Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကာ့စ်ခ်ဒေသမှာ ရုရှားက တပ်အင်အား ၅၀၀၀၀ စုရုံးထားကြောင်း ယူကရိန်း သမ္မတ အတည်ပြု၊ ယူကရိန်းရဲ့ ရှေ့တိုး ချီတက်နိုင်မှု ရပ်တန့်သွားပြီလို့ ဝန်ခံ

ရုရှားဟာ ကာ့စ်ခ်ဒေသထဲမှာ တပ်အင်အား ၅၀၀၀၀ လောက် စုရုံးထားပြီး စစ်ချီတက်ဖို့ အသင့်ဖြစ်နေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတည်ပြု ပြောကြားလိုက်ပါတယ်။

ရုရှားဟာ ကာ့စ်ခ်ဒေသထဲမှာ တပ်အင်အား ၅၀၀၀၀ လောက် စုရုံးထားပြီး စစ်ချီတက်ဖို့ အသင့်ဖြစ်နေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတည်ပြု ပြောကြားလိုက်ပါတယ်။

ယူကရိန်း အရှေ့ပိုင်းမှာ ဆင်နွှဲနေတဲ့ ရုရှားရဲ့ ကျူးကျော်စစ်ကို သွယ်ဝိုက် ဟန့်တားဖို့အတွက် ထောင်နဲ့ချီတဲ့ ယူကရိန်း တပ်တွေဟာ နယ်စပ်ကို ဖြတ်ကျော်ပြီး နွေရာသီတုန်းက ရုရှားပိုင် ကာ့စ်ခ်ဒေသထဲ ဝင်ရောက်ခဲ့ပါတယ်။ အဲဒီ စစ်ဆင်ရေးကို ရုရှားက အငိုက်မိသွားခဲ့ပြီး မြို့ရွာတွေ တော်တော်များများကို ယူကရိန်း တပ်တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အခုအခါမှာတော့ ရုရှားဟာ ကာ့စ်ခ်မှာ တပ်အင်အား ၅၀၀၀၀ လောက် စုစည်းထားပြီး ဖြစ်သလို ယူကရိန်း လက်ထဲ ရောက်နေတဲ့ နယ်မြေတွေကို ပြန်သိမ်းဖို့လည်း တာဆူနေပြီလို့ ဇီလန်စကီးက ဆိုပါတယ်။ အကျိုးဆက်အဖြစ် ယူကရိန်း တပ်တွေက ကာ့စ်ခ်မှာ နယ်မြေတွေ ရသမျှ သိမ်းယူထားဖို့ အားထုတ်နေမှုတွေလည်း ရပ်တန့်သွားပြီလို့ သူက ဝန်ခံခဲ့ပါတယ်။

အစောပိုင်းတုန်းက ကာ့စ်ခ်ဒေသ တန်ပြန်ထိုးစစ်အတွက် ရုရှားက အင်အား အလုံးအရင်း စုစည်းထားရာမှာ မြောက်ကိုရီးယားရဲ့ တပ်ဖွဲ့ဝင်တွေပါ ပါဝင်နေတယ်လို့ အမေရိကန်နဲ့ ယူကရိန်း စစ်ဘက် အရာရှိ တချို့က ပြောဆိုခဲ့ပြီး ဇီလန်စကီးကတော့ အဲဒီအချက်ကို ထည့်သွင်း မှတ်ချက် ပေးမသွားခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ယူကရိန်းက ကာ့စ်ခ်ကို ဝင်ရောက် ထိုးစစ်ဆင်ခဲ့တဲ့ ရည်ရွယ်ချက်ဟာ နိုင်ငံအရှေ့ပိုင်း ဒွန်းညက်စ်ခ် ဒေသမှာ စုရုံးနေတဲ့ ရုရှားရဲ့ တပ်အင်အားကို ဖဲ့ထုတ်နိုင်ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ရုရှားဟာ အဲဒီတပ်တွေကို အစုအစည်း မပျက်စေဘဲ ကာ့စ်ခ်ဒေသမှာ ခံစစ်အတွက် အင်အား ၅၀၀၀၀ လောက်ကို စုဆောင်းနိုင်ခဲ့တယ်လို့ New York Times သတင်းဌာနက ဖော်ပြထားပါတယ်။

ဇီလန်စကီးကတော့ သူဟာ စစ်ဦးစီးချုပက် ဗိုလ်ချုပ်ကြီး အိုလက်ခ်ဇန္ဒာ ဆာ့စ်ကီနဲ့ အနာဂတ် အစီအမံတွေကိစ္စ ဆွေးနွေးတယ်လို့ ပြောပါတယ်။ ဆာ့စ်ကီက သူဟာ ကာ့စ်ခ်ဒေသ စစ်ဆင်ရေးမှာ ပါဝင်နေတဲ့ ယူကရိန်း တပ်တွေနဲ့ ပတ်သက်ပြီး ပြန်လည် ဆန်းစစ်မှုတွေ လုပ်ဆောင်နေကြောင်း နိုဝင်ဘာ ၁၁ ရက်နေ့မှာ ပြောကြားထားပါတယ်။

လက်ရှိ အခြေအနေအရ ယူကရိန်းရဲ့ ဒွန်းညက်စ်ခ် ပြည်နယ်ထဲမှာ တိုက်ပွဲတွေ အရှိန်ပြင်းပြင်းနဲ့ ဆက်လက် ဖြစ်ပွားနေပြီး နိုဝင်ဘာ ၁၁ ရက်နေ့တုန်းက ယူကရိန်း ထိန်းချုပ်ထားရာ ကူရက်ဗ်ကိုဗီမြို့က ရေကာတာတစ်ခု ထိခိုက်ပျက်စီးခဲ့ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရုရှားတပ်တွေဟာ ဒေသတွင်းမှာ အချက်အခြာကျပြီး ယူကရိန်း စစ်တပ်အတွက် ထောက်ပံ့ပို့ဆောင်ရေး ဗဟိုချက် တစ်ခုလို့ ဆိုနိုင်တဲ့ ပက်ခ်ရော့ဗ်စ်ခ်မြို့ဆီ တဖြည်းဖြည်းချင်း ရှေ့တိုး ချဉ်းကပ်လာနေတယ်လို့လည်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ ပြတ်လပ်မှုနဲ့အတူ ယူကရိန်းအတွက် ရက်စက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ ဆောင်းရာသီကို မျှော်လင့်ထားရလိမ့်မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ သွေးစည်းညီညွတ်မှုကို အကဲစမ်းဖို့ ရုရှားက အကန့်အသတ်နဲ့ ရန်စ တိုက်ခိုက်တာမျိုးတွေ ရှိလာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ

ရုရှားဆီက မျိုးဆက်သစ် Su-57E တိုက်လေယာဉ်တွေ ဝယ်ယူဖွယ်ရှိကြောင်း သတင်းတွေကို အိန္ဒိယက ငြင်းပယ်သွားခဲ့ပါတယ်။

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။