Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သက်ဆင်ရဲ့သမီးကို ဝန်ကြီးချုပ်နေရာအတွက် ထိုင်းလွှတ်တော်မှာ အဆိုပြုသွားမယ်လို့ဆို

ဝန်ကြီးချုပ်သစ် နေရာအတွက် ထိုင်းရဲ့ ညွန့်ပေါင်းအစိုးရဟာ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာရဲ့ သမီးကို လွှတ်တော်မှာ အဆိုပြုသွားမှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်သစ် နေရာအတွက် ထိုင်းရဲ့ ညွန့်ပေါင်းအစိုးရဟာ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာရဲ့ သမီးကို လွှတ်တော်မှာ အဆိုပြုသွားမှာ ဖြစ်ပါတယ်။

ဖျူထိုင်းပါတီ (PTP)နဲ့ အစဉ်အလာ နိုင်ငံရေး ပြိုင်ဘက် ကွန်ဆာဗေးတစ်တွေ ပေါင်းစည်းထားတဲ့ ညွန့်ပေါင်း အစိုးရ အဖွဲ့ဟာ ဝန်ကြီးချုပ် ဆရက်သာ သာဗီဆန် ထုတ်ပယ်ခံခဲ့ရတဲ့ ဖြစ်စဉ်အပြီး သူ့ရဲ့ နေရာမှာ အစားထိုး တင်မြှောက်မယ့် ပုဂ္ဂိုလ်ကို ရွေးချယ်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ဩဂုတ် ၁၅ ရက်နေ့မှာတော့ PTPရဲ့ လက်ရှိ ခေါင်းဆောင်ဖြစ်သူ အသက် ၃၇ နှစ်အရွယ် ပေတွန်တန် ရှီနာဝပ်ထရာကို ဝန်ကြီးချုပ်လောင်း နေရာမှာ အဆိုပြု တင်မြှောက်ဖို့ ညွန့်ပေါင်း အစိုးရ အဖွဲ့ကြား ဆွေးနွေး သဘောတူခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆရက်သာဟာ ပြစ်မှုမှတ်တမ်းဟောင်း ရှိခဲ့သူ တစ်ဦးကို အစိုးရ အဖွဲ့ထဲမှာ ခန့်အပ်ခဲ့တာကြောင့် ကျင့်ဝတ်စည်းမျဉ်း ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခံရပြီး ထိုင်းအခြေခံ ဥပဒေ ခုံရုံးက သူ့ကို ရာထူးကနေ ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။

ပေတွန်တန်ရဲ့ ဖခင်ဖြစ်သူ သက်ဆင်ဟာ ခေတ်သစ် ထိုင်းနိုင်ငံရေး သမိုင်းကြောင်းမှာ ဩဇာအကြီးမားဆုံး ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ် ခံရပြီး PTPရဲ့ နောက်ကွယ်ကနေ အဓိက ကြိုးကိုင်နေဆဲလို့ ယူဆရပါတယ်။

PTPနဲ့ ညွန့်ပေါင်း အစိုးရ အဖွဲ့ဝင် မိတ်ဖက်ပါတီတွေဟာ ဩဂုတ် ၁၆ ရက်နေ့ကျရင် ပေတွန်တန်ကို ဝန်ကြီးချုပ် နေရာအတွက် နာမည်တင်ပြ အဆိုပြုသွားဖွယ် ရှိနေပါတယ်။

တစ်ချိန်တည်းမှာပဲ ထိုင်းအထက်လွှတ်တော်နဲ့ ကွန်ဆာဗေးတစ် အမတ်တချို့ဟာ ရှီနာဝပ်ထရာ မိသားစုနဲ့ ပတ်သက်ရင် ခါးသီးတဲ့ အမြင်သဘောထားမျိုး ရှိနေတာကြောင့် ပေတွန်တန်ကို ဝန်ကြီးချုပ် နေရာအတွက် မဲပေးမလား ဆိုတာကို အတိအကျ ကြိုခန့်မှန်းဖို့ ခက်နေပါတယ်။

ထိုင်းနိုင်ငံရေးဟာ အခုလထဲမှာ အခြေခံ ဥပဒေ ခုံရုံးရဲ့ ဆုံးဖြတ်ချက်တွေကြောင့် အတော်လေး ဂယက်ထခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ခုံရုံးဟာ ဝန်ကြီးချုပ် ဆရက်သာကို မထုတ်ပယ်ခင်တုန်းကလည်း အဓိက အတိုက်အခံ Move Forward (MFP) ပါတီဟာ ရွေးကောက်ပွဲကြို မဲဆွယ်မှုတွေမှာ အခြေခံ ဥပဒေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပါတီဖျက်သိမ်းဖို့ စီရင်ချက် ချမှတ်ခဲ့ပါတယ်။

ကိုးကား: Reuters⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ ဒဏ်ရာပြင်းထန်ခဲ့တဲ့ ကျောင်းသူတစ်ဦး ထပ်မံ သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် သေနတ်သမား ကျောင်းသားရဲ့ လက်ချက်ကြောင့် သေဆုံးသူ စုစုပေါင်းဟာ ၉ ဦး ရှိလာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က စိန့်ဂေဘရီရယ် ကောလိပ်မှာ ကျောင်းသား တစ်ဦးက သေနတ်ပြ ခြိမ်းခြောက်မှု ဖြစ်ပွားအပြီး လုံခြုံရေး တင်းကျပ်လိုက်သလို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နေ့ကလေးထိန်း ကျောင်းအဆောက်အအုံကို ကားတစ်စီးက ဝင်တိုက်မိပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။