Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖိလစ်ပိုင်ရဲ့ သမိုင်းဝင် ရှေးဟောင်း စာတိုက်ကြီး မီးလောင်ပျက်စီး

မနီလာမြို့တော် အုပ်ချုပ်ရေး ဌာနက မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့တို့နဲ့ ပူးပေါင်းပြီး မီးလောင်မှု အကြောင်းရင်းကို စုံစမ်း ဖော်ထုတ်သွားမယ်လို့ ပြောပါတယ်။ မီးလောင်မှုဟာ ဝါယာရှော့ကြောင့် ဖြစ်နိုင်သလို ရှို့မီး ဖြစ်နိုင်တယ်ဆိုတဲ့ အယူအဆကိုလည်း ရဲတွေက ငြင်းပယ် မထားပါဘူး။

ဖိလစ်ပိုင်ရဲ့ သမိုင်းဝင် ရှေးဟောင်း စာတိုက်ကြီး မီးလောင်ပျက်စီး
ဖိလစ်ပိုင်ရဲ့ သမိုင်းဝင် ရှေးဟောင်း စာတိုက်ကြီး မီးလောင်ပျက်စီး

မီးအပြင်းအထန် လောင်ကျွမ်းမှုကြောင့် ဖိလစ်ပိုင်ရဲ့ သမိုင်းဝင် အထင်ကရ ရှေးဟောင်း အဆောက်အအုံ တစ်ခုဖြစ်တဲ့ မနီလာ ဗဟို စာတိုက်ကြီးမှာ အကြီးအကျယ် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

မေလ ၂၁ ရက် ညသန်းခေါင် မတိုင်ခင်မှာ စတင်လောင်ကျွမ်းတဲ့ မီးဟာ နောက်နေ့ မနက်ထိ မငြိမ်းခဲ့သလို မီးသတ်တပ်ဖွဲ့ရဲ့ အမြင့်ဆုံးအဆင့် Level 5 သတ်မှတ်ခြင်းကို ခံခဲ့ရပါတယ်။ မီးစတင် လောင်ကျွမ်းပြီး ၇ နာရီလောက် အကြာမှ အဆောက်အအုံအနှံ့ ကူးစက်နေတဲ့ မီးတောက်တွေကို ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မနီလာမြို့တော် မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ကိုလိုနီခေတ်လက်ရာ တိုင်လုံးကြီးတွေ၊ ပန်းတမော့လက်ရာတွေနဲ့ အလှဆင်ထားတဲ့ အဆောက်အအုံကြီးထဲက မည်းနက်တဲ့ မီးခိုးလုံးတွေ အူထွက်နေတာကို အဝေးကနေတောင် တွေ့မြင်နိုင်ပါတယ်။ မနီလာ မြို့သားတွေကတော့ သူတို့ ဂုဏ်ယူရတဲ့ ရှေးအဆောက်အအုံကြီး အခုလို ဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့တာကြောင့် အသည်းကွဲနေကြပါတယ်။

အနားမှာ စာအုပ်ဆိုင် ဖွင့်လှစ်ထားသူ တဦးက ဒီအဆောက်အအုံကြီးဟာ နိုင်ငံရဲ့ သမိုင်းကြောင်းမှာ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုလို့ မှတ်ချက် ပေးခဲ့ပါတယ်။ စာတိုက်ကြီးထဲမှာ စာအုပ်တွေ၊ စာတွေနဲ့ တခြား မီးလောင်လွယ်တဲ့ ပစ္စည်းတွေ အများအပြား သိုမှီးထားလို့လည်း မီးစာ ပိုအားကောင်းသလို ဖြစ်သွားခဲ့တာပါ။

Public Service Announcement

Public Service Announcement

မနီလာမြို့တော် အုပ်ချုပ်ရေး ဌာနက မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့တို့နဲ့ ပူးပေါင်းပြီး မီးလောင်မှု အကြောင်းရင်းကို စုံစမ်း ဖော်ထုတ်သွားမယ်လို့ ပြောပါတယ်။ မီးလောင်မှုဟာ ဝါယာရှော့ကြောင့် ဖြစ်နိုင်သလို ရှို့မီး ဖြစ်နိုင်တယ်ဆိုတဲ့ အယူအဆကိုလည်း ရဲတွေက ငြင်းပယ် မထားပါဘူး။

ဖိလစ်ပိုင် ဗိသုကာ ဟွမ် အရီလာနိုနဲ့ တိုမက်စ် မာပူအာတို့ ဒီဇိုင်းထုတ်ခဲ့တဲ့ အဆောက်အအုံကြီးကို ၁၉၂၆ ခုနှစ်မှာ စတင် တည်ဆောက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယ ကမ္ဘာစစ် အတွင်းမှာ ဗုံးဒဏ်ကို ဆိုးဆိုးရွားရွား ခံခဲ့ရတဲ့နောက် လက်ရှိ အဆောက်အအုံသစ်ကို အရင်လက်ရာအတိုင်း ရာနှုန်းပြည့်နီးပါး ပြန်လည် မှီငြမ်းပြီး ၁၉၄၆ ခုနှစ်မှာ ပြင်ဆင် တည်ဆောက်ခဲ့တာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင်ရဲ့ ဌာနဆိုင်ရာ ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် က ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းက စာသင်ကျောင်း တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၂ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်မှာ အကျဉ်းချ ခံနေရတဲ့ လူသတ်သမား၊ မူးယစ်ရာဇာ တစ်ဦးဟာ ဒရုန်းမှာ တွဲလောင်းခိုစီးပြီး ထောင်ဖောက် ထွက်ပြေးဖို့ ကြံစည်ထားပေမယ့် အစမ်းလေ့ကျင့်မှု ဗီဒီယို ပေါက်ကြားသွားလို့ အစီအစဉ် ပျက်ပြယ်သွားခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ အပြင်းအထန် မီးလောင်ခဲ့တဲ့ ကူးတို့ရေယာဉ်ပေါ်ကို နာရီပေါင်း ၄၀ လောက် ကြာပြီးမှသာ ကယ်ဆယ်ရေး အဖွဲ့တွေ တက်ရောက်နိုင်ခဲ့ပါတယ်။

Facebook