Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖလော်ရီဒါကို ဟာရီကိန်း မီလ်တန် ဝင်ရောက်တိုက်ခတ်၊ အသေအပျောက် ဒါဇင်နဲ့ချီ များပြား

အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းက ဖလော်ရီဒါပြည်နယ် ကမ်းရိုးတန်းကို ဟာရီကိန်းမုန်တိုင်း မီလ်တန် ဝင်ရောက်တိုက်ခတ်ခဲ့တဲ့နောက် ထိခိုက်ပျက်စီးမှုတွေ အများအပြား ဖြစ်ပေါ်ခဲ့သလို လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။

အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းက ဖလော်ရီဒါပြည်နယ် ကမ်းရိုးတန်းကို ဟာရီကိန်းမုန်တိုင်း မီလ်တန် ဝင်ရောက်တိုက်ခတ်ခဲ့တဲ့နောက် ထိခိုက်ပျက်စီးမှုတွေ အများအပြား ဖြစ်ပေါ်ခဲ့သလို လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။

မီလ်တန်ဟာ Category 3 အဆင့်ရှိ ဟာရီကိန်းအဖြစ် ဖလော်ရီဒါကို အောက်တိုဘာ ၁၀ ရက်နေ့မှာ ကုန်းတွင်းဝင်ရောက် တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ မီလ်တန်ရဲ့ဒဏ်ကြောင့် ဖလော်ရီဒါ အနှံ့အပြားမှာ ထိခိုက်ပျက်စီးမှုတွေ ကြုံတွေ့ခဲ့ရသလို အိမ်နဲ့ စီးပွားရေးလုပ်ငန်း ၃.၅ သန်းကျော် ဓာတ်အား ပြတ်တောက်ကုန်ပါတယ်။

စက်တင်ဘာ ၁၀ ရက် ညပိုင်းထိ ဖလော်ရီဒါမှာ မုန်တိုင်းနဲ့ ဆက်စပ်တဲ့ အသေအပျောက် ၁၄ ဦးထိ စာရင်းရထားပြီး နောက်ထပ်လည်း တိုးလာနိုင်ခြေ ရှိနေပါတယ်။ မီလ်တန်နဲ့ ဆက်စပ်ဖြစ်ပေါ်တဲ့ လေဆင်နှာမောင်း တစ်ခုကြောင့် ဖလော်ရီဒါရဲ့ စိန့်လူစီ မြို့ထဲမှာ ဘိုးဘွားရိပ်သာတစ်ခု ပြိုကျပြီး သက်ကြီးရွယ်အို ၅ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မုန်တိုင်းစဲသွားပြီးတာနဲ့ ပြည်နယ်အနှံ့မှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ စတင်နေပြီလို့ ပြည်နယ် အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်းတစ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ရေမြုပ်နေတဲ့ နေရာတွေမှာ ပိတ်မိနေသူတွေ အပါအဝင် လူပေါင်း ၃၄၀ လောက်ကို အောင်အောင်မြင်မြင် ကယ်ဆယ်ရွှေ့ပြောင်းနိုင်ခဲ့တယ်လို့ အာဏာပိုင်တွေရဲ့ အဆိုကို ကိုးကားပြီး ဒီဆန်းတစ်က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲမှာ ခြံစည်းရိုး အပိုင်းတစ်ခုကို မှီတွယ်ရင်း ရေစီးနဲ့အတူ ပေါလောမျောလာတဲ့ အသက် ၁၄ နှစ်သား လူငယ် တစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။

အမေရိကန် ကမ်းခြေစောင့်တပ်ကလည်း မက္ကဆီကို ပင်လယ်ကွေ့ ကမ်းလွန်ရေပြင်မှာ အမျိုးသား တစ်ဦးကို ကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က သူဟာ ဖလော်ရီဒါ ပြည်နယ် အုပ်ချုပ်ရေးမှူး ဒီဆန်းတစ် အပါအဝင် အာဏာပိုင်တွေနဲ့ ဆက်သွယ်ခဲ့ပြီး ပြည်နယ် အစိုးရ လိုအပ်သမျှ အကူအညီတွေကို ဗဟိုအစိုးရက ပံ့ပိုးပေးဖို့ ကတိပြုထားကြောင်း သတင်းထောက်တွေဆီ ပြောကြားခဲ့ပါတယ်။

ဒီကိစ္စဟာ ဖလော်ရီဒါ ပြည်နယ်အစိုးရရဲ့ အရေး မဟုတ်တော့ဘဲ အမေရိကန် တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တယ်လို့ ဘိုင်ဒန်က ဆိုပါတယ်။ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု ပမာဏကို တိတိကျကျ ပြောနိုင်ဖို့ကတော့ စောလွန်းနေသေးတယ်လို့လည်း ဘိုင်ဒန်က မှတ်ချက်ပေးသွားပါတယ်။

ဒီဆန်းတစ်ကတော့ မုန်တိုင်း မတိုင်ခင်မှာ ပညာရှင်တွေက အဆိုးဆုံး အခြေအနေအဖြစ် လူဦးရေ ထူထပ်တဲ့ တမ်ပါနဲ့ စိန့်ပီတာစဘာ့ဂ် မြို့တွေမှာ ၁၅ ပေလောက်ထိ မြင့်တဲ့ ရေလှိုင်းတွေ ရိုက်ခတ်မှာကို စိုးရိမ်ခဲ့ပေမယ့် အဲဒီလောက်ထိတော့ မဖြစ်ခဲ့ဘူးလို့ ပြောပါတယ်။ မက္ကဆီကို ပင်လယ်ကွေ့မှာတော့ ၈ ပေကနေ ၁၀ ပေထိမြင့်တဲ့ လှိုင်းတွေဟာ ကမ်းရိုးတန်းကို ရိုက်ခတ်ခဲ့ပါတယ်။

မီလ်တန်ဟာ ကုန်းတွင်း မဝင်ခင်မှာ အရှိန်လျော့သွားတာကြောင့် မကြာသေးခင်ကတင် ဖလော်ရီဒါကို ဖြတ်သန်းသွားခဲ့တဲ့ ဟာရီကိန်း ဟယ်လင်လောက် အပျက်အစီး မများခဲ့ပါဘူး။ Category 4အဆင့် ဟယ်လင်ဟာ မီလ်တန် မတိုင်ခင် ၁၂ ရက်တုန်းက ဖလော်ရီဒါ ကမ်းရိုးတန်းကို ဖြတ်သန်းတိုက်ခတ်ခဲ့တဲ့နောက် ပြည်နယ်ပေါင်း ၆ ခုမှာ လူပေါင်း ၂၃၂ ဦးထက်မနည်းကို သေဆုံးစေခဲ့ပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အခုတော့ ဦးခေါင်းခွံရဲ့ ဇစ်မြစ်ကို ထောက်လှမ်း ရှာဖွေဖို့အတွက် ဖလော်ရီဒါရဲ့ လီကောင်တီခရိုင် ရဲတပ်ဖွဲ့က အမှုဖွင့်ပြီး စုံစမ်း စစ်ဆေးမှုတွေ စတင်နေပါပြီ။ အခုကိစ္စဟာ မှုခင်းဖြစ်စဉ်တွေနဲ့ ရှုပ်ထွေး ဆက်စပ်လာနိုင်တယ်လို့လည်း ရဲတွေက သံသယ ရှိနေပါတယ်။

နိုင်ငံတကာ

လောလောဆယ်တော့ တေလန်ရဲ့ ဖခင်ဖြစ်သူ သောမတ်စ် မော့စ်လေကို လူသတ်မှု နှစ်ခုအတွက် ရဲတွေက စွဲချက်တင် ဖမ်းဆီးပြီး စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ဟတ်ယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို အတိအကျ မသိသေးဘဲ ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းနေဆဲလို့ သိရပါတယ်။