Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

လာမယ့် သီတင်းပတ် ဂါဇာမှာ အပစ်အခတ် ရပ်စဲနိုင်ဖို့ ဘိုင်ဒန် မျှော်လင့်

အဲဒီ ညှိနှိုင်းမှုတွေဟာ တိုက်ပွဲတွေ ရပ်ဆိုင်းသွားရေးနဲ့ ဟားမားစ်တွေ ဖမ်းဆီးထားတဲ့ အစ္စရေး ဓားစာခံတွေ လွတ်မြောက်ရေးဆိုတဲ့ အချက်တွေကို အဓိက ဗဟိုပြုနေပါတယ်။

လာမယ့် သီတင်းပတ် ဂါဇာမှာ အပစ်အခတ် ရပ်စဲနိုင်ဖို့ ဘိုင်ဒန် မျှော်လင့်
လာမယ့် သီတင်းပတ် ဂါဇာမှာ အပစ်အခတ် ရပ်စဲနိုင်ဖို့ ဘိုင်ဒန် မျှော်လင့်

လာမယ့် သီတင်းပတ် အစောပိုင်းလောက်ကျရင် ဂါဇာ ကမ်းမြှောင်ဒေသမှာ အပစ်အခတ် ရပ်စဲမှု သဘောတူညီမှု ရရှိနိုင်ဖို့ မျှော်လင့်ထားကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။

အစ္စရေးရဲ့ ဆက်တိုက် အရှိန်မြှင့်နေတဲ့ ထိုးစစ်ကြောင့် ပါလက်စတိုင်း နယ်မြေဖြစ်တဲ့ ဂါဇာမှာ လူသားရေးရာ အကျပ်အတည်းတွေ ဆိုးဆိုးရွားရွား ကြုံတွေ့နေချိန်မှာ အီဂျစ်၊ ကာတာ၊ အမေရိကန်နဲ့ ပြင်သစ်တို့ ဦးဆောင်ပြီး အစ္စရေး အစိုးရနဲ့ ဟားမားစ် ပြောက်ကျားတွေကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုတစ်ခု တည်ဆောက်နိုင်ဖို့ အစွမ်းကုန် ကြားဝင် ညှိနှိုင်းနေပါတယ်။

အဲဒီ ညှိနှိုင်းမှုတွေဟာ တိုက်ပွဲတွေ ရပ်ဆိုင်းသွားရေးနဲ့ ဟားမားစ်တွေ ဖမ်းဆီးထားတဲ့ အစ္စရေး ဓားစာခံတွေ လွတ်မြောက်ရေးဆိုတဲ့ အချက်တွေကို အဓိက ဗဟိုပြုနေပါတယ်။

ဘိုင်ဒန်က ဆွေးနွေးမှုတွေ တိုးတက်လာနေပြီး မတ်လဆန်းလောက်မှာ အပစ်ရပ် သဘောတူညီမှုတစ်ခု ထွက်ပေါ်လာနိုင်ဖို့ အကောင်းမြင် မျှော်လင့်ကြောင်း ပြောပါတယ်။ သူ့ရဲ့ အမျိုးသား လုံခြုံရေး အကြံပေးက ညှိနှိုင်းမှုတွေရဲ့ ရည်မှန်းချက်နဲ့ တဖြည်းဖြည်း နီးကပ်လာနေပြီလို့ အစီရင် ခံထားပေမယ့် ပြီးမြောက် အောင်မြင်တဲ့ အဆင့်တော့ မရောက်သေးဘူးလို့ ဘိုင်ဒန်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သူက လာမယ့် တနင်္လာနေ့ (မတ်လ ၄ ရက်နေ့)လောက်မှာတော့ ဂါဇာမှာ အပစ်ရပ် သဘောတူညီမှုတစ်ခု အသက်ဝင်လာနိုင်မယ်လို့ မျှော်လင့်ထားကြောင်းလည်း ပြောကြားသွားပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းတုန်းက ပထမအကြိမ် အပစ်ရပ်ခဲ့တုန်းကလိုပဲ အခုတစ်ကြိမ်မှာလည်း နှစ်ဖက် သုံ့ပန်းတွေနဲ့ ဓားစာခံတွေ လဲလှယ်တာမျိုး ရှိလာနိုင်မယ်လို့ ယုံကြည်ရပါတယ်။

ဟားမားစ်တွေက အပစ်ရပ်ရေးကိစ္စ ညှိနှိုင်းမှုနဲ့ ပတ်သက်လို့ သူတို့တောင်းဆိုထားတာ တချို့ကို ပြန်လည် ပြင်ဆင်ပေးခဲ့ကြောင်း အတည်ပြုခဲ့ပေမယ့် အစ္စရေးဟာ ဂါဇာက ပြန်လည် ဆုတ်ခွာပေးဖို့ လိုအပ်ပြီး ညှိနှိုင်းမှုတွေမှာ အထက်စည်းက စကားပြောစရာ ဘာအကြောင်းမှ မရှိဘူးလို့ မှတ်ချက် ပေးထားပါတယ်။

ဒါပေမဲ့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကတော့ တပ်တွေ ရုပ်သိမ်းမယ့် ကိစ္စကို ပယ်ချထားပြီး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရခဲ့ရင်တောင်မှ အဲဒါဟာ ဂါဇာတောင်ပိုင်းက ရာဖာဟ်မြို့ကို အလုံးအရင်း ထိုးစစ်ဆင်မယ့် ကိစ္စ ယာယီ ဆိုင်းငံ့ပေးတဲ့ သဘောသာ ဖြစ်လိမ့်မယ်လို့ တင်းတင်းမာမာ တုံ့ပြန်ထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ICJဟာ နိုင်ငံတကာရေးရာ အငြင်းပွားမှုတွေမှာ ကြားဝင်ပြီး အဆုံးအဖြတ် ပေးနိုင်ပေမယ့်လည်း အဲဒီ စီရင်ချက်ကို အကောင်အထည် ဖော်ဖို့အတွက်တော့ အာဏာမရှိပါဘူး။

သတင်း

အမေရိကန်လွှတ်တော်နှစ်ရပ်က ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်လျာထားချက်ဥပဒေကြမ်းကို မတ်လ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ယင်းနေ့တွင်ပင် ဥပဒေကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။

နိုင်ငံတကာ

အမေရိကန် ရွေးကောက်ပွဲကို နိုဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး လက်ရှိ အခြေအနေအရ မျက်နှာသစ် သမ္မတတစ်ဦး ထွက်ပေါ်လာမှာ မဟုတ်ကြောင်း သေချာသွားစေခဲ့ပါတယ်။

နိုင်ငံတကာ

ကနဦး စုံစမ်းမှုတွေအရ အမေရိကန် တပ်ဖွဲ့ဝင်တွေဟာ အဲဒီ ဖောက်ခွဲရေး ဒရုန်းကို ကိုယ့်တပ်ဖက်က ဒရုန်းလို့ အထင်မှားပြီး ပေါ့ပေါ့ဆဆ သဘောထားမိခဲ့တာ ဖြစ်နိုင်တယ်လို့ သိရှိရပါတယ်။