Connect with us

Hi, what are you looking for?

ဗီဒီယို

လေ့ကျင့်ပေးထားတဲ့ လင်းပိုင်တွေကို ရုရှားရေတပ် အသုံးချနေတယ်လို့ ယုံကြည်ရ

ဂြိုဟ်တုက ရိုက်ကူးထားတဲ့ ဓာတ်ပုံ အထောက်အထား တချို့ကို ဆန်းစစ်ပြီးတဲ့နောက် ခရိုင်းမီးယား ကျွန်းဆွယ်နားက မဟာဗျူဟာအရ အရေးပါတဲ့ ရေတပ်စခန်း တစ်ခုမှာ ရုရှားရေတပ်ရဲ့ လင်းပိုင်တွေ လှုပ်ရှားနေနိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်ခဲ့ပါတယ်။

ရုရှားရေတပ်ဟာ လေ့ကျင့်ပေးထားတဲ့ လင်းပိုင်တွေကို စစ်ရေးကဏ္ဍမှာ အသုံးပြုနေနိုင်ကြောင်း အမေရိကန် ရေတပ် ထောက်လှမ်းရေးတွေက သုံးသပ်ခဲ့ပါတယ်။

ဂြိုဟ်တုက ရိုက်ကူးထားတဲ့ ဓာတ်ပုံ အထောက်အထား တချို့ကို ဆန်းစစ်ပြီးတဲ့နောက် ခရိုင်းမီးယား ကျွန်းဆွယ်နားက မဟာဗျူဟာအရ အရေးပါတဲ့ ရေတပ်စခန်း တစ်ခုမှာ ရုရှားရေတပ်ရဲ့ လင်းပိုင်တွေ လှုပ်ရှားနေနိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်ခဲ့ပါတယ်။

ရုရှားဟာ ၂၀၁၄ ခုနှစ်တုန်းက ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်ကို စစ်အင်အားသုံး သိမ်းပိုက်ထားခဲ့ပါတယ်။ အဲဒီ ဧရိယာဟာ ပင်လယ်နက် ရေလမ်းကြောင်းနဲ့ ချိတ်ဆက်ဖို့ အရမ်းအရေးကြီးပြီး ဒီစစ်စခန်းကို ယူကရိန်းက တိုက်ခိုက်လာမှာကို ရုရှားရေတပ်က စိုးရိမ်နေပါတယ်။

အမေရိကန်ရဲ့ ရေငုပ်သင်္ဘော စောင့်ကြည့် လေ့လာရေး ပညာရှင် အိတ်ချ်အိုင် ဆက်တန်က ဆဗက်စ်တိုပေါလ် ဆိပ်ကမ်းနဲ့ ဆက်စပ်နေတဲ့ ရေတပ်စခန်းနားမှာ ဖေဖော်ဝါရီလကစလို့ လင်းပိုင်တွေ ထိန်းသိမ်းထားရှိတဲ့ လှောင်ချိုင့်နှစ်ခုကို တွေ့နေရကြောင်း ပြောပါတယ်။ အဲဒီလမှာပဲ ရုရှားဟာ ယူကရိန်းကို စတင်ကျူးကျော် တိုက်ခိုက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားရေတပ်ဟာ ရေနေ နို့တိုက်သတ္တဝါတွေဖြစ်တဲ့ လင်းပိုင်တွေကို သေချာ လေ့ကျင့်ပေးထားပြီး ရန်သူ ရေငုပ်သမားတွေ လျှို့ဝှက် ဝင်ရောက်လာမှုကို တားဆီးဖို့ ရည်ရွယ်ထားတာ ဖြစ်နိုင်တယ်လို့ ဆက်တန်က သုံးသပ်ပါတယ်။ လင်းပိုင်တွေဟာ ဉာဏ်ရည် မြင့်မားပြီး သင်ယူနိုင်စွမ်း ကောင်းမွန်တာကြောင့် ရုရှားရေတပ်က သုတေသနပြု လေ့ကျင့်ပေးနေတာ အတော်လေး ကြာခဲ့ပါပြီ။

Moscow Times သတင်းစာရဲ့ ဖော်ပြမှုအရ လင်းပိုင်တွေကို ရုရှားက လေ့ကျင့်ပေးနေတာဟာ ဆိုဗီယက် ပြည်ထောင်စုကာလ၊ ၁၉၆၀ ပြည့်လွန် နှောင်းပိုင်း နှစ်တွေကတည်းကလို့ သိရပါတယ်။ မူလက ရုရှားဟာ ရေအောက် ပစ်မှတ်တွေကို ချေမှုန်းဖို့အတွက် လင်းပိုင်တွေကို စစ်လက်နက် တပ်ဆင်ပေးဖို့ ကြိုးစားခဲ့ပေမယ့် ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲသွားချိန်မှာ ဒီစီမံကိန်းလည်း အတော်လေး မျက်ကွယ်ပြု ခံခဲ့ရပါတယ်။ ဒါပေမဲ့ ၂၀၁၀ ပြည့်လွန်နှစ် နောက်ပိုင်းတွေမှာ တကျော့ပြန် အသက်ဝင်လာတယ်လို့ ယူဆရပါတယ်။

၂၀၁၆ ခုနှစ်မှာတော့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနဟာ တစ်ကောင်ကို ဒေါ်လာ ၅၂၀၀ တန်ဖိုးသတ်မှတ်ပြီး လင်းပိုင် ၅ ကောင်ကို ဝယ်ယူခဲ့ပါတယ်။ ဒါပေမဲ့ ဒီလင်းပိုင်တွေကို ဘယ်လို အသုံးပြုမလဲ ဆိုတာကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။ နောက်ပိုင်းမှာ ရုရှားရေတပ်ဟာ ဘီလူဂါ ဝေလငါးတွေ၊ ဖျံတွေကိုပါ အာတိတ် သမုဒ္ဒရာ ရေပြင်မှာ လေ့ကျင့်ပေးနေကြောင်း သတင်းတွေ ပေါက်ကြားလာပါတယ်။ ၂၀၁၉ တုန်းက မသင်္ကာစရာ ဘီလူဂါ တစ်ကောင်ကို နော်ဝေး ရေပိုင်နက်နားမှာ တွေ့ရှိခဲ့ပေမယ့် ရုရှားကတော့ သူတို့ရဲ့ သူလျှို လုပ်ငန်းနဲ့ ဆက်စပ်နေကြောင်း စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။

အခုတော့ ယူကရိန်း စစ်ပွဲရဲ့ အစိတ်အပိုင်း တစ်ရပ် အနေနဲ့ပါ လင်းပိုင်တွေက ဆက်နွှယ် ပါဝင်လာပြီလို့ ယုံကြည်ရပါတယ်။ ရုရှားရဲ့ ပင်လယ်နက် ရေတပ်ဖွဲ့ဟာ ယူကရိန်း ဒုံးကျည်တွေ ထိမှန်လို့ အထင်ကရ စစ်သင်္ဘောကြီး တစ်စီးကို ဆုံးရှုံးလိုက်ရချိန် ကတည်းက ရေတပ်စခန်းတွေရဲ့ လုံခြုံရေးကို ပိုမို သတိထား တင်းကျပ်လာခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။