Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားပိုင်နက် စတုရန်းကီလိုမီတာ ၁၀၀၀ လောက်ကို ယူကရိန်း ထိန်းချုပ်ထားပြီလို့ဆို

ရုရှားပိုင်နက်ထဲက စတုရန်း ကီလိုမီတာ ၁၀၀၀ လောက် ကျယ်ဝန်းတဲ့ နယ်မြေတွေကို ယူကရိန်း တပ်တွေက ထိန်းချုပ်ထားပြီး ဖြစ်တယ်လို့ ယူကရိန်း စစ်တပ် အကြီးအကဲက ပြောကြားခဲ့ပါတယ်။

ရုရှားပိုင်နက်ထဲက စတုရန်း ကီလိုမီတာ ၁၀၀၀ လောက် ကျယ်ဝန်းတဲ့ နယ်မြေတွေကို ယူကရိန်း တပ်တွေက ထိန်းချုပ်ထားပြီး ဖြစ်တယ်လို့ ယူကရိန်း စစ်တပ် အကြီးအကဲက ပြောကြားခဲ့ပါတယ်။

ယူကရိန်း လက်နက်ကိုင် တပ်ဖွဲ့တွေကို ကွပ်ကဲနေတဲ့ စစ်ဦးစီးချုပ် အိုလက်ဇန္ဒာ ဆာစကီက ၇ ရက် ကြာမြင့်လာတဲ့တိုင် ယူကရိန်း တပ်တွေဟာ ရုရှားရဲ့ အနောက်ဖက်စွန်းမှာ တည်ရှိတဲ့ ကာ့စ်ခ်ဒေသထဲက စစ်ဆင်ရေးတွေကို အရှိန်မပျက် ဆက်လက် ဆောင်ရွက်နေဆဲလို့ အတည်ပြုခဲ့ပါတယ်။

ဒါဟာ ရုရှားရဲ့ ကျူးကျော်စစ်ပွဲ စတင်ခဲ့ရာ ၂၀၂၂ နောက်ပိုင်း ရုရှားပိုင်နက်ထဲထိ ယူကရိန်းတပ်တွေ နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်တိုက်ခိုက်တဲ့ အင်အားအကြီးဆုံး စစ်ဆင်ရေး ဖြစ်လာပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ရုရှားဟာ တခြားနိုင်ငံ တစ်ခုရဲ့ ပိုင်နက်ထဲ ကျူးကျော်စစ်ပြုရင် ကိုယ့်နိုင်ငံ ပိုင်နက်မှာလည်း တူညီတဲ့ဒဏ်ကို ခံစားရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

တစ်ဖက်မှာတော့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းရဲ့ စစ်ဆင်ရေးဟာ အကြီးစား ရန်စမှု တစ်ခုလို့ စွပ်စွဲခဲ့ပြီး နိုင်ငံပိုင်နက်ထဲကနေ ရန်သူတွေကို ကန်ထုတ်ဖို့ ရုရှားတပ်တွေကို တိတိကျကျ ညွှန်ကြားထားကြောင်း ပြောကြားခဲ့ပါတယ်။

အခုဆိုရင် ယူကရိန်းတပ်တွေ ဝင်ရောက်လာမှုကြောင့် နယ်စပ်ဒေသတွေကို စွန့်ခွာထွက်ပြေးရတဲ့ ရုရှား နိုင်ငံသား အရေအတွက်ဟာ ၁၂၀၀၀၀ လောက်ထိ များပြားလာပြီလို့ ဆိုပါတယ်။ ဒေသခံ အုပ်ချုပ်ရေးရုံးက အခုအခါ ကျေးရွာပေါင်း ၂၈ ခုလောက်ဟာ ယူကရိန်းတပ်တွေ လက်ထဲကို ကျရောက်နေပြီး အရပ်သား အသေအပျောက်က ၁၂ ဦးထက် မနည်းရှိကြောင်း၊ အခြေအနေတွေက ကိုင်တွယ် ထိန်းချုပ်ဖို့ ခက်ခဲနေဆဲဖြစ်ကြောင်း ဝန်ခံထားပါတယ်။

ကာ့စ်ခ်နဲ့ အနီးကပ် တည်ရှိရာ ရုရှားပိုင် ဘယ်လ်ဂိုရော့ဒ် ဒေသမှာလည်း နယ်စပ်နဲ့ အရမ်းနီးတဲ့ နေရာတွေမှာ နေထိုင်သူ ၁၁၀၀၀ လောက်ကို ကြိုတင် ရွှေ့ပြောင်းကြဖို့ တာဝန်ရှိသူတွေက ညွှန်ကြားထားပါတယ်။ နယ်စပ် အနီးတဝိုက်မှာ ရန်သူတပ်တွေရဲ့ လှုပ်ရှားမှုတွေကို မြင်တွေ့နေရတဲ့အတွက် အခုလို ကြိုတင် သတိပေး ကြေညာထားတာလို့ ရုရှား အာဏာပိုင်တွေက ပြောပါတယ်။

ရုရှား အစိုးရဟာ နယ်စပ်ကို ကျူးကျော်လာတဲ့ ရန်သူတွေကို အမြန်ဆုံး လက်တုံ့ပြန် ချေမှုန်းသွားမယ်လို့ တစိုက်မတ်မတ် ကြုံးဝါးနေပေမယ့်လည်း တစ်ပတ်လောက် ကြာလာတဲ့ထိ ယူကရိန်းရဲ့ စစ်ဆင်ရေး အရှိန်အဟုန်ဟာ ပိုပြီးတော့တောင် အားကောင်းလာနေတာကို တွေ့ရပါတယ်။

အမေရိကန် အစိုးရက ယူကရိန်းရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ ပတ်သက်လို့ တိတိကျကျ မှတ်ချက် မပေးပေမယ့် အမေရိကန် အထက်လွှတ်တော်အမတ် လင်းဆေး ဂရေဟမ်ကတော့ အဲဒီ ရွေးချယ်မှုဟာ ရဲရင့်ပြီး တီထွင်ဖန်တီးမှု အားကောင်းတဲ့ ခြေလှမ်းတစ်ခုဖြစ်ကြောင်း၊ အမေရိကန် အစိုးရ အနေနဲ့ ယူကရိန်းကို လိုအပ်တဲ့ စစ်လက်နက်နဲ့ အကူအညီတွေ စီစဉ် ပေးအပ်သင့်ကြောင်း တိုက်တွန်း ပြောဆိုထားပါတယ်။

တစ်ဖက်မှာတော့ ယူကရိန်းတပ်တွေ နယ်စပ်ကို လွယ်လွယ်ကူကူ ဖြတ်သန်းဝင်ရောက်လာပြီး အရှိန်မပျက် ထိုးဖောက်လာနေတာကို မတားဆီးနိုင်တဲ့ ရုရှားရဲ့ နယ်စပ်ကာကွယ်ရေး စွမ်းရည်အပေါ် ဝေဖန် မေးခွန်းထုတ်မှုတွေ ရှိလာပါတယ်။

ဒီအတောအတွင်း ရုရှားရဲ့ မဟာမိတ်ဖြစ်တဲ့ ဘီလားရုစ်ကလည်း ယူကရိန်းဟာ လေပိုင်နက်ကို ဒရုန်းတွေနဲ့ ကျူးကျော်ခဲ့တယ်လို့ စွပ်စွဲပြီး နယ်စပ်မှာ တပ်အင်အားကို တိုးမြှင့် ဖြန့်ကျက်ထားကြောင်း သိရပါတယ်။

ကိုးကား: Sky⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက မဟာဗျူဟာအရ အထူးအရေးကြီးတဲ့ မြို့တစ်မြို့နားမှာ ရုရှားတပ်တွေ စုဝေးနေတဲ့နောက် ယူကရိန်းရဲ့ ဒေသတွင်း ထိန်းချုပ်နယ်မြေတွေ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။