Connect with us

Hi, what are you looking for?

နိုင်ငံတကာ

⁨ပျောက်ဆုံးနေတဲ့ ရုရှား ရဟတ်ယာဉ် ပျက်ကျသွားတာလို့ အတည်ပြု၊ လိုက်ပါသွားသူ ၂၂ ဦးစလုံး သေဆုံး

ရုရှားနိုင်ငံမှာ လူ ၂၂ ဦး တင်ဆောင်သွားပြီး ပျောက်ဆုံးနေခဲ့တဲ့ ရဟတ်ယာဉ်ဟာ ပျက်ကျသွားတာဖြစ်ကြောင်း၊ အသက်ရှင် ကျန်သူ မရှိကြောင်း ကယ်ဆယ်ရေးတွေက အတည်ပြု ကြေညာခဲ့ပါတယ်။

ဩဂုတ် ၃၁ ရက်နေ့တုန်းက Mi-8T အမျိုးအစား ရဟတ်ယာဉ်ဟာ ရုရှား အရှေ့ဖျားက ဝေးလံခေါင်သီပြီး ကမ္ဘာလှည့် ခရီးသွားတွေကြားမှာ လူသိများတဲ့ ကမ်ချက်ကာ ကမ်းရိုးတန်း ဒေသမှာ ပျံသန်းနေရင်း အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ်။ အဲဒီ ရဟတ်ယာဉ်ကို အင်အား အမြောက်အမြား အသုံးပြု ဖြန့်ကျက် ရှာဖွေခဲ့တဲ့နောက် ၂၄ နာရီ ဝန်းကျင်အကြာ စက်တင်ဘာ ၁ ရက်နေ့မှာ ရဟတ်ယာဉ်ပျက်ကို တွေ့ရှိခဲ့ပါတယ်။

ရဟတ်ယာဉ်ရဲ့ ထိခိုက်ပျက်စီးမှု အခြေအနေတွေအရ လိုက်ပါသွားသူ ၂၂ ဦးစလုံး အသက်ရှင်စရာ အကြောင်းမရှိဘူးလို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။ လက်ရှိ အချိန်ထိ အလောင်း ၁၇ လောင်းကို ရှာတွေ့ထားပြီး နောက်ထပ် ပျောက်ဆုံးနေသူတွေကိုလည်း ဖြန့်ကျက် ရှာဖွေနေပါတယ်။

Public Service Announcement

Public Service Announcement

ကမ်ချက်ကာ ဒေသဟာ သဘာဝ မီးတောင်တွေနဲ့ လှပတဲ့ ရှုခင်းတွေကြောင့် ကမ္ဘာလှည့် ခရီးသွားတွေကြားမှာ အထူး ရေပန်းစားပါတယ်။ အခုပျက်ကျတဲ့ ရဟတ်ယာဉ်ဟာ Vityaz-Aero ကုမ္ပဏီက ပိုင်ဆိုင်တာဖြစ်ပြီး ဗက်ဇ်ကာဟက်ဇ် မီးတောင်နားက ပျံတက်လာပြီးတဲ့နောက် ရည်မှန်းထားတဲ့ နေရာဆီ ပြန်မရောက်ဘဲ ပျောက်ဆုံးသွားတာပါ။

ရဟတ်ယာဉ်ပေါ်မှာ အမှုထမ်း ၃ ယောက်နဲ့ ခရီးသည် ၁၉ ယောက် လိုက်ပါသွားတယ်လို့ သိရပါတယ်။ ဆိုဗီယက်ခေတ်က ထုတ်လုပ်ခဲ့တဲ့ Mi-Tတွေဟာ သက်တမ်း အိုဟောင်းနေပြီ ဖြစ်ပေမယ့် ရုရှားအနှံ့မှာတော့ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေကြဆဲ ဖြစ်ပါတယ်။

ရဟတ်ယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးသလို သေဆုံးသူတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မထုတ်ပြန်သေးပါဘူး။

ရဟတ်ယာဉ် ပျက်ကျခဲ့တယ်လို့ ယူဆရတဲ့ အချိန်တုန်းက အဲဒီဧရိယာ တဝိုက်မှာ ရာသီဥတု မကြည်လင်သလို မြင်ကွင်းဝေဝါးနေနိုင်တယ်လို့ ကနဦး စစ်ဆေးမှု ရလဒ်တွေက ညွှန်ပြနေပါတယ်။

လေကြောင်းထိန်းသိမ်းရေး ဌာနနဲ့ နီးစပ်သူတွေရဲ့ အဆိုအရ ရဟတ်ယာဉ်ဟာ ပျံတက်ပြီး သိပ်မကြာခင်မှာတင် ရေဒါမြင်ကွင်းကနေ ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး ရဟတ်ယာဉ် အဖွဲ့သားတွေဆီက အရေးပေါ် အခြေအနေ အကူအညီ တောင်းခံတာမျိုးတွေလည်း မရှိခဲ့ဘူးလို့ သိရပါတယ်။

ကိုးကား: Reuters⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ် ရဟတ်ယာဉ်ကို ရုရှားစစ်သင်္ဘောက မီးကျည်နဲ့ လှမ်းပစ်ခဲ့တဲ့ လုပ်ရပ်အပေါ် ဥရောပ သမဂ္ဂ (EU)က အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

Facebook