Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စူပါတိုင်ဖွန်း ယာဂီကြောင့် ဗီယက်နမ်မှာ မြေပြိုမှုတွေပါ ဖြစ်ပွား၊ အသေအပျောက် ၁၄ ဦးထိ မြင့်တက်လာ

စူပါတိုင်ဖွန်း မုန်တိုင်းကြီး ယာဂီ ဝင်ရောက်တိုက်ခတ်မှုကြောင့် ဗီယက်နမ်မှာ ဆိုးရွားတဲ့ မြေပြိုမှုတွေပါ ဖြစ်ပွားခဲ့သလို စုစုပေါင်း အသေအပျောက်ကလည်း တစ်ဒါဇင်ကျော်ထိ များပြားခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဗီယက်နမ် မြောက်ပိုင်းကို ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ ယာဂီကြောင့် လေပြင်းတွေ တိုက်ခတ်တာ၊ မိုးသည်းသည်းထန်ထန် ရွာသွန်းတာတွေ ဖြစ်ခဲ့တဲ့အပြင် နေရာတချို့မှာ မြေပြိုပြီး မိသားစုလိုက် သေဆုံးတဲ့ ဖြစ်စဉ်တွေပါ ကြုံတွေ့ခဲ့တယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

ယာဂီဟာ ဗီယက်နမ်ကို ကုန်းတွင်းဝင်ရောက် တိုက်ခတ်ချိန်တုန်းက တစ်နာရီ ၁၄၉ ကီလိုမီတာ လေတိုက်နှုန်းထိ ပြင်းထန်ခဲ့ပေမယ့် အခုအခါမှာတော့ လေဖိအားနည်း ရပ်ဝန်းငယ် အဆင့်ထိ အားပြန်လျော့သွားပါပြီ။

ဒါပေမဲ့ အားအပြင်းဆုံး အချိန်မှာ ယာဂီဟာ ဒေသတွင်းမှာ ကြုံတွေ့ဖူးသမျှ အကြမ်းတမ်းဆုံး မုန်တိုင်းကြီးတစ်ခု ဖြစ်ခဲ့တယ်လို့ မိုးလေဝသ ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

ဗီယက်နမ် မြောက်ပိုင်းမှာရှိတဲ့ ဟိုရာဘင် ဒေသမှာ တောင်စောင်းနေရာတစ်ခု မြေပြိုလို့ မိသားစု တစ်ခုတည်းက လူ ၄ ဦးထိ သေဆုံးခဲ့ပါတယ်။ အစောပိုင်းတုန်းက မုန်တိုင်းကြောင့် ဗီယက်နမ်မှာ လူ ၄ ဦး သေဆုံးတယ်လို့ ကြေညာထားရာကနေ ၂၄ နာရီ အကြာမှာတော့ စုစုပေါင်း အသေအပျောက်က ၁၄ ဦး ရှိလာပါတယ်။

Public Service Announcement

Public Service Announcement

ယာဂီကြောင့် တရုတ်နဲ့ ဖိလစ်ပိုင်မှာလည်း လူသေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် စုစုပေါင်း အသေအပျောက် အရေအတွက်ဟာ ၃၈ ဦးထက်မနည်းထိ များပြားခဲ့ပါတယ်။

ဗီယက်နမ်မှာတော့ သေဆုံးမှု အကြောင်းအရင်းတွေဟာ သစ်ပင်ပိလို့၊ ရေနစ်လို့၊ မြေပြိုလို့၊ ဓာတ်လိုက်လို့ စတာတွေ ပါဝင်ခဲ့ပါတယ်။ ဟိုရာဘင်က မြေပြိုမှုမှာတော့ တောင်စောင်း အိမ်တစ်လုံးဟာ ရွှံ့နွံထုအောက် လုံးဝ နစ်မြုပ်သွားခဲ့ပြီး အိမ်ပိုင်ရှင်က အသက်ရှင် လွတ်မြောက်ခဲ့ပေမယ့် သူ့ဇနီး၊ သမီးနဲ့ မြေးနှစ်ဦးတို့တော့ သေဆုံးခဲ့ပါတယ်။

ဟိုင်ဖော် ဆိပ်ကမ်းမြို့ အနီးတဝိုက်မှာ ဒီရေတွေတက်ပြီး လူနေဧရိယာ တော်တော်များများ ရေလွှမ်းသွားခဲ့သလို ဓာတ်တိုင်တွေ၊ သစ်ပင်တွေ လဲပြိုရင်း ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် ပင်လယ်ပြင်မှာလည်း ပျောက်ဆုံးနေသူ တစ်ဒါဇင်လောက် ရှိနေဆဲလို့ ဆိုပါတယ်။

မုန်တိုင်း ဖြတ်သန်းရာ လမ်းကြောင်းတလျှောက်မှာ ကမ်းကပ်ရပ်နားထားတဲ့ စက်လှေတွေ၊ သင်္ဘောတွေ နစ်မြုပ်တာ၊ ဆိုးဆိုးရွားရွား ပျက်စီးတာတွေလည်း ရှိခဲ့ပါတယ်။

ယာဂီဟာ ဗီယက်နမ်ကို ကုန်းတွင်း မဝင်ခင်တုန်းက တရုတ်နိုင်ငံ တောင်ပိုင်းနဲ့ ဖိလစ်ပိုင်တို့ကိုလည်း ဖြတ်သန်း တိုက်ခတ်ခဲ့ပြီး စုစုပေါင်း အသေအပျောက် ၂၄ ဦးထက်မနည်း ရှိခဲ့ပါတယ်။

ကမ္ဘာ့ရာသီဥတုဆိုင်ရာ ပညာရှင်တွေကတော့ သမုဒ္ဒရာတွေ ပိုမိုပူနွေးလာတဲ့ အပြောင်းအလဲဟာ ပိုမိုပြင်းထန် အားကောင်းတဲ့ မုန်တိုင်းတွေကို ဖြစ်ပေါ်စေတယ်ဆိုတာ ခိုင်မာတဲ့ အထောက်အထားတွေ တွေ့နေရကြောင်း ပြောကြားထားပါတယ်။

ကိုးကား: Time⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွန်လွန်ကဲကဲ မိုးဆက်တိုက် ရွာသွန်းမှုတွေကြောင့် ဗီယက်နမ် နိုင်ငံမှာ သေဆုံးခဲ့သူ ဦးရေဟာ ရာဂဏန်းထိ ကပ်လာခဲ့ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဗီယက်နမ်မှာ သည်းသည်းထန်ထန် ဆက်တိုက်ရွာသွန်းတဲ့မိုးကြောင့် ရေကြီးမှု၊ မြေပြိုမှုတွေ ဖြစ်ပွားပြီး လူ ၄၀ ကျော် သေဆုံးခဲ့ပါတယ်။

သတင်း

ဗီယက်နမ်မှာ တိုက်ခတ်သွားတဲ့ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းကြောင့် ရာစုနှစ်တွေနဲ့ချီ သက်တမ်းကြာညောင်းပြီး နစ်မြုပ်နေတဲ့ သင်္ဘောဟောင်းကြီးတစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။

နိုင်ငံတကာ

ဗီယက်နမ် နိုင်ငံမှာ တိုင်ဖွန်းမုန်တိုင်း ဘူအာလွိုင် ဝင်ရောက် တိုက်ခတ်မှုကြောင့် လူ ၈ ဦး သေဆုံးပြီး ၁၇ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။