Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ ခရီးသည်တင် လေယာဉ်ငယ် ပျက်ကျပြီး လိုက်ပါသွားသူ ၉ ဦးစလုံး သေဆုံး

ထိုင်းနိုင်ငံမှာ ပြည်တွင်းခရီးစဉ် ပျံသန်းတဲ့ လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့တဲ့နောက် လိုက်ပါသွားသူ ၉ ဦးစလုံး သေဆုံးခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ပြည်တွင်းခရီးစဉ် ပျံသန်းတဲ့ လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့တဲ့နောက် လိုက်ပါသွားသူ ၉ ဦးစလုံး သေဆုံးခဲ့ပါတယ်။

အဲဒီလေယာဉ်ငယ်ဟာ ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိ လေဆိပ်ကနေ ဩဂုတ် ၂၂ ရက်နေ့ မွန်းလွဲပိုင်းက ပျံတက်သွားပြီး သိပ်မကြာခင်မှာပဲ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေဟာ လေဆိပ်နဲ့ ကီလိုမီတာ ၄၀ လောက်အကွာ ချာချောင်ဆာအို ဒေသမှာရှိတဲ့ လမုတောထဲမှာ လေယာဉ်ပျက် အစိတ်အပိုင်းတွေကို ရှာတွေ့ခဲ့ပါတယ်။

ဒါပေမဲ့ အသက်ရှင်ကျန်ရစ်သူတွေတော့ မရှိခဲ့ဘူးလို့ စိတ်မကောင်းစရာ အတည်ပြုနိုင်ကြောင်း ကယ်ဆယ်ရေးတွေက ပြောကြားခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ လေယာဉ်မှူး ၂ ဦး၊ အမှုထမ်း ၂ ဦးနဲ့ ခရီးသည် ၅ ဦး လိုက်ပါခဲ့ကြတာပါ။ လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ လတ်တလော မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

နာရီတချို့ ရှာဖွေရေး လုပ်ခဲ့တဲ့နောက် မြေပြင်အနေအထားအရ အတော်ကြီး ခက်ခဲတဲ့ ရွှံ့တောထဲမှာ ကိုယ်ထည် အပိုင်းပိုင်း ဖြစ်နေတဲ့ လေယာဉ်ပျက်ကို ကယ်ဆယ်ရေးတွေက ရှာတွေ့ခဲ့ပါတယ်။

သေဆုံးသူတွေရဲ့ အချက်အလက်တွေကို မထုတ်ပြန်သေးပေမယ့် ထိုင်းမီဒီယာတွေကတော့ လေယာဉ်မှူးတွေနဲ့ အမျိုးသမီး အမှုထမ်းတွေဟာ ထိုင်းနိုင်ငံသားတွေ ဖြစ်ကြပြီး ခရီးသည်တွေကတော့ ဟောင်ကောင်ကနေ ရောက်လာတဲ့ တရုတ် ဧည့်သည်တွေလို့ ဖော်ပြထားပါတယ်။

Cessna Caravan C208B အမျိုးအစား လေယာဉ်ငယ်ကို Thai Flying Serviceကုမ္ပဏီက ပိုင်ဆိုင်တာဖြစ်ပြီး ဘန်ကော်ကနေ ၂၇၅ ကီလိုမီတာ ကွာဝေးတဲ့ ကမ်းရိုးတန်းဒေသ ထရက်ဆီကို အသွားမှာ ပျက်ကျခဲ့တာလို့ ထိုင်းအရပ်ဖက် လေကြောင်း ထိန်းချုပ်ရေး ဌာနက ထုတ်ပြန်ခဲ့ပါတယ်။ လေယာဉ်ဟာ ပျံတက်ပြီး ၁၁ မိနစ် အကြာမှာ လေကြောင်း ထိန်းသိမ်းရေး မျှော်စင်နဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာပါ။

လေယာဉ်ပျက်ကျတဲ့ နေရာမှာ ကယ်ဆယ်ရေး အဖွဲ့တွေ အလုပ်လုပ်နေတဲ့ မှတ်တမ်း ဓာတ်ပုံတွေ ထွက်ပေါ်လာရာမှာတော့ ကယ်ဆယ်ရေးသမား တစ်ဦးဟာ ရင်ခေါင်းလောက်ထိ နက်တဲ့ ရွှံ့ရေတွေထဲ ဆင်းသက်နေတာ တွေ့ခဲ့ရပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက် လုပ်ဆောင်နေဆဲလို့လည်း သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။