Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းတပ်တွေ ရုရှားပိုင်နက်ထဲ ကီလိုမီတာ ၃၀ ကျော်လောက်ထိ ထိုးဖောက် ရောက်ရှိနေ

ယူကရိန်း တပ်တွေဟာ ရုရှားပိုင်နက်ထဲ ကီလိုမီတာ ၃၀ ကျော်လောက်ထိ နက်နက်ရှိုင်းရှိုင်း ထိုးဖောက် ရောက်ရှိလာနေကြောင်း သိရပါတယ်။

ယူကရိန်း တပ်တွေဟာ ရုရှားပိုင်နက်ထဲ ကီလိုမီတာ ၃၀ ကျော်လောက်ထိ နက်နက်ရှိုင်းရှိုင်း ထိုးဖောက် ရောက်ရှိလာနေကြောင်း သိရပါတယ်။

နယ်စပ်ကို ဖြတ်ကျော်ပြီး ယူကရိန်း တပ်တွေက ရုရှားအနောက်ဖက်စွန်း ကက်စ်ခ်ဒေသထဲ ထိုးဖောက် ဝင်ရောက်ခဲ့တာ ၆ ရက်မြောက် ကြာမြင့်လာတဲ့ ဩဂုတ် ၁၁ ရက်နေ့မှာ နယ်စပ်နဲ့ ကီလိုမီတာ ၃၀ ဝန်းကျင် အကွာက ရုရှားကျေးရွာတွေထိ ယူကရိန်းစစ်တပ် ရောက်ရှိလာတာ ဖြစ်ပါတယ်။

ရန်သူတပ်တွေကို မောင်းထုတ်ဖို့ စစ်ဆင်ရေးတွေ အပူတပြင်း လုပ်ဆောင်နေကြောင်းနဲ့ ကျူးကျော်ခံရမှုအတွက် အပြင်းအထန် လက်စားချေမှာဖြစ်ကြောင်း ရုရှားက ကြိမ်းဝါးထားပေမယ့် လက်ရှိ အခြေအနေ အရတော့ ယူကရိန်းရဲ့ အံ့ဩစရာ အလစ်ဖမ်း တိုက်ခိုက်မှုကို ထိထိရောက်ရောက် ဟန့်တားနိုင်ခြင်း မရှိသေးတာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရုရှားပိုင်နက်ထဲမှာ ယူကရိန်းက စစ်ဆင်ရေးတစ်ရပ် အကောင်အထည် ဖော်နေတယ်လို့ အတည်ပြုခဲ့ပေမယ့် အသေးစိတ်ကိုတော့ မထုတ်ပြန်ပါဘူး။

ရုရှားက ယူကရိန်းစစ်သား ၁၀၀၀ လောက်ဟာ တင့်ကားတွေနဲ့ သံချပ်ကာယာဉ်တွေ အကာအကွယ်ယူပြီး နယ်စပ်ကို ဖြတ်ကျော် တိုက်ခိုက်လာတာလို့ စွပ်စွဲ ပြောကြားထားပါတယ်။ ဒါပေမဲ့ နာမည်မဖော်လိုတဲ့ ယူကရိန်း စစ်အရာရှိ တစ်ယောက်ကတော့ တကယ်တမ်း ရုရှားမှာ စစ်ဆင်ရေး ဆင်နွှဲနေတဲ့ အရေအတွက်ဟာ ၁၀၀၀ ထက် အများကြီး ပိုတယ်လို့ မှတ်ချက် ပေးထားပါတယ်။

ယူကရိန်းရဲ့ နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးကြောင့် အနီးတဝိုက် အနီးတဝိုက် ဧရိယာတွေမှာ ရုရှားက ဒေသခံ သောင်းဂဏန်းလောက်ကို ကတိုက်ကရိုက် ရွှေ့ပြောင်းပေးခဲ့ရပြီး အရေးပေါ် အခြေအနေတွေ ထုတ်ပြန် ကြေညာထားပါတယ်။ ယူကရိန်းရဲ့ လုပ်ရပ်ဟာ အေးချမ်းစွာ နေထိုင်နေတဲ့ ရုရှား ပြည်သူလူထုအပေါ် ခြိမ်းခြောက်ခြင်း ဖြစ်တယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မာရီယာ ဇာခါရိုဗာက စွပ်စွဲခဲ့ပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ် စတင်ခဲ့ရာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ကတည်းက ယူကရိန်းဟာ နိုင်ငံ ပိုင်နက်ထဲမှာသာ ခံစစ်ကို အဓိက အာရုံစိုက်နေခဲ့ရာက အခုလို နယ်စပ်ဖြတ်ကျော်ပြီး ရုရှားပိုင်နက်ကို ထိုးစစ်ဆင်ခဲ့ခြင်းက အံ့ဩစရာ ဖြစ်ခဲ့သလို ရုရှားလည်း အငိုက်မိခဲ့ပါတယ်။

အရင်တုန်းက ယူကရိန်း ကျောထောက်နောက်ခံ ပေးထားတဲ့ လက်နက်ကိုင် အဖွဲ့ငယ်တချို့နဲ့ ရုရှား တော်လှန်ရေး အင်အားစု တချို့ဟာ နယ်စပ်ဖြတ်ကျော် စီးနင်းမှုနဲ့ ဖျက်ဆီးနှောင့်ယှက်မှုတွေ လုပ်ဆောင်ခဲ့ဖူးပေမယ့် ယူကရိန်းရဲ့ ခြေလျင်တပ်တွေကိုယ်တိုင် ရုရှားပိုင်နက်ထဲ အင်အားအလုံးအရင်းနဲ့ ထိုးဖောက် ဝင်ရောက်မှုကတော့ အခုတစ်ကြိမ် ပထမဆုံး ဖြစ်လာခဲ့ပါတယ်။

အစောပိုင်းမှာ ရုရှားက ရန်သူ့ ထိုးဖောက်မှုတွေကို ထိထိရောက်ရောက် ဟန့်တားနေပြီလို့ ဝါဒဖြန့်ခဲ့ပေမယ့်လည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာတဲ့ မှတ်တမ်း ဓာတ်ပုံတွေအရ ယူကရိန်း တပ်တွေဟာ နယ်စပ်ကနေ ၂၅ ကီလိုမီတာနဲ့ ကီလိုမီတာ ၃၀ စီ ကွာဝေးတဲ့ တိုလ်ပီနိုနဲ့ အော့ဘ်ရှ်ချီ ခိုလိုဒက်ဇ် ကျေးရွာတွေထဲ ဝင်ရောက်နေတာကို အတည်ပြု တွေ့ရှိရပါတယ်။ ယူကရိန်းရဲ့ စစ်ဆင်ရေး ရည်မှန်းချက်က ဘယ်အထိ ဦးတည်ထားသလဲ၊ ဘယ်လို ရည်ရွယ်ချက်မျိုးအတွက်လဲ ဆိုတာကတော့ လက်ရှိ အချိန်ထိ ပဟေဠိ ဆန်နေဆဲ ဖြစ်ပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။