Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းတပ်တွေ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရုရှားနယ်စပ်တစ်နေရာမှာ အရေးပေါ်အခြေအနေ ကြေညာ

ယူကရိန်းရဲ့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေကြောင့် ရုရှားရဲ့ အစွန်အဖျား ဒေသတစ်ခုမှာ စစ်ရေးအရ အရေးပေါ် အခြေအနေ ကြေညာထားရပါတယ်။

ရုရှားရဲ့ ကာ့စ်ခ်ဒေသကို ဖြတ်ကျော်ပြီး ယူကရိန်း တပ်တွေက ဩဂုတ် ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ ဆက်တိုက် ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။ ဒါဟာ ရုရှားက အိမ်နီးချင်း ယူကရိန်းနိုင်ငံကို ကျူးကျော်ခဲ့တဲ့ ကာလတလျှောက်မှာ ယူကရိန်းက ရှားရှားပါးပါး နယ်စပ်ဖြတ်ပြီး တန်ပြန်ထိုးနှက်မှု တစ်ခုလည်း ဖြစ်လာပါတယ်။

ကာ့စ်ခ်ဒေသရဲ့ အုပ်ချုပ်ရေးမှူး အလက်ဆီ ဆမာနော့ဗ်က ရန်သူတွေရဲ့ ကျူးကျော် တိုက်ခိုက်မှုနဲ့ နောက်ဆက်တွဲ အခြေအနေတွေကို တန်ပြန်နိုင်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် နယ်စပ်ဒေသတွေမှာ နေထိုင်သူ ထောင်နဲ့ချီပြီး အရေးပေါ် ရွှေ့ပြောင်းထားစေခဲ့ကြောင်း၊ တခြားမြို့ကြီးတွေမှာ ရှိနေတဲ့ ဆရာဝန်တွေကိုလည်း နယ်စပ်တွေဆီ အရေးပေါ် တာဝန်ချထားကြောင်း ဆမာနော့ဗ်က ဆိုပါတယ်။

အစောပိုင်းမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းဟာ ရုရှားရဲ့ အချုပ်အခြာ အာဏာကိုပါ ထိပါးလာတဲ့ အကြီးစား ရန်စခြိမ်းခြောက်မှု တစ်ခုကို စတင်လိုက်တာ ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ ယူကရိန်း တပ်တွေဟာ နယ်စပ်နဲ့ ၁၀ ကီလိုမီတာလောက် အကွာမှာရှိတဲ့ ဆူဒ်ဇာဟ်မြို့ထိ ချဉ်းကပ်လာနေတယ်လို့လည်း ပူတင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း စစ်သားတွေရဲ့ ချီတက်လာမှုကို တင့်ကား ၁၁ စီးနဲ့ သံချပ်ကာယာဉ် အစီး ၂၀ ကျော်က အကာအကွယ်ပေး ပံ့ပိုးနေတယ်လို့လည်း ရုရှား အစိုးရက စွပ်စွဲပါတယ်။

ဩဂုတ် ၇ ရက်နေ့ ညနေပိုင်းမှာတော့ ယူကရိန်း လွှတ်တော် အမတ်တစ်ဦးဖြစ်တဲ့ အိုလက်ခ်ဆီ ဟွန်ချာရန်ကိုက ဆူဒ်ဇာဟ် မြို့ထဲမှာရှိတဲ့ ဓာတ်ငွေ့ လွှဲပြောင်းမှု ဗဟိုချက် နေရာကို ထိန်းချုပ်နိုင်ခဲ့ပြီလို့ ပြောကြားခဲ့ပါတယ်။ အဲဒီ နေရာဟာ ရုရှားကနေ ဥရောပ သမဂ္ဂ နိုင်ငံတွေဆီ ဓာတ်ငွေ့တွေ တင်ပို့မှု လမ်းကြောင်းပေါ်မှာ တည်ရှိပါတယ်။

ယူကရိန်းကို စစ်လက်နက်တွေနဲ့ စစ်ရေးအကူအညီတွေ ထောက်ပံ့ပေးနေတဲ့ အမေရိကန်ကတော့ ယူကရိန်း စစ်တပ်က ရုရှားပိုင်နက်ထဲမှာ စစ်ဆင်ရေးတွေ ဝင်ရောက် လုပ်ဆောင်မယ် ဆိုတာကို ကြိုတင် မသိခဲ့ကြောင်း ငြင်းဆိုပြီး အခုအခါ အဲဒီ စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်ကို နားလည်နိုင်ဖို့ ကြိုးစားနေဆဲလို့ ဆိုပါတယ်။

ဟွန်ချာရန်ကိုကတော့ ယူကရိန်းရဲ့ မစ်ရှင်ဟာ ယူကရိန်းကို အနိုင်တိုက်ဖို့ ဖြစ်ကြောင်း၊ လိုအပ်လာရင် အဲဒီ ရည်မှန်းချက်ကို အောင်မြင်ရေးအတွက် ရုရှား ပိုင်နက်ထဲမှာလည်း စစ်ဆင်ရေးတွေ လုပ်ဆောင်သင့်တယ် ဆိုတာကို အမေရိကန်နဲ့ ဥရောပ သမဂ္ဂတို့လည်း လက်ခံ သဘောတူပေးမယ်လို့ ယုံကြည်ကြောင်း Facebookမှာ ရေးသားထားခဲ့ပါတယ်။

ယူကရိန်း စစ်တပ်ကတော့ ရုရှားပိုင်နက်ထဲ ဝင်ရောက်ဆင်နွှဲတဲ့ စစ်ဆင်ရေးနဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ကာ့စ်ခ်ဒေသ အုပ်ချုပ်ရေးမှူး ဆမာနော့ဗ်ကတော့ ရုရှားပိုင်နက်ထဲ ကျူးကျော်လာတဲ့ ယူကရိန်းစစ်သား ၁၀၀၀ ဝန်းကျင်ရှိပြီး ဆူဒ်ဇာဟ်မြို့ တဝိုက်ကို ထိန်းချုပ်ထားကြောင်း၊ အဲဒီထဲက ၁၀၀ လောက်ကို ရုရှား လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရှင်းလင်း သုတ်သင်ထားပြီးဖြစ်ကြောင်း ပြောကြားထားပါတယ်။

ကိုးကား -BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ ပြတ်လပ်မှုနဲ့အတူ ယူကရိန်းအတွက် ရက်စက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ ဆောင်းရာသီကို မျှော်လင့်ထားရလိမ့်မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ သွေးစည်းညီညွတ်မှုကို အကဲစမ်းဖို့ ရုရှားက အကန့်အသတ်နဲ့ ရန်စ တိုက်ခိုက်တာမျိုးတွေ ရှိလာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ

ရုရှားဆီက မျိုးဆက်သစ် Su-57E တိုက်လေယာဉ်တွေ ဝယ်ယူဖွယ်ရှိကြောင်း သတင်းတွေကို အိန္ဒိယက ငြင်းပယ်သွားခဲ့ပါတယ်။

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။