Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗုံးထောင်ထားကြောင်း ခြိမ်းခြောက် သတင်းမှားတွေကြောင့် အိန္ဒိယ ခရီးသည်တင် လေယာဉ်တွေ ပြဿနာကြုံ

ဗုံးထောင်ထားကြောင်း သတင်းမှားတွေကြောင့် ၃ ရက်အတွင်း အိန္ဒိယ ခရီးသည်တင် လေယာဉ် ခရီးစဉ် ၁၂ ခုထက်မနည်း ကမောက်ကမ အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဗုံးထောင်ထားကြောင်း သတင်းမှားတွေကြောင့် ၃ ရက်အတွင်း အိန္ဒိယ ခရီးသည်တင် လေယာဉ် ခရီးစဉ် ၁၂ ခုထက်မနည်း ကမောက်ကမ အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အဲဒီ သတိပေး ခြိမ်းခြောက်မှု အတုတွေ လက်ခံရရှိခဲ့တဲ့နောက် ခရီးသည်တင် လေယာဉ်တွေဟာ လေဆိပ်ကနေ မထွက်ခွာနိုင်ဘဲ အချိန်အကြာကြီး နှောင့်နှေးတာ၊ တချို့လေယာဉ်တွေ လမ်းကြောင်းပြောင်းလဲရတာတွေ ကြုံတွေ့ခဲ့ပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့တုန်းက Air India လေကြောင်းလိုင်းရဲ့ ခရီးသည်တင် လေယာဉ် တစ်စီးပေါ်မှာ ဗုံးထောင်ထားတယ်ဆိုတဲ့ သတင်းပေးမှုကြောင့် အဲဒီ လေယာဉ်ကို လူထူထပ်တဲ့ နေရာတွေနဲ့ ဝေးရာဆီ လမ်းကြောင်းပြောင်းဖို့ စင်ကာပူ လေတပ် တိုက်လေယာဉ် နှစ်စီးက ခြံရံ လိုက်ပါခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီမတိုင်ခင်တုန်းကလည်း Air Indiaရဲ့ လေယာဉ် တစ်စီးဟာ ဒေလီမြို့တော်ကနေ အမေရိကန်ရဲ့ ချီကာဂိုမြို့ဆီ ပျံသန်းနေရာကနေ သတိထား တုံ့ပြန်မှု အစီအမံ အနေနဲ့ ကနေဒါ လေဆိပ်တစ်ခုကို လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရပါတယ်။

အိန္ဒိယ လေကြောင်းလိုင်းတွေအတွက် အခုလိုမျိုး ဗုံးခြိမ်းခြောက်မှု အတုတွေကို ကိုင်တွယ်ရတာဟာ အသစ်အဆန်း အတွေ့အကြုံ မဟုတ်ပေမယ့် အောက်တိုဘာ ၁၄ ရက်နဲ့ ၁၅ ရက်တွေတုန်းက လူမှုကွန်ရက် မီဒီယာ Xမှာ အဲဒီလို ခြိမ်းခြောက်မှုတွေ ရုတ်တရက် များပြားလာတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပါဘူး။

အစိုးရရဲ့ အရပ်ဖက် လေကြောင်း ကွပ်ကဲမှု ဌာနနဲ့ အရပ်ဖက်လေကြောင်း လုံခြုံရေး ဌာနတွေကလည်း ဘာမှတ်ချက်မှ မပေးသေးဘဲ နှုတ်ဆိတ်နေပါတယ်။ Air India လေကြောင်းပိုင် လေယာဉ်တွေသာ မကဘဲ IndiGo၊ SpiceJetနဲ့ Akasa Air လေကြောင်းလိုင်းတွေရဲ့ ခရီးစဉ်တွေလည်း အလားတူ ခြိမ်းခြောက်မှုတွေ တွေ့ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၁၄ ရက်နေ့တုန်းက Xမှာ တွေ့ရှိခဲ့တဲ့ ဗုံးခြိမ်းခြောက်မှု ပို့စ်တွေကြောင့် အိန္ဒိယရဲ့ စီးပွားရေးမြို့တော် မွမ်ဘိုင်းကနေ ပျံသန်းထွက်ခွာတဲ့ ခရီးစဉ် ၃ ခုမှာ အနှောင့်အယှက်တွေ ဖြစ်ပေါ်ခဲ့ပြီး နောက်တစ်နေ့မှာတော့ Air India ခရီးစဉ် နှစ်ခု အပါအဝင် စုစုပေါင်း လေယာဉ် ၇ စီးအပေါ် ထိခိုက် သက်ရောက်မှုတွေ ကြုံတွေ့စေခဲ့ပါတယ်။ အောက်တိုဘာ ၁၆ ရက်နေ့မှာ နောက်ထပ် အနည်းဆုံး လေယာဉ် ခရီးစဉ်နှစ်ခု အလားတူ အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Air Indiaကတော့ အခုလို သတင်းတုနဲ့ နှောင့်ယှက်ခဲ့တဲ့ လုပ်ရပ်ရဲ့ နောက်ကွယ်မှာ ရှိနေသူတွေကို စုံစမ်းဖော်ထုတ်ဖို့ အာဏာပိုင်တွေနဲ့ ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

အိန္ဒိယရဲ့ လေကြောင်းလိုင်းတိုင်းမှာ ဗုံးခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်လို့ ဘယ်လောက်ထိ အလေးထား တုံ့ပြန်ရမလဲ ဆိုတာကို တိုင်ပင်ဆုံးဖြတ်တဲ့ ကော်မတီတွေ ရှိကြပြီး ကော်မတီ ဆုံးဖြတ်ချက်နဲ့အညီ စီမံတုံ့ပြန်ကြတာ ဖြစ်ပါတယ်။

စင်ကာပူမှာ ကြုံခဲ့တဲ့ ဖြစ်စဉ်ကတော့ Air Indiaရဲ့ လေယာဉ်ဟာ အိန္ဒိယကနေ စင်ကာပူကို ပျံသန်းလာချိန် ဗုံးခြိမ်းခြောက်မှု သတင်းကြောင့် တိုက်လေယာဉ် နှစ်စီး စေလွှတ်ပြီး ခြံရံ လမ်းပြစေခဲ့ရတာလို့ စင်ကာပူ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အဲဒီလေယာဉ်ဟာ ချန်ဂီလေဆိပ်မှာ ချောချောမောမော၊ ဘေးကင်းကင်းနဲ့ ဆင်းသက်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်ရဲ့ အထင်ကရ ရှေးအဆောက်အအုံ တစ်ခုနားမှာ ကားတစ်စီး ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

သတင်း

ပြည်တွင်းက မြန်မာ ဒုက္ခသည်တွေဟာ ပြင်းထန်တဲ့ ဖိအားတွေအောက် ရောက်ရှိနေကြောင်း ကုလသမဂ္ဂ အစီရင်ခံစာ တစ်စောင်နဲ့ ပတ်သက်ပြီး အိန္ဒိယက ကန့်ကွက် ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယမှာ ဘတ်စ်ကားတစ်စီး ဆိုးဆိုးရွားရွား မီးလောင်ကျွမ်းရာက လူ ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရေနံကို ဆက်ပြီး ဝယ်နေမယ်ဆိုရင် အိန္ဒိယဟာ အမေရိကန်ဆီက ကြီးမားပြင်းထန်တဲ့ သွင်းကုန်အခွန် စည်းကြပ်မှုတွေကို မလွဲမသွေ ကြုံရလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးခဲ့ပါတယ်။