Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒုက္ခသည် စခန်းထဲက ကျောင်းကို လေကြောင်းတိုက်ခိုက်မှု ပွင့်လင်းမြင်သာမှုရှိရှိ ဖြေရှင်းဖို့ အစ္စရေးကို အမေရိကန် တိုက်တွန်း

အစ္စရေးဟာ ဂါဇာစစ်ပွဲတလျှောက် အရပ်သားထူထပ်ရာ ဧရိယာတွေမှာ အရင်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် အမေရိကန်က အခုလိုမျိုး ကြားဝင်ပြီး အကြံပြု တိုက်တွန်းတာမျိုး ဖြစ်လေ့မရှိပါဘူး။

ဒုက္ခသည် စခန်းထဲက ကျောင်းကို လေကြောင်းတိုက်ခိုက်မှု ပွင့်လင်းမြင်သာမှုရှိရှိ ဖြေရှင်းဖို့ အစ္စရေးကို အမေရိကန် တိုက်တွန်း
ဒုက္ခသည် စခန်းထဲက ကျောင်းကို လေကြောင်းတိုက်ခိုက်မှု ပွင့်လင်းမြင်သာမှုရှိရှိ ဖြေရှင်းဖို့ အစ္စရေးကို အမေရိကန် တိုက်တွန်း

ဂါဇာ ကမ်းမြှောင်ဒေသမှာ ဒုက္ခသည်တွေ ခိုလှုံနေရာ စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရိုးရိုးဖြောင့်ဖြောင့် ဖြေရှင်းဖို့ အစ္စရေးကို အမေရိကန်က တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ ပါလက်စတိုင်းဆိုင်ရာ အေဂျင်စီ (UNRWA)က နျူဆိုင်ရတ် ဒုက္ခသည် စခန်းမှာ ဖွင့်လှစ်ပေးထားတဲ့ စာသင်ကျောင်းကို အခုသီတင်းပတ်ထဲမှာ အစ္စရေး လေတပ်က ဒုံးကျည်နှစ်စင်းနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ကျောင်းထဲမှာ စစ်ရှောင် အရပ်သား ရာနဲ့ချီ ခိုလှုံနေခဲ့ပြီး တိုက်ခိုက်မှုအတွင်း ၃၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့ လက်အောက်ခံ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ကျောင်းအဆောက်အအုံရဲ့ အပေါ်ထပ်ဟာလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့တယ်လို့ ပါလက်စတိုင်းတွေက ပြောပါတယ်။

အစ္စရေးကတော့ အဲဒီကျောင်းထဲမှာ ဟားမားစ် ပြောက်ကျားတွေ ခိုအောင်းနေတယ် ဆိုတာကို စစ်ထောက်လှမ်းရေး သတင်းအချက်အလက် တိတိကျကျ ရရှိလို့ ဘေးထွက် ထိခိုက်မှု အနည်းဆုံး နည်းလမ်းတွေကို အသုံးပြုပြီး ချေမှုန်းခဲ့တာလို့ တုံ့ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေးရဲ့ အဓိက စစ်မဟာမိတ်ဖြစ်တဲ့ အမေရိကန်ကတော့ ဇွန်လ ၆ ရက်နေ့ မနက်အစောပိုင်းက ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အစ္စရေးဟာ ပွင့်လင်းမြင်သာမှု ပြည့်ပြည့်ဝဝနဲ့ ဖြေရှင်းပေးသင့်တယ်လို့ တိုက်တွန်း မှတ်ချက် ပေးခဲ့ပါတယ်။

တကယ်သာ ဟားမားစ် စစ်ရေးပစ်မှတ်တွေကို ဦးတည်ခဲ့တာဆိုရင် အဲဒီ လေကြောင်း တိုက်ခိုက်မှုမှာ သုတ်သင်နိုင်ခဲ့တယ်ဆိုတဲ့ ဟားမားစ် ပြောက်ကျား အဖွဲ့ဝင်တွေရဲ့ နာမည်စာရင်းကို အစ္စရေးက ထုတ်ပြသင့်တယ်လို့ အမေရိကန်က ဆိုပါတယ်။

အစ္စရေးဟာ ဂါဇာစစ်ပွဲတလျှောက် အရပ်သားထူထပ်ရာ ဧရိယာတွေမှာ အရင်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် အမေရိကန်က အခုလိုမျိုး ကြားဝင်ပြီး အကြံပြု တိုက်တွန်းတာမျိုး ဖြစ်လေ့မရှိပါဘူး။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ မက်သရူး မစ်လာက အဲဒီနေရာမှာ ဟားမားစ် စစ်သွေးကြွ ၂၀ ကနေ ၃၀ လောက်ထိ စုဝေးနေပြီး အားလုံးကို ထိထိရောက်ရောက် ချေမှုန်းပစ်နိုင်ခဲ့တယ်လို့ အစ္စရေးဖက်က အစီရင်ခံထားကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိ အချိန်ထိတော့ အစ္စရေးဟာ သေဆုံးခဲ့တဲ့ ဟားမားစ် ပြောက်ကျား အဖွဲ့ဝင် ၉ ဦးရဲ့ နာမည်ကိုသာ ဖော်ပြထားပါသေးတယ်။

မစ်လာက အစ္စရေး လေကြောင်းတိုက်ခိုက်မှုမှာ ကလေး ၁၄ ဦး သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့လည်း သတိထားမိတယ်လို့ ဆိုပါတယ်။ ကလေးတွေ သေခဲ့တယ်ဆိုတဲ့ သတင်းသာ မှန်မယ်ဆိုရင် အဲဒီကလေးတွေဟာ အကြမ်းဖက် သမားတွေဆိုတာ ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ကြောင်း သူက ပြောကြားသွားပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။

နိုင်ငံတကာ

အမေရိကန် နိုင်ငံမှာ လေတပ်ရဲ့ B-52 ဗုံးကြဲလေယာဉ်ကြီးတစ်စီး ပျက်ကျခဲ့ပြီး လူ ၈ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခကို အဆုံးသတ်ဖို့ အီရန်နဲ့ အမေရိကန်ကြား သဘောတူညီမှု ရရှိသွားပြီလို့ နှစ်ဖက်စလုံးက အသီးသီး ကြေညာခဲ့ပါတယ်။