Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သက်ဆင်ရဲ့သမီး ထိုင်းဝန်ကြီးချုပ်သစ်ဖြစ်လာ

ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာရဲ့ သမီးဖြစ်သူဟာ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ် ဖြစ်လာခဲ့ပါတယ်။

People’s Spring

ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာရဲ့ သမီးဖြစ်သူဟာ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ် ဖြစ်လာခဲ့ပါတယ်။

အသက် ၃၇ နှစ်သာ ရှိသေးတဲ့အတွက် ပေတွန်တန် ရှီနာဝပ်ထရာဟာ ထိုင်းနိုင်ငံရဲ့ သမိုင်းတလျှောက် အသက်အငယ်ဆုံး ဝန်ကြီးချုပ် အနေနဲ့လည်း မှတ်တမ်း ဝင်လာတော့မှာပါ။

Public Service Announcement

Public Service Announcement

သူဟာ ထိုင်းနိုင်ငံ သမိုင်းမှာ အဒေါ်ရင်းဖြစ်သူ ယင်လက်ခ် ရှီနာဝပ်ထရာပြီးရင် ဒုတိယမြောက် အမျိုးသမီး ဝန်ကြီးချုပ်လည်း ဖြစ်လာပါတယ်။

ထိုင်းမှာ ဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်ကို ဝန်ထမ်းခန့်အပ်မှုနဲ့ ပတ်သက်လို့ ကျင့်ဝတ်စည်းမျဉ်း ချိုးဖောက်ခဲ့တယ်ဆိုရင်း အခြေခံ ဥပဒေ ခုံရုံးက ဖယ်ရှားလိုက်တဲ့နောက် နှစ်ရက်အကြာ ဩဂုတ် ၁၆ ရက်နေ့မှာ လွှတ်တော်ရဲ့ မဲပေး ဆုံးဖြတ်မှုနဲ့အတူ ပေတွန်တန်ကို ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

အာဏာရ ညွန့်ပေါင်း အစိုးရကို ဦးဆောင်နေတဲ့ ဖျူထိုင်းပါတီ (PTP)ရဲ့ အကြီးအကဲကို လတ်တလောမှာ မိတ်ဖက်တွေအဖြစ် စုစည်းထားတဲ့ ပြိုင်ဘက်ဟောင်း ကွန်ဆာဗေးတစ် အင်အားစုတွေကလည်း ထောက်ခံမဲ ပေးခဲ့ကြပါတယ်။

ပေတွန်တန်ရဲ့ ဖခင်နဲ့ အဒေါ်တို့ကတော့ ထိုင်းဝန်ကြီးချုပ်တွေအဖြစ် တာဝန်ယူခဲ့စဉ် အတောအတွင်း စစ်တပ် အာဏာသိမ်းမှု၊ ခုံရုံးဆုံးဖြတ်မှုတွေကြောင့် ရာထူးကနေ ဖယ်ရှား ခံခဲ့ရပါတယ်။

ပေတွန်တန်ရဲ့ ဖခင်ဖြစ်သူ ဘီလီယံနာ သူဌေးကြီး သက်ဆင်ဟာ PTPရဲ့ နောက်ကွယ်မှာ အဓိက ကြိုးကိုင်သူအဖြစ် ဆက်လက် ရပ်တည်နေဆဲလို့ ယုံကြည်ရပြီး အခြေအနေအရ ညွန့်ပေါင်း အစိုးရ ဖွဲ့ထားရတဲ့ ကွန်ဆာဗေးတစ် မိတ်ဖက်တွေထဲမှာ ရှီနာဝပ်ထရာ မိသားစုအပေါ် ခါးသီးတဲ့ အမြင်ရှိသူတွေ ပါဝင်နေဆဲပါ။

ဒါကြောင့်လည်း ပေတွန်တန်ကို ဝန်ကြီးချုပ်အဖြစ် အဆိုပြုဖို့ PTPရဲ့ ဆုံးဖြတ်ချက်အပေါ် တချို့သော လေ့လာ စောင့်ကြည့်သူတွေက အံ့ဩခဲ့ရပါတယ်။

ထိုင်းနိုင်ငံရေးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အခြေခံ ဥပဒေ ခုံရုံးရဲ့ ဆုံးဖြတ်ချက်တွေကြောင့် လှုပ်လှုပ်ခတ်ခတ် အခြေအနေတွေ ပေါ်ပေါက်ခဲ့ပြီး ဝန်ကြီးချုပ် ဆရက်သာ ထုတ်ပယ် ခံရတာအပြင် အဓိက အတိုက်အခံ နိုင်ငံရေး အင်အားစုဖြစ်တဲ့ Move Forward (MFP)ပါတီလည်း ဖျက်သိမ်းခံခဲ့ရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆိုက်ဘာခြိမ်းခြောက်မှုတွေနဲ့ နယ်စပ်ဖြတ်ကျော် ဒုစရိုက် လုပ်ငန်းတွေကို တိုက်ဖျက်ရေးအတွက် အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရိုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်သွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်ဟာ တော်ဝင် လွတ်ငြိမ်းချမ်းသာခွင့်ကို ရရှိပြီး လက်ကျန် ခြေချုပ်ကာလ သတ်မှတ်ချက်ကနေ ပယ်ဖျက်ပေးခြင်း ခံခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ ရထားနဲ့ ဘတ်စ်ကား တိုက်မိမှု ဖြစ်စဉ်အပြီး ရထားလမ်းနဲ့ ကားလမ်းဖြတ်တဲ့ နေရာတွေကို လျှော့ချနိုင်အောင် စီစဉ်သွားမယ်လို့ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ကတိပြုခဲ့ပါတယ်။

သတင်း

မြန်မာတစ်ဦးပိုင်ဆိုင်ပြီးတရားမဝင်တင်သွင်းထားတဲ့အီလက်ထရောနစ် ပစ္စည်းတွေအများအပြားသိုလှောင်ထားရာကုန်လှောင်ရုံတစ်ခုကို ဝန်ကြီး ချုပ်အနူတင်ချန်ဝီယာကူကိုယ်တိုင်သွားရောက်စစ်ဆေးခဲ့ကြောင်းထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။