Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မ​လေးရှားဒုဝန်ကြီးဟောင်းဟာ မြန်မာနိုင်ငံက လူမှောင်ခိုဂိုဏ်းနဲ့ ပတ်သက်မှု မရှိဘူးလို့ရဲတပ်ဖွဲ့ဆို

မြန်မာနိုင်ငံမှာ လူမှောင်ခို လုပ်ငန်းတွေနဲ့ ဆက်စပ်မှု ရှိနိုင်ကြောင်း စုံစမ်းမေးမြန်းမှုတွေ ခံခဲ့ရတဲ့ မလေးရှား ဒုတိယ ဝန်ကြီးဟောင်း တစ်ဦးဟာ အဲဒီ ရာဇဝတ်မှုတွေနဲ့ ပတ်သက်မှု မရှိကြောင်း စစ်ဆေး အတည်ပြုခဲ့တယ်လို့ မလေးရှား ရဲတပ်ဖွဲ့က ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူမှောင်ခို လုပ်ငန်းတွေနဲ့ ဆက်စပ်မှု ရှိနိုင်ကြောင်း စုံစမ်းမေးမြန်းမှုတွေ ခံခဲ့ရတဲ့ မလေးရှား ဒုတိယ ဝန်ကြီးဟောင်း တစ်ဦးဟာ အဲဒီ ရာဇဝတ်မှုတွေနဲ့ ပတ်သက်မှု မရှိကြောင်း စစ်ဆေး အတည်ပြုခဲ့တယ်လို့ မလေးရှား ရဲတပ်ဖွဲ့က ပြောပါတယ်။

ဝန်ကြီးချုပ်ရုံး ဒုတိယဝန်ကြီးဟောင်း ဒေါက်တာ မာရှီတာ အီဘရာဟင်နဲ့ သူ့ရဲ့ ခင်ပွန်းဖြစ်သူတို့ဟာ ပြည်ပ အခြေစိုက် လူမှောင်ခိုဂိုဏ်း တစ်ခုနဲ့ အချိတ်အဆက် ရှိနိုင်ကြောင်း မသင်္ကာမှုအတွက် စုံစမ်း စစ်ဆေးခံရပေမယ့် သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ အဲဒီ ဂိုဏ်းနဲ့ ကင်းကင်းရှင်းရှင်း ဖြစ်နေတာကို အတည်ပြုနိုင်ခဲ့တယ်လို့ ရဲစုံထောက်ဌာန အကြီးအကဲ ရာဇာရူဒင် ဟူစိန်က ပြောပါတယ်။

ဒေါက်တာမာရှီတာနဲ့ ဆက်စပ်တဲ့ ဘဏ်စာရင်း တချို့ကို အသေးစိတ် စုံစမ်းမှုတွေ ပြုလုပ်ခဲ့တဲ့နောက် အဲဒီစာရင်းတွေရဲ့ စုငွေတွေဟာ လူပုဂ္ဂိုလ် တစ်ဦးချင်းစီနဲ့သာ ဆက်နွှယ်တယ် ဆိုတာကို ဖော်ထုတ် အတည်ပြုနိုင်ခဲ့ကြောင်း၊ အရင်က ဒေါက်တာမာရှီတာ၊ သူ့ခင်ပွန်းနဲ့ တခြား ပုဂ္ဂိုလ် ၃ ဦးဟာ မြန်မာနိုင်ငံကို ရောက်ရှိခဲ့တာက အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု ကိစ္စနဲ့သာ သက်ဆိုင်တယ် ဆိုတာကိုလည်း သီးခြား အတည်ပြုထားပြီးဖြစ်ကြောင်း ရာဇာရူဒင်က ပြောပါတယ်။

ရဲမှတ်တမ်းတွေအရမြန်မာနိုင်ငံအခြေစိုက်လူမှောင်ခိုမှုတွေနဲ့ ဆက်နွှယ်ပြီး မသင်္ကာသူ ၁၁ ဦးကို စုံစမ်းမေးမြန်းမှုတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ အချိန်ထိတော့ အဲဒီ လူမှောင်ခို လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ပါဝင်ပတ်သက် ဆက်နွှယ်ပါတယ်ဆိုတဲ့ ဘယ်လို ခိုင်မာတဲ့ အထောက်အထားမျိုးကိုမှ ရှာမတွေ့သေးကြောင်း ရာဇာရူဒင်က ဆိုပါတယ်။

မလေးရှား ရဲတပ်ဖွဲ့ဟာ တရုတ်အခြေစိုက် စီးပွားရေး လုပ်ငန်းရှင် နှစ်ယောက် အပါအဝင် တခြားလူပုဂ္ဂိုလ် တချို့ကြားက အချိတ်အဆက်တွေကိုတော့ ဆက်လက် စုံစမ်းနေဆဲလို့ သူက ဆက်ပြောပါတယ်။

အရင်က ထုတ်ပြန်ချက်တွေ အရတော့ မလေးရှား ရဲတပ်ဖွဲ့ဟာ လူမှောင်ခို အမှုတစ်ခုနဲ့ ဆက်စပ်ပြီး ကုမ္ပဏီ တချို့ကိုလည်း စုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဒုတိယဝန်ကြီးဟောင်ဒေါက်တာ lမာရှီတာကတော့ သူဟာ နိုင်ငံရပ်ခြား လူမှောင်ခို ဂိုဏ်းတစ်ခုနဲ့ ပတ်သက်ဆက်နွှယ် နေနိုင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အစဉ်တစိုက် ငြင်းဆိုထားခဲ့ပါတယ်။

ကိုးကား: Straits Times

ဆက်စပ်သတင်းများ

သတင်း

လူမှောင်ခိုမှုတွေအပါအဝင် ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး စုံစမ်းစစ်ဆေး ခံနေရတဲ့မ​လေးရှား ဒုတိယ ဝန်ကြီး​ဟောင်း တစ်ဦးဟာ မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခရီးစဉ်တစ်ခု သွားရောက်နေကြောင်း မလေးရှား ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှားရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေတွေနဲ့ စွဲချက်တင် ခံထားရသူတွေဟာ ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်နဲ့ ဒေါ်လာ ၃၉၀၀၀ လောက်နဲ့ ညီမျှတဲ့ ရူပီးငွေ သန်း ၆၀၀ ထိ ပြစ်ဒဏ် ချမှတ် ခံရနိုင်ပါတယ်။

Trending

Facebook