Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယီမင်မှာ ဟိုသီ စစ်ရေးပစ်မှတ်တွေကို ချေမှုန်းခဲ့တယ်လို့ အမေရိကန် အတည်ပြု

ယီမင်နိုင်ငံ ပိုင်နက်ထဲက ဟိုသီ သူပုန်တွေရဲ့ စစ်ရေးပစ်မှတ်တွေကို ချေမှုန်း တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စစ်ဘက်က အတည်ပြု ပြောကြားခဲ့ပါတယ်။

ယီမင်နိုင်ငံ ပိုင်နက်ထဲက ဟိုသီ သူပုန်တွေရဲ့ စစ်ရေးပစ်မှတ်တွေကို ချေမှုန်း တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စစ်ဘက်က အတည်ပြု ပြောကြားခဲ့ပါတယ်။

အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဟိုသီတွေရဲ့ စစ်ရေး ပစ်မှတ် ၁၅ ခုကို အောက်တိုဘာ ၄ ရက်နေ့က တိုက်ခိုက်ခဲ့ရာမှာ အမေရိကန်ရဲ့ စစ်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေကို အသုံးပြုခဲ့တယ်လို့လည်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနဖြစ်တဲ့ ပင်တဂွန် စစ်ဌာနချုပ်က ကြေညာပါတယ်။

အခုတိုက်ခိုက်မှုဟာ ဒေသတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို ကာကွယ်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာလို့ အမေရိကန်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဟိုသီတွေဟာ ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးနဲ့ ဟားမားစ်ပြောက်ကျားတွေ စစ်ပွဲ စတင်လာချိန် ကတည်းက ယီမင်ကမ်းလွန်ကို ဖြတ်သန်းသွားပြီး အစ္စရေးနဲ့ ဆက်စပ်တဲ့၊ ဒါမှမဟုတ် အစ္စရေးမှာ ကမ်းကပ်တဲ့ အရပ်ဖက် ရေယာဉ်တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ မကြာခဏ လုပ်ဆောင်ခဲ့ပါတယ်။

ပင်တဂွန်က ပစ်မှတ်တွေအကြောင်း အသေးစိတ် မပြောပေမယ့် ဟိုသီတွေ မြို့တော်ဆာနား အပါအဝင် အဓိက မြို့ကြီးတချို့မှာ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာလို့ ကြေညာပါတယ်။

မျက်မြင်တွေရဲ့ အဆိုအရ ဆာနား အပါအဝင် ယီမင်တောင်ပိုင်း မြို့ကြီးတချို့မှာ ပေါက်ကွဲသံတွေ ကြားနေခဲ့ရတယ်လို့ သိရပါတယ်။

မနှစ်က နိုဝင်ဘာလကစလို့ ဟိုသီတွေဟာ ပင်လယ်နီမှာ ဖြတ်သန်းခုတ်မောင်းတဲ့ ရေယာဉ်ပေါင်း ၁၀၀ လောက်ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သင်္ဘော နှစ်စီး နစ်မြုပ်ခဲ့ပါတယ်။

အခုတိုက်ခိုက်မှုမှာတော့ ဟိုသီတွေရဲ့ လက်နက်စနစ်တွေ၊ အခြေစိုက် စခန်းတွေ၊ သိုလှောင်ရုံတွေကို အဓိက ပစ်မှတ်ထားခဲ့တယ်လို့ အရှေ့အလယ်ပိုင်းဒေသ စစ်ဆင်ရေးတွေကို ကွပ်ကဲနေတဲ့ အမေရိကန် စစ်ရေးဗဟိုဌာနက ထုတ်ပြန်ပါတယ်။

အခုသီတင်းပတ် အစောပိုင်းတုန်းက ဟိုသီတွေဟာ ယီမင်နိုင်ငံ ပိုင်နက်ထဲမှာ ပျံသန်းနေတဲ့ အမေရိကန်လုပ် MQ-9 ဒရုန်းတစ်စီးကို ပစ်ချခဲ့ကြောင်း ကြေညာပြီး အမေရိကန်ကလည်း အဲဒီဆုံးရှုံးမှုကို အတည်ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း ဟိုသီတွေဟာ ဒေသတွင်းမှာရှိတဲ့ အမေရိကန် စစ်သင်္ဘောတွေကို ရှုပ်ထွေးတဲ့ ပုံစံတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပေမယ့် ဟိုသီတွေ အသုံးပြုတဲ့ လက်နက်တွေ အားလုံးကို ကြားဖြတ် ပစ်ချနိုင်ခဲ့ကြောင်း အမေရိကန်က ထုတ်ပြန်ခဲ့ပါတယ်။

ဟိုသီတွေဟာ အရှေ့အလယ်ပိုင်း ဒေသမှာ အီရန်ခံအဖြစ် ဖြန့်ကျက်ထားတဲ့ ဂါဇာက ဟားမားစ်၊ လက်ဘနွန်ဟာ ဟစ်ဇ်ဘိုလာတို့လို လက်နက်ကိုင် အင်အားစုတစ်ခု ဖြစ်ပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Facebook