတယ်။

ကုလသမဂ္ဂကတော့ ယူကရိန်းဆီက တင်ပို့တဲ့ စားနပ်ရိက္ခာတွေဟာ ဖွံ့ဖြိုးဆဲ နိုင်ငံငယ်တွေမှာ ရိက္ခာဖူလုံရေးအတွက် အရမ်းအရေးကြီးတဲ့ အရင်းအမြစ် တစ်ခုဖြစ်နေကြောင်း ပြောပါတယ်။ စစ်ဖြစ်နေကြတဲ့ ယူကရိန်းရော၊ ရုရှားပါ ကမ္ဘာပေါ်မှာ ကောက်ပဲသီးနှံနဲ့ စားသုံးဆီ တင်ပို့မှု အဓိက အများဆုံး နိုင်ငံတွေအဖြစ် သတ်မှတ်ခံထားရပြီး အထူးသဖြင့် ယူကရိန်းရဲ့ ရိက္ခာရင်းမြစ်ကို အာဖရိက နိုင်ငံတော်တော်များများက ကြီးကြီးမားမား မှီခိုနေရကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါးစပ်ကို လက်နဲ့ကွယ်ပြီး စကားပြောဆိုမိလို့ အနီကတ်ပြ ထုတ်ပယ်ခံရတဲ့ ပထမဆုံး ဘောလုံးသမားအဖြစ် ပါရာဂွေး အသင်းရဲ့ မီဂွယ် အယ်လ်မီရွန်က မှတ်တမ်းဝင်သွားခဲ့ပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။