Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟောလိုဝင်းအတွက် အလှဆင်ထားတဲ့ ဦးခေါင်းခွံက တကယ့်အစစ်ဖြစ်နေ

အခုတော့ ဦးခေါင်းခွံရဲ့ ဇစ်မြစ်ကို ထောက်လှမ်း ရှာဖွေဖို့အတွက် ဖလော်ရီဒါရဲ့ လီကောင်တီခရိုင် ရဲတပ်ဖွဲ့က အမှုဖွင့်ပြီး စုံစမ်း စစ်ဆေးမှုတွေ စတင်နေပါပြီ။ အခုကိစ္စဟာ မှုခင်းဖြစ်စဉ်တွေနဲ့ ရှုပ်ထွေး ဆက်စပ်လာနိုင်တယ်လို့လည်း ရဲတွေက သံသယ ရှိနေပါတယ်။

ဟောလိုဝင်းအတွက် အလှဆင်ထားတဲ့ ဦးခေါင်းခွံက တကယ့်အစစ်ဖြစ်နေ
ဟောလိုဝင်းအတွက် အလှဆင်ထားတဲ့ ဦးခေါင်းခွံက တကယ့်အစစ်ဖြစ်နေ

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်က စျေးဆိုင်တစ်ခုထဲမှာ ဟောလိုဝင်းအတွက် အလှဆင်ထားတဲ့ ဦးခေါင်းခွံ တစ်ခုဟာ တကယ့်အစစ် ဖြစ်နေကြောင်း စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

အလှူပစ္စည်းတွေ ရောင်းချပေးတဲ့ စတိုးဆိုင်ရဲ့ ပိုင်ရှင်ဟာ အဲဒီ ဦးခေါင်းခွံကို အတုလို့ပဲထင်ပြီး နှစ်စဉ် ဟောလိုဝင်း ကာလရောက်တိုင်း အလှဆင်ဖို့ အသုံးချနေခဲ့တယ်လို့ ဆိုပါတယ်။ သူက အဲဒီ ဦးခေါင်းခွံကို တခြား ဟောလိုးဝင်း ပစ္စည်းတွေနဲ့ ရောနှောပြီး လွန်ခဲ့တဲ့ နှစ်အတော်ကြာက ဝယ်ယူထားမိတာလို့ ရဲတွေကို ပြောပြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ မနုဿဗေဒ ပညာရှင် တစ်ဦးဖြစ်တဲ့ စျေးလာဝယ်သူက ဦးခေါင်းခွံဟာ တကယ့်အစစ်ဖြစ်မှန်း သတိပြုမိသွားခဲ့တာပါ။ သူက ဆိုင်ရှင်ကို ပြောပြပြီး ရဲတွေကို အကြောင်းကြားခဲ့တဲ့နောက် မှုခင်း ဆေးပညာ ဌာနကလည်း တကယ့် လူ့ဦးခေါင်းခွံဆိုတာ အတည်ပြုခဲ့ပါတယ်။

အခုတော့ ဦးခေါင်းခွံရဲ့ ဇစ်မြစ်ကို ထောက်လှမ်း ရှာဖွေဖို့အတွက် ဖလော်ရီဒါရဲ့ လီကောင်တီခရိုင် ရဲတပ်ဖွဲ့က အမှုဖွင့်ပြီး စုံစမ်း စစ်ဆေးမှုတွေ စတင်နေပါပြီ။ အခုကိစ္စဟာ မှုခင်းဖြစ်စဉ်တွေနဲ့ ရှုပ်ထွေး ဆက်စပ်လာနိုင်တယ်လို့လည်း ရဲတွေက သံသယ ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

ဖလော်ရီဒါမှာ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ရောင်းဝယ်ဖောက်ကားခွင့် ပိတ်ပင်ထားပါတယ်။ အမေရိကန်မှာ အခုလို ကိစ္စမျိုး ကြုံရတာ ပထမဆုံးတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ လကတင် အရီဇိုးနား ပြည်နယ်က စတိုးဆိုင် တစ်ခုထဲမှာ လူဦးခေါင်းခွံဟောင်း တစ်ခုကို ရှာတွေ့ခဲ့ဖူးပါတယ်။ အဲဒီ ဦးခေါင်းခွံကတော့ သွေးရိုးသားရိုး သေဆုံးသူ တစ်ဦးရဲ့ ရုပ်ကြွင်းလို့ ယူဆရပြီး ဘယ်လို ရာဇဝတ်မှုနဲ့မှ အဆက်အစပ်ရှိတဲ့ အထောက်အထား မတွေ့ရကြောင်း သိရှိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်မှာ လူတစ်ဦးကို ငါးမန်းတိုက်ခိုက်ပုံ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့လာခဲ့ပါတယ်။

နိုင်ငံတကာ

လမ်းပေါ်မှာ ပြိုင်မောင်းကြတဲ့ ကားတွေထဲက တစ်စီးက ဘားတစ်ခုကို ဝင်တိုက်မိလို့ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်မှာ လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်ထဲက ယာဉ်အသွားအလာ ရှုပ်ထွေးတဲ့ အဓိက အဝေးပြေး လမ်းမကြီး တစ်ခုနားကို လေယာဉ်ငယ်တစ်စီး ပျက်ကျပြီး ၃ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းက ဖလော်ရီဒါပြည်နယ် ကမ်းရိုးတန်းကို ဟာရီကိန်းမုန်တိုင်း မီလ်တန် ဝင်ရောက်တိုက်ခတ်ခဲ့တဲ့နောက် ထိခိုက်ပျက်စီးမှုတွေ အများအပြား ဖြစ်ပေါ်ခဲ့သလို လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။