Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘေရွတ်မြို့လယ် လူစည်ကားရာ ရပ်ကွက်ကို အစ္စရေးဗုံးကြဲ၊ ၂၂ ဦးသေဆုံး

ဘေရွတ်မြို့လယ် လူစည်ကားရာ နေရာတစ်ခုကို အစ္စရေးက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ၂၂ ဦး သေဆုံးခဲ့တယ်လို့ လက်ဘနွန် အစိုးရက ထုတ်ပြန်ပါတယ်။

ဘေရွတ်မြို့လယ် လူစည်ကားရာ နေရာတစ်ခုကို အစ္စရေးက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ၂၂ ဦး သေဆုံးခဲ့တယ်လို့ လက်ဘနွန် အစိုးရက ထုတ်ပြန်ပါတယ်။

မြို့တော် ဘေရွတ်ရဲ့ ရှီးဟိုက် မွတ်ဆလင် အများစု နေထိုင်ရာ ဘာချူရာ ရပ်ကွက်ထဲကို အောက်တိုဘာ ၁၀ ရက် ညပိုင်းမှာ အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ ၂၂ ဦးသေဆုံးပြီး ၁၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ လက်ဘနွန် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ အစ္စရေးဟာ လက်ဘနွန် ပိုင်နက်ထဲမှာ လှုပ်ရှားနေတဲ့ ဟစ်ဇ်ဘိုလာ ပြောက်ကျားတပ်ဖွဲ့ အခြေစိုက် စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်လေ့ ရှိပေမယ့် အခု တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူတွေဟာ အရပ်သားတွေလား၊ ပြောက်ကျားတွေလား ဆိုတာကိုတော့ ကျန်းမာရေး ဝန်ကြီးဌာနက ကွဲကွဲပြားပြား မထုတ်ပြန်ခဲ့ပါဘူး။

ဒေသခံတွေကတော့ ဘာချူရာ တဝိုက်မှာ ပေါက်ကွဲသံတွေ ဆက်တိုက် ကြားခဲ့ရပြီး အဲဒီနောက်မှာတော့ အခင်းဖြစ်တဲ့ နေရာကနေ ဆေးရုံကားတွေဟာ အမေရိကန် တက္ကသိုလ် ဆေးရုံဖက်ကို အပြင်းမောင်းနှင်သွားခဲ့တာ တွေ့ရကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေးဟာ ဘေရွတ် အပါအဝင် လက်ဘနွန် နိုင်ငံအနှံ့က ဟစ်ဇ်ဘိုလာ ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ရက်က ဘေရွတ်မှာ အခြေအနေတွေ ငြိမ်သက်နေခဲ့ပြီး အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ လက်ဘနွန်တောင်ပိုင်း နယ်မြေတွေဆီ ပိုမို အာရုံကျနေခဲ့ရာက အခုလိုမျိုး လူစည်ကားရာ ဧရိယာကို တကျော့ပြန် ပစ်မှတ်ထား ခံလာရတာလို့ လက်ဘနွန် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

နောက်ပြီး အစ္စရေး စစ်တပ် (IDF)ဟာ အခုတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ လက်ဘနွန် အစိုးရဆီ ကြိုတင်ဆက်သွယ် အသိပေးတာမျိုးလည်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။ IDFကတော့ ဘေရွတ်မှာ ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးဘဲ နှုတ်ဆိတ်နေပါတယ်။

မျက်မြင်တွေရဲ့ အဆိုအရ ငါးထပ်လောက်မြင့်တဲ့ အဆောက်အအုံ တစ်ခုဟာ အစ္စရေး လေယာဉ်တွေရဲ့ ဒုံးကျည်ကြောင့် ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

အစ္စရေး အစိုးရက အရှေ့အလယ်ပိုင်းမှာ ဆင်နွှဲနေတဲ့ စစ်ဆင်ရေးတွေရဲ့ ဗဟိုချက်ဟာ ဂါဇာအခြေစိုက် ဟားမားစ် ပြောက်ကျားတွေဆီကနေ ဟစ်ဇ်ဘိုလာတွေ ပြောင်းလဲရောက်ရှိသွားပြီလို့ ကြေညာခဲ့တဲ့နောက် လွန်ခဲ့တဲ့ လဝက်လောက်အတွင်း IDFဟာ လက်ဘနွန်မှာ လေကြောင်း တိုက်ခိုက်မှုတွေကို သိသိသာသာ အရှိန်မြှင့်တင်လာခဲ့တာလည်း ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ဂွမြို့နယ်၊ကျိန္တလီမြို့၊ရမ္မာကျွန်းလူနေကျေးရွာကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင်ငါး ရာ ဗုံး ၃ လုံး ကြဲချခဲ့တာကြောင့် ​ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ငယ်တွေအပါအဝင် ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။