Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သီရိလင်္ကာမှာ ပင်လယ်ထဲ မျောလာတဲ့ ပုလင်းတွေကို ဖွင့်သောက်ရာက တံငါသည်တွေ သေဆုံး

အဲဒီအရည်တွေက အရက်တွေ ဖြစ်မယ်လို့ ယုံကြည်ပြီး သောက်သုံးခဲ့ကြရာက အပြင်းအထန် နာမကျန်းဖြစ်လာပြီး အသက်ဆုံးရှုံးကုန်တာလို့ သီရိလင်္ကာ ကမ်းခြေစောင့်တပ်က ဆိုပါတယ်။

သီရိလင်္ကာမှာ ပင်လယ်ထဲ မျောလာတဲ့ ပုလင်းတွေကို ဖွင့်သောက်ရာက တံငါသည်တွေ သေဆုံး
သီရိလင်္ကာမှာ ပင်လယ်ထဲ မျောလာတဲ့ ပုလင်းတွေကို ဖွင့်သောက်ရာက တံငါသည်တွေ သေဆုံး

သီရိလင်္ကာမှာ ပင်လယ်ထဲ မျောလာတဲ့ ပုလင်းတွေထဲက အရည်တွေကို သောက်ရာက ဒေသခံ တံငါသည် ၄ ဦး သေဆုံးပြီး ၂ ဦးက အသက်လု ကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

အဲဒီ တံငါတွေဟာ ပင်လယ်ထဲမှာ သူတို့ရဲ့ လှေနဲ့အတူ ငါးဖမ်းထွက်ရင်း သီရိလင်္ကာကျွန်း တောင်ဖက် တန်ဂါလီမြို့နဲ့ ရေမိုင် ၃၂၀ လောက် အကွာက ပင်လယ်ပြင်မှာ အမျိုးအမည်မသိ အရည်တွေ ထည့်ထားတဲ့ ပုလင်းတွေကို ဆယ်ယူရရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီအရည်တွေက အရက်တွေ ဖြစ်မယ်လို့ ယုံကြည်ပြီး သောက်သုံးခဲ့ကြရာက အပြင်းအထန် နာမကျန်းဖြစ်လာပြီး အသက်ဆုံးရှုံးကုန်တာလို့ သီရိလင်္ကာ ကမ်းခြေစောင့်တပ်က ဆိုပါတယ်။

လောလောဆယ်မှာတော့ သီရိလင်္ကာ ရေတပ်ဟာ ပင်လယ်သမုဒ္ဒရာ အလယ်မှာ ရှိနေတဲ့ အလောင်းတွေနဲ့ နာမကျန်း ဖြစ်နေသူတွေကို ပြန်လည် သယ်ဆောင်နိုင်ဖို့ ကြိုးစားနေရဆဲလို့ ငါးလုပ်ငန်း ဦးစီးဌာန ထုတ်ပြန်ချက်ကို ကိုးကားပြီး သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

သီရိလင်္ကာ ရေတပ်ဟာ နိုင်ငံပိုင်နက်ဆီ ပြန်ခေါ်ပြီး ဆေးရုံတင်ရင် အချိန်မမီလောက်ဘူးလို့ ယုံကြည်တဲ့အတွက် နာမကျန်း ဖြစ်နေသူတွေကို ငါးဖမ်းလှေပေါ်မှာတင်ပဲ အစွမ်းကုန် ကူညီကုသပေးနိုင်ဖို့ ကြိုးစားနေရတယ်လို့ ဆိုပါတယ်။

သီရိလင်္ကာ ရေတပ်နဲ့ ငါးလုပ်ငန်း ဦးစီးဌာနက ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ မှတ်ချက် မပေးသေးပါဘူး။ ပုလင်းတွေထဲ ပါလာတဲ့ အရည်တွေက ဘာတွေလဲ ဆိုတာကိုလည်း လောလောဆယ် အတည်မပြုနိုင်သေးပါဘူး။

ပိုပြီး စိုးရိမ်စရာ ကောင်းတာက အဲဒီ တံငါသည်တွေဟာ ပုလင်းတွေကို ဖွင့်မသောက်ခင် အဲဒီနေရာ တဝိုက်မှာ ရှိနေတဲ့ တခြားငါးဖမ်းလှေတွေကိုပါ ရက်ရက်ရောရော ဝေငှပြီး လက်ဆောင်ပေးခဲ့တယ်ဆိုတဲ့ ကိစ္စပါပဲ။

အခုအခါ လူတွေ သေကြေ နာမကျန်းဖြစ်ခဲ့တဲ့ ငါးဖမ်းလှေ Devonကို တခြားလှေတစ်စီးရဲ့ အကူအညီနဲ့ ကမ်းခြေဆီ ပြန်လည် ဆွဲယူလာနေပါတယ်။ အာဏာပိုင်တွေက ပုလင်းထဲမှာပါတဲ့ အရည်တွေက ဘာတွေလဲ ဆိုတာကို ဓာတ်ခွဲ အတည်ပြု ဖော်ထုတ်ဖို့ စီစဉ်နေကြောင်းလည်း ပြောကြားထားပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မေလရဲ့ ပထမဆုံး သီတင်းပတ်မှာတင် အွန်လိုင်း ငွေကြေးလိမ်လည်မှု (ကျားဖြန့်)နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နိုင်ငံခြားသား ၂၆၀ ကျော်ကို သီရိလင်္ကာက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်ချေးငွေနဲ့ တည်ဆောက်ခဲ့ပြီး ဆိုးဆိုးရွားရွား အရှုံးပေါ်နေတဲ့ လေဆိပ်တစ်ခုကို ရောင်းချနိုင်ဖို့ သီရိလင်္ကာ အစိုးရက ဝယ်လိုက်တွေ လိုက်ရှာနေပါတယ်။

သတင်း

ပြည်တွင်း လောင်စာသုံးစွဲမှု လျှော့ချရေး အစီအမံ တစ်ခုအနေနဲ့ သီရိလင်္ကာ အစိုးရဟာ တစ်ပတ်ကို ၄ ရက်ပဲ ရုံးတက်စေဖို့ ညွှန်ကြားလိုက်ပါတယ်။

နိုင်ငံတကာ

အီရန် စစ်သင်္ဘောတစ်စီးကို အမေရိကန်ကတိုက်ခိုက် နှစ်မြှုပ်ခဲ့တဲ့နောက် အခြားအီရန် ရေတပ်သင်္ဘောတစ်စီးကို သီရိလင်္ကာက ကယ်ဆယ်ထားခဲ့ရတယ်လို့ သိရပါတယ်။