Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စူပါတိုင်ဖွန်း မုန်တိုင်းကြီး ယာဂီ တရုတ်တောင်ပိုင်း ကမ်းရိုးတန်းဆီ ဦးတည်နေ

တရုတ်နိုင်ငံ တောင်ပိုင်းဒေသတွေဟာ အင်အားပြင်း စူပါတိုင်ဖွန်းမုန်တိုင်း ယာဂီ ချဉ်းကပ်လာမှုအတွက် အရေးပေါ် ပြင်ဆင်မှုတွေ လုပ်ဆောင်နေရပါတယ်။

တရုတ်နိုင်ငံ တောင်ပိုင်းဒေသတွေဟာ အင်အားပြင်း စူပါတိုင်ဖွန်းမုန်တိုင်း ယာဂီ ချဉ်းကပ်လာမှုအတွက် အရေးပေါ် ပြင်ဆင်မှုတွေ လုပ်ဆောင်နေရပါတယ်။

စက်တင်ဘာ ၅ ရက်နေ့တုန်းက ဟိုင်နန်ပြည်နယ်နဲ့ တခြားတောင်ပိုင်းဒေသ တချို့မှာ ကျောင်းတွေ ပိတ်ထားလိုက်သလို လေဆိပ်တွေမှာလည်း လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းတာ၊ ဆိုင်းငံ့တာတွေ လုပ်ဆောင်နေရပါတယ်။ နောက်ပြီး တောင်စောင်းဒေသတွေမှာ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

ယာဂီမုန်တိုင်းဟာ စက်တင်ဘာ ၄ ရက်နေ့ကစလို့ စူပါတိုင်ဖွန်းကြီး အဆင့်ထိ အားကောင်းလာပြီး လောလောဆယ် ကွမ်တောင်းပြည်နယ်ရဲ့ အရှေ့တောင်ဖက် ကီလိုမီတာ ၆၀၀ ဝန်းကျင် အကွာလောက်မှာ တည်ရှိနေပါတယ်။ ယာဂီဟာ အနောက်ဖက်ကို တစ်နာရီ ၁၀ ကီလိုမီတာကနေ ၁၅ ကီလိုမီတာနှုန်းလောက်နဲ့ ရွေ့လျားနေပြီး မုန်တိုင်းကြောင့် ကွမ်တောင်းနဲ့ ဟိုင်နန် ပြည်နယ်တွေထဲမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ ဖြစ်နေပါတယ်။

Public Service Announcement

Public Service Announcement

ယာဂီဟာ ကွင့်ဟိုင်၊ ဟိုင်နယ်၊ တန်ပိုင်၊ ကွမ်တောင်း ဒေသ တစ်ခုခုရဲ့ ကမ်းရိုးတန်းကို ဖြတ်ကျော်ပြီး စက်တင်ဘာ ၆ ရက် ညပိုင်းလောက်မှာ ကုန်းတွင်းဝင်ရောက်မယ်လို့ တရုတ် မိုးလေဝသ အေဂျင်စီက ခန့်မှန်းထားပါတယ်။

ကမ်းရိုးတန်း ဒေသတွေမှာ ပင်လယ်ကူး သင်္ဘောတွေ၊ ကူးတို့ရေယာဉ်တွေ ပြေးဆွဲမှု၊ ကုန်းတွင်းမှာ ရထားတွေ ပြေးဆွဲမှုတွေကိုတော့ စက်တင်ဘာ ၅ ရက်မှာ စတင် ကန့်သတ် ရပ်နားထားပြီ ဖြစ်ပါတယ်။

တရုတ်ရဲ့ ကုန်သွယ်စီးပွား အချက်အခြာ နယ်မြေတစ်ခုဖြစ်တဲ့ ဟောင်ကောင်၊ ကာစီနိုတွေ အခြေစိုက်ရာ မကာအိုတို့မှာလည်း ကျောင်းတွေ ပိတ်ထားပါတယ်။

ဟိုင်နန်ဟာ အင်အားပြင်း တိုင်ဖွန်းတွေ ကြုံတွေ့မှု နည်းပါးတဲ့ ကမ်းရိုးတန်း ပြည်နယ် တစ်ခု ဖြစ်ပါတယ်။ ၁၉၄၉ ခုနှစ်ကနေ ၂၀၂၃ ခုနှစ် အတောအတွင်း ဟိုင်နန်ကို ကုန်းတွင်းဝင်ရောက် တိုက်ခတ်ခဲ့တဲ့ မုန်တိုင်း ၁၀၆ ခု ရှိပေမယ့် စူပါတိုင်ဖွန်း အဆင့်ကတော့ ၉ ခုသာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ယာဂီဟာ ပစိဖိတ် သမုဒ္ဒရာကို ဖြတ်သန်းလာရင်း ဖိလစ်ပိုင် နိုင်ငံကိုလည်း ထိခိုက်ပျက်စီးမှုတွေ ဖြစ်စေခဲ့ပြီး လူ ၁၃ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စူပါတိုင်ဖွန်း မုန်တိုင်းကြီး ယာဂီ ဝင်ရောက်တိုက်ခတ်မှုကြောင့် ဗီယက်နမ်မှာ ဆိုးရွားတဲ့ မြေပြိုမှုတွေပါ ဖြစ်ပွားခဲ့သလို စုစုပေါင်း အသေအပျောက်ကလည်း တစ်ဒါဇင်ကျော်ထိ များပြားခဲ့ကြောင်း သိရပါတယ်။