Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယ အထင်ကရ လုပ်ငန်းရှင် သူဌေးကြီး တာတာ ကွယ်လွန်

အထင်ကရ စီးပွားရေး လုပ်ငန်းစုကြီး Tataကို ဦးဆောင်ခဲ့သူ အိန္ဒိယ ဘီလီယံနာ သူဌေးကြီး ရာတန်တာတာဟာ အသက် ၈၆ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

အထင်ကရ စီးပွားရေး လုပ်ငန်းစုကြီး Tataကို ဦးဆောင်ခဲ့သူ အိန္ဒိယ ဘီလီယံနာ သူဌေးကြီး ရာတန်တာတာဟာ အသက် ၈၆ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

Tata လုပ်ငန်းစုကို ဆယ်စုနှစ် နှစ်ခုကျော်ကြာ ဦးဆောင်ခဲ့တဲ့ တာတာဟာ အိန္ဒိယမှာ နိုင်ငံတကာရဲ့ အသိအမှတ်ပြု လေးစားခြင်းကို အခံရဆုံး စီးပွားရေးလုပ်ငန်းရှင် တစ်ဦးအဖြစ်လည်း ရပ်တည်ခဲ့ပါတယ်။ သူ့ရဲ့ ဦးဆောင်မှုနဲ့အတူ Tataဟာ တစ်နှစ်ကို ဝင်ငွေ ဒေါ်လာဘီလီယံ ၁၀၀ လောက် ရရှိအောင် လုပ်ငန်း လည်ပတ်နိုင်တဲ့ လုပ်ငန်းစုကြီး ဖြစ်ခဲ့ပါတယ်။

Tata လုပ်ငန်းစုရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Tata Sonsမှာ လက်ရှိ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ နက်တာရာဂျန် ချန်ဒရာ ဆက်ကာရန်က Tata လုပ်ငန်းစု အကြီးအကဲဟောင်းဟာ အောက်တိုဘာ ၉ ရက်နေ့က ကွယ်လွန်သွားခဲ့တယ်လို့ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ သူက တာတာဟာ ထူးကဲပြီး စစ်မှန်တဲ့ ခေါင်းဆောင်တစ်ဦးလို့ ချီးကျူးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

Tata မိသားစုကြီး တစ်ခုလုံးရဲ့ကိုယ်စား တာတာနဲ့ သက်ဆိုင်သူ အားလုံးနဲ့ထပ်တူ ကြေကွဲဝမ်းနည်းပါတယ် ဆိုတာကို အသိပေးလိုကြောင်း၊ တာတာကွယ်လွန်သွားခဲ့ပေမယ့် သူချန်ခဲ့တဲ့ အမွေအနှစ်တွေ၊ လွှမ်းမိုးနိုင်စွမ်းတွေဟာ အားလုံးအတွက် အရှေ့ဆောင်လမ်းပြအဖြစ် အမြဲတမ်း ရှိနေမှာဖြစ်ကြောင်းလည်း ချန်ဒရာ ဆက်ကာရန်က ဆိုပါတယ်။

Tata လုပ်ငန်းစု အကြီးအကဲအဖြစ် တာဝန်ယူခဲ့တဲ့ အချိန်တွေတုန်းက တာတာဟာ မဟာဗျူဟာမြောက် သိမ်းသွင်းဝယ်ယူမှု တချို့ကို လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီထဲမှာ နယ်သာလန်-အင်္ဂလန် ဖက်စပ် သံမဏိလုပ်ငန်း Corus၊ ဗြိတိန် ကားကုမ္ပဏီတွေဖြစ်တဲ့ Jugaurနဲ့ Land Rover၊ ကမ္ဘာ့ ဒုတိယ အကြီးဆုံး လက်ဖက်ကုမ္ပဏီဖြစ်တဲ့ Tetleyတို့လည်း ပါဝင်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ်တုန်းက Economist မဂ္ဂဇင်းက တာတာဟာ မိသားစု လုပ်ငန်းကို ကမ္ဘာ့ အထင်ကရ လုပ်ငန်းကြီး ဖြစ်လာအောင် ပြောင်းလဲခဲ့တဲ့ စီးပွားရေး ဘီလူးကြီးလို့ တင်စားခဲ့ဖူးပါတယ်။ ၂၀၁၂ မှာတော့ တာတာဟာ Tata လုပ်ငန်းစု ဥက္ကဋ္ဌ အဖြစ်ကအနေ အနားယူခဲ့ပါတယ်။

တာတာဟာ ဘယ်တုန်းကမှ လက်မထပ်ခဲ့သလို တရားဝင် အမွေခံ သားသမီးလည်း မရှိပါဘူး။ သူ့ဘဝမှာ လက်ထပ်ဖို့ ၄ ကြိမ် စီစဉ်ဖူးပေမယ့် အကြောင်းတစ်ခုမဟုတ် တစ်ခုကြောင့် နောက်ဆုတ်ခဲ့တယ်လို့ တာတာက ပြောဖူးပါတယ်။

သူဟာ လူကြီးနာ စွဲကပ်ခံစားခဲ့ရပြီးတဲ့နောက် မွမ်ဘိုင်းမှာရှိတဲ့ ဘရိချ်ကန်ဒီ ဆေးရုံမှာ ကာလအတော်ကြာ တက်ရောက်နေခဲ့ရပြီး အောက်တိုဘာ ၉ ရက်မှာတော့ အခြေအနေ ဆိုးရွားလာရာက ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။