Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိုယ့်ပုံတူ ကြေးရုပ်ကို ဂါနာသမ္မတကိုယ်တိုင် ဖွင့်လှစ်ပေး၊ ပြည်သူတွေ လှောင်ပြောင်

သမ္မတက သူ့ရဲ့ပုံတူ ကြေးသွန်းရုပ်တုကြီး ဖွင့်ပွဲကို ကိုယ်တိုင် ကြီးမှူးခဲ့တဲ့နောက် ဂါနာ ပြည်သူတွေကြားမှာ ဝေဖန်စရာ၊ လှောင်ပြောင်စရာ ဖြစ်လာခဲ့ပါတယ်။

ကိုယ့်ပုံတူ ကြေးရုပ်ကို ဂါနာသမ္မတကိုယ်တိုင် ဖွင့်လှစ်ပေး၊ ပြည်သူတွေ လှောင်ပြောင်
ကိုယ့်ပုံတူ ကြေးရုပ်ကို ဂါနာသမ္မတကိုယ်တိုင် ဖွင့်လှစ်ပေး၊ ပြည်သူတွေ လှောင်ပြောင်

ရွေးကောက်ခံ သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တဲ့ သမ္မတ နာနာ အေကူဖို အက်ဒိုဟာ နိုင်ငံ အနောက်ပိုင်းဒေသကို ခရီးစဉ်တစ်ခု သွားရောက်တဲ့အချိန် ဆီကွန်ဒီမြိုက ဆေးရုံတစ်ခုရှေ့မှာ ထားရှိတဲ့ ကြေးရုပ်တုကို ကိုယ်တိုင်ဖွင့်လှစ်ပေးခဲ့တာပါ။

ဒေသခံ အစိုးရအဖွဲ ဝန်ကြီးတစ်ဦးဖြစ်တဲ့ ကာဝါဘာနီ အော့ခ်ယီရီ ဒါကိုမန်ဆာကတော့ အစိုးရ သက်တမ်းအတွင်း အေကူဖို အက်ဒို စွမ်းဆောင်ပြခဲ့တဲ့ ဖွံဖြိုးရေး အစီအမံတွေကို ထိုက်တန်စွာ ဂုဏ်ပြုခြင်းလို ချီးကျူးခဲ့ပေမယ့် ဂါနာက လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာတော့ ဒီကိစ္စက လှောင်ပြောင်စရာ၊ ဝေဖန်စရာ ဖြစ်နေပါတယ်။

အခုရုပ်တုကြီး တကူးတက ထုဆစ်ပြသစေတာဟာ သမ္မတက ဒေသခံ အစိုးရအဖွဲနဲ့ လက်ဝါးချင်းရိုက်ပြီး ကိုယ့်ကိုယ်ကိုယ် သိဒ္ဓိတင်တဲ့ လုပ်ရပ်ထက် မပိုဘူးလို နိုင်ငံသား အများအပြားက လူမှုကွန်ရက်မှာ ရေးသားနေကြပါတယ်။

နိုင်ငံအနောက်ပိုင်းသား ပြည်သူတွေဟာ သမ္မတရုပ်တုကြီး ယူလာပေးတာထက် ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေ၊ အကူအညီတွေ ရသင့်တယ်လို အတိုက်အခံ လွှတ်တော်အမတ် အီမန်နျူရယ်လ် အာမာ ခိုဖီ ဘူအာကလည်း လူမှုကွန်ရက် Xကနေ ဝေဖန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဖွဲစည်းပုံ အခြေခံ ဥပဒေအရ သမ္မတသက်တမ်း ၂ ကြိမ်ပြည့်အောင် ထမ်းဆောင်ခဲ့ပြီးတဲ့နောက် အသက် ၈၀ အရွယ် အေကူဖို အက်ဒိုဟာ ဇန်နဝါရီလကျရင် ရာထူးနေရာကို စွန့်ခွာရတော့မှာ ဖြစ်ပါတယ်။ သူက သမ္မတ သက်တမ်း ၈ နှစ်တာအတွင်းမှာ ရွေးကောက်ပွဲ ကတိတွေထဲက ၈၀ ရာခိုင်နှုန်းကို လက်တွေ့ အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း ဂုဏ်ယူ ပြောဆိုထားဖူးပါတယ်။

သမ္မတဟာ ရာထူးမစွန့်ခွာခင် ဒေသတချိုကို ကျေးဇူးတင်ကြောင်း ပြသမှု ခရီးစဉ်အဖြစ် လှည့်လည် သွားလာနေရာမှာ ဆီကွန်ဒီမြိုရဲ့ အဓိက ဆေးရုံကြီး တစ်ခုရှေ့က ရုပ်တုသစ် ဖွင့်ပွဲကို ကိုယ်တိုင် တက်ရောက် ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံသား အများစုက အခုကိစ္စကို ဝေဖန်နေကြပေမယ့် သမ္မတရဲ့ စွမ်းဆောင်ပေးခဲ့တာတွေအတွက် ထိုက်တန်တဲ့ ဂုဏ်ပြုမှုလို ထောက်ခံသူ အနည်းအကျဉ်းလည်း ရှိနေပါတယ်။

အေကူဖို အက်ဒိုရဲ့ နေရာကို ဆက်ခံဖိုအတွက် ဒီဇင်ဘာလ ရွေးကောက်ပွဲမှာ လက်ရှိ ဒုတိယ သမ္မတ မဟာမူဒူ ဘာဝူမီယာနဲ့ အတိုက်အခံ ခေါင်းဆောင် သမ္မတဟောင်း ဂျွန်ဒါမာနီ မာဟာမာတို ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

အခုနှစ် ဂါနာရွေးကောက်ပွဲမှာ လူထု အာရုံအစိုက်ဆုံး ခေါင်းစဉ်ကတော့ လူနေမှုစရိတ်တွေ ကြီးမြင့်နေတဲ့ ပြဿနာပါ။ ဂါနာဟာ အာဖရိကတိုက်ရဲ့ ရွှေထွက်နှုန်း အမြင့်ဆုံး နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သူတက်ရောက်မယ့် ညစာစားပွဲမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သူရွေးချယ်ထားတဲ့ ဘဝမှာ စွန့်စားရတာ၊ အန္တရာယ် ကြုံတာတွေ ရှိနိုင်တာကို သိထားကြောင်း ပြောကြားခဲ့ပါတယ်။

သတင်း

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပေါ်၌သာ ဆက်လက် သစ္စာစောင့်သိနေဆဲဖြစ်ကြောင်း CDMနိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ပူးတွဲထုတ်ပြန်ခဲ့ပြီး သမ္မတ ဦးဝင်းမြင့်အနေနဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုး နိုင်ငံတော်အကျိုး ဆက်လက်သယ်ပိုးနိုင်ပါစေဟု ဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။

သတင်း

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာခြင်းနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က သမ္မတအားကြိုဆိုနှုတ်ခွန်းဆက် သဝဏ်လွှာပေးပို့ခဲ့ရာ သမ္မတ ဦးဝင်းမြင့်အနေနဲ့ ကျန်းမာစွာ မိသားစုနဲ့ ပြန်လည်ဆုံဆည်းရတာကို ပြည်သူတွေနဲ့အတူ များစွာ ဝမ်းမြောက်ရတယ်လို့ ဖော်ပြထားပါတယ်။

သတင်း

သမ္မတ ဦးဝင်းမြင့် တောင်ငူအကျဉ်းထောင်ကနေ နေအိမ်ကို ပြန်လည်ရောက်ရှိပြီလို့ စာရေးဆရာ ဦးထင်လင်းဦးက သူရဲ့ဖေ့ဘွတ်ခ်ကနေ အသိပေးပါတယ်။