Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား-မြောက်ကိုရီးယား ကာကွယ်ရေးစာချုပ် ချုပ်ဆိုအပြီး ရက်ပိုင်းအကြာ တောင်ကိုရီးယားကို အမေရိကန် လေယာဉ်တင် သင်္ဘော ရောက်ရှိလာ

လွန်ခဲ့တဲ့ ၇ လတုန်းကလည်း USS Carl Vinson ဦးဆောင်တဲ့ နောက်ထပ် အမေရိကန် CSG တစ်ခုဟာ မြောက်ကိုရီးယားကို ခြိမ်းခြောက် အင်အားပြဖို့အတွက် တောင်ကိုရီးယားမှာ ကမ်းကပ်ခဲ့ဖူးပါတယ်။

ရုရှား-မြောက်ကိုရီးယား ကာကွယ်ရေးစာချုပ် ချုပ်ဆိုအပြီး ရက်ပိုင်းအကြာ တောင်ကိုရီးယားကို အမေရိကန် လေယာဉ်တင် သင်္ဘော ရောက်ရှိလာ
ရုရှား-မြောက်ကိုရီးယား ကာကွယ်ရေးစာချုပ် ချုပ်ဆိုအပြီး ရက်ပိုင်းအကြာ တောင်ကိုရီးယားကို အမေရိကန် လေယာဉ်တင် သင်္ဘော ရောက်ရှိလာ

ရုရှားနဲ့ မြောက်ကိုရီးယားတို့ကြား ကာကွယ်ရေး စာချုပ်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပြီး ရက်ပိုင်းအကြာမှာ အမေရိကန် လေယာဉ်တင် သင်္ဘောတစ်စီး ဦးဆောင်တဲ့ တိုက်ခိုက်ရေး ရေယာဉ်အုပ်စုဟာ တောင်ကိုရီးယားကို ဆိုက်ရောက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က USS Theodore Roosevelt ဦးဆောင်တဲ့ မဟာဗျူဟာ တိုက်ခိုက်ရေး ရေယာဉ်အုပ် (CSG)ဟာ ဘူဆန် ရေတပ်စခန်းကို ဆိုက်ရောက်လာပြီး တောင်ကိုရီးယားနဲ့အတူ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်သွားမယ်လို့ တောင်ကိုရီးယား ရေတပ်က ကြေညာခဲ့ပါတယ်။

အဲဒီ CSGရဲ့ ခရီးစဉ်ဟာ မြောက်ကိုရီးယားဆီက တရိပ်ရိပ် မြင့်တက်လာတဲ့ ရန်လို ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့ ရည်ရွယ်ချက်နဲ့ အကောင်အထည် ဖော်ခဲ့တာ ဖြစ်တယ်လို့လည်း တောင်ကိုရီးယား ရေတပ်က ပြောပါတယ်။

အမေရိကန် CSG ရောက်မလာခင်ကတင် တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ ရုရှား-မြောက်ကိုရီးယား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီမှု စာချုပ်ကို အဲဒီနှစ်နိုင်ငံ ခေါင်းဆောင်တွေ လက်မှတ်ရေးထိုးခဲ့တဲ့အပေါ် ရုရှား သံအမတ်ကြီးကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ မြောက်ကိုရီးယားကို အလည်အပတ် ခရီးစဉ် သွားရောက်ရင်း နှစ်နိုင်ငံ ကာကွယ်ရေး စာချုပ်ကို အိမ်ရှင်နိုင်ငံ ခေါင်းဆောင် ကင်ဂျုံအွန်နဲ့အတူ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ အဲဒီ စာချုပ်အရ ကျူးကျော်ခံရလို့ စစ်ပွဲ ဖြစ်ပွားလာခဲ့တဲ့ အခြေအနေ တစ်ခုခုမှာ ရုရှားနဲ့ မြောက်ကိုရီးတို့ဟာ အပြန်အလှန် အစွမ်းကုန် အကူအညီ ပေးရမယ်လို့ ကတိထားရှိခဲ့ပါတယ်။

တောင်ကိုရီးယား ရေတပ်ကတော့ အမေရိကန် CSG ရောက်ရှိလာမှုဟာ တောင်ကိုရီးယား-အမေရိကန် ကာကွယ်ရေး မဟာမိတ် သဘောတူညီချက်တွေ အရမ်းခိုင်မာ အားကောင်းတာကို မြင်သာစေဖို့နဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို တန်ပြန်နိုင်ရေး အသင့်အနေအထား ရှိစေမယ့် စစ်ရေးလေ့ကျင့် ပြင်ဆင်မှုတွေကို လုပ်ဆောင်ဖို့ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၇ လတုန်းကလည်း USS Carl Vinson ဦးဆောင်တဲ့ နောက်ထပ် အမေရိကန် CSG တစ်ခုဟာ မြောက်ကိုရီးယားကို ခြိမ်းခြောက် အင်အားပြဖို့အတွက် တောင်ကိုရီးယားမှာ ကမ်းကပ်ခဲ့ဖူးပါတယ်။

ရေတပ်အမှုထမ်း ပျမ်းမျှ ၇၅၀၀ လောက် ပါဝင်လေ့ရှိတဲ့ CSGတွေဟာ အမေရိကန်ရဲ့ စစ်ဆင်ရေး စွမ်းအင်ကို အထိရောက်ဆုံး ထင်ဟပ် ပြသနိုင်တဲ့ အစုအဖွဲ့တွေဖြစ်ပြီး CSG တစ်ခုဟာ တော်ရုံ နိုင်ငံ တစ်ခုလုံးစာရဲ့ လေတပ်အင်အားထက် သာလွန်အောင် စွမ်းဆောင်နိုင်ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေကြီးရာကနေ မြောက်ကိုရီးယားဖက်ကနေ မျောပါလာတယ်လို့ ယုံကြည်ရတဲ့ မြေမြှုပ်မိုင်းတွေကို တောင်ကိုရီးယားက လိုက်လံ သိမ်းဆည်း ဖယ်ရှားနေရပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ရှစ်လေးလုံးအရေးတော်ပုံ (၃၈) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဒီကနေ့(သြဂုတ် ၇)မှာ တောင်ကိုရီးယား-အာဆီယံစင်တာနဲ့ အာဆီယံသံရုံးအပါအဝင် နေရာ ၁၂ ခုမှာ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။