Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားရဲ့ ပမာဏ အကြီးမားဆုံး ဒရုန်းစစ်ဆင်ရေးကြီး တစ်ခုကို တွန်းလှန်နိုင်ခဲ့တယ်လို့ ယူကရိန်း ကြေညာ

စစ်ပွဲ ကာလတလျှောက် ရုရှားရဲ့ အတိုင်းအတာ ပမာဏ အကျယ်ပြန့်ဆုံး ဒရုန်း စစ်ဆစ်ရေးကြီးတွေထဲက တစ်ခုကို တွန်းလှန်နိုင်ခဲ့ကြောင်း ယူကရိန်း စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

စစ်ပွဲ ကာလတလျှောက် ရုရှားရဲ့ အတိုင်းအတာ ပမာဏ အကျယ်ပြန့်ဆုံး ဒရုန်း စစ်ဆစ်ရေးကြီးတွေထဲက တစ်ခုကို တွန်းလှန်နိုင်ခဲ့ကြောင်း ယူကရိန်း စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

ဇူလိုင် ၃၀ ရက်နေ့ ညပိုင်းက ရုရှားဟာ တာဝေးပျံသန်းနိုင်တဲ့ ဒရုန်း ၈၉ စီးကို ကိယက်ဗ်မြို့တော်ရယ်၊ အနီးတဝိုက် ဒေသတွေရယ်၊ ပြီးတော့ တခြားမြို့ကြီး တချို့ရယ်ဆီကို စေလွှတ်ခဲ့ကြောင်း၊ အဲဒီ ဒရုန်းအားလုံးကို အောင်အောင်မြင်မြင် ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်း လေတပ်က ဆိုပါတယ်။ ယူကရိန်းရဲ့ လေကြောင်း ကာကွယ်ရေး စနစ်တွေဟာ ရုရှားဒရုန်းတွေကို ဇူလိုင် ၃၁ ရက် မနက်အစောပိုင်းထိ မရပ်မနား ညလုံးပေါက် ပစ်ချနေခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ကိယက်ဗ်နဲ့ အနီးတဝိုက် ဒေသတွေမှာတင် ပစ်ချခဲ့ရတဲ့ ရုရှားဒရုန်းပေါင်းက အစီး ၄၀ လောက် ရှိခဲ့တယ်လို့လည်း ယူကရိန်း လေတပ်က ပြောပါတယ်။ ကိယက်ဗ်မှာတော့ လေကြောင်းအန္တရာယ် အချက်ပေး ဥဩသံတွေဟာ တစ်ညလုံးနီးပါး ဆူညံနေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ပွဲစတင် ကတည်းက ၂၉ လကြာ ကာလအတွင်း ဒါဟာ ထုထည် ပမာဏ အများပြားဆုံး ဒရုန်းတိုက်ခိုက်မှုတစ်ခု ဖြစ်လာကြောင်း၊ ပစ်ချခဲ့တဲ့ ဒရုန်းအများစုဟာ အီရန်က ဒီဇိုင်းထုတ်တဲ့ Shahed 131နဲ့ 136 အမျိုးအစားတွေဖြစ်ကြောင်း ယူကရိန်း စစ်ထောက်လှမ်းရေးဌာန ပြောရေးဆိုခွင့်ရ အရာရှိ အန်ဒရီ ယိုဆော့ဗ်က ဆိုပါတယ်။

ရုရှားဟာ ဖောက်ခွဲရေး ဒရုန်းတွေနဲ့အတူ ပစ်မှတ်တု ဒရုန်းအများအပြားကိုပါ ရောနှော စေလွှတ်ပြီး ယူကရိန်း လေကြောင်း ကာကွယ်ရေး စနစ်တွေကို ဝန်ပိအောင် ကြံဆောင်ခဲ့တယ်လို့လည်း သူက ပြောကြားသွားပါတယ်။

ယူကရိန်း စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကလည်း ရုရှားဟာ ယူကရိန်း လေကြောင်း ကာကွယ်ရေး စနစ်တွေကို နှောင့်ယှက်ဖို့အတွက် အီရန်ကနေ စျေးပေါပေါနဲ့ ဝယ်ယူထားတဲ့ ဒရုန်းတွေကို အုံနဲ့ကျင်းနဲ့ စေလွှတ်တဲ့ နည်းလမ်းမျိုးကို ပိုမို မှီခို သုံးစွဲလာနေကြောင်း ပြောကြားခဲ့ပါတယ်။

အခုသီတင်းပတ် တိုက်ခိုက်မှုအတွင်း ယူကရိန်းက အရပ်ဖက် အဆောက်အအုံတွေ၊ အခြေခံ အဆောက်အအုံတွေကို တိုက်ရိုက် ထိခိုက် ပျက်စီးစေတာမျိုးတော့ မရှိခဲ့ပါဘူး။

ကိယက်ဗ်မှာတော့ လေကြောင်း အန္တရာယ် အချက်ပေးမှုတွေ အဓိက ထုတ်ပြန်ထားရာ ဧရိယာတွေမှာ လူပေါင်း ၁၁၅၀၀ လောက်ဟာ မြေအောက် ရထားဘူတာတွေဆီ ညတွင်းချင်း ရွှေ့ပြောင်းပြီး ခိုလှုံခဲ့ရကြောင်းလည်း သိရှိရပါတယ်။

ကိုးကား: Reuters⁩

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။