Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်ရဲ့ မျိုးဆက်သစ် အဆင့်မြင့် တိုက်လေယာဉ်ကို တရားဝင် ပွဲထုတ်မိတ်ဆက်

တရုတ်ဟာ နိုင်ငံရဲ့ ထိပ်တန်း လေကြောင်းနည်းပညာ ပြပွဲမှာ ရေဒါနဲ့ ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် နည်းပညာသုံး အဆင့်အမြင့်ဆုံး တိုက်လေယာဉ် အမျိုးအစားသစ် J-35Aကို ထုတ်ပြခဲ့ပါတယ်။

တရုတ်ဟာ နိုင်ငံရဲ့ ထိပ်တန်း လေကြောင်းနည်းပညာ ပြပွဲမှာ ရေဒါနဲ့ ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် နည်းပညာသုံး အဆင့်အမြင့်ဆုံး တိုက်လေယာဉ် အမျိုးအစားသစ် J-35Aကို ထုတ်ပြခဲ့ပါတယ်။

နိုင်ငံတောင်ပိုင်း၊ ဇူဟိုင်မြို့မှာ ပြုလုပ်ခဲ့တဲ့ လေကြောင်းပြပွဲမှာ နိုဝင်ဘာ ၁၂ ရက်နေ့တုန်းက J-35Aဟာ အချိန်တိုလောက် လက်တွေ့ ပျံသန်းပြခဲ့ပါတယ်။ အင်ဂျင်နှစ်လုံးတပ် တိုက်လေယာဉ်ဟာ တရုတ်က ပြည်တွင်းဖြစ် တပ်ဆင်တည်ဆောက်ပြီး ကိုယ်ပျောက် နည်းပညာပါတဲ့၊ တစ်နည်းအားဖြင့် ပဉ္စမမျိုးဆက်အဖြစ် သတ်မှတ်နိုင်တဲ့ ဒုတိယမြောက် တိုက်လေယာဉ် အမျိုးအစား ဖြစ်လာပါတယ်။

တရုတ်ဟာ J-20 တိုက်လေယာဉ်တွေ အစီး ၂၀၀ လောက်ထိ ပိုင်ဆိုင်ထားပြီး ဖြစ်သလို အခုတော့ ပိုမိုသေးငယ် ကျစ်လစ်တဲ့ ဒီဇိုင်းနဲ့ J-35Aကိုပါ မိတ်ဆက်လာတာ ဖြစ်ပါတယ်။ အဲဒီ လေယာဉ်ဟာ လောလောဆယ် ကုန်းမြေအခြေစိုက် လေယာဉ်ကွင်းတွေမှာပဲ အသုံးပြုနိုင်ပေမယ့် ဒီဇိုင်းပိုင်းအရ လေယာဉ်တင်သင်္ဘော အခြေစိုက် မျိုးကွဲတွေ ထပ်မံ ထွက်ပေါ်လာနိုင်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

အမေရိကန်ဟာ လက်တွေ့ တိုက်ပွဲဝင်အဆင့် အသုံးပြုနိုင်တဲ့ ပဉ္စမမျိုးဆက် တိုက်လေယာဉ် နှစ်မျိုးကို ထုတ်လုပ်ခဲ့တဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ပြီး F-22တွေနဲ့ F-35တွေဟာ မျက်မှောက်ခေတ်ရဲ့ နည်းပညာ အမြင့်ဆုံး တိုက်လေယာဉ်တွေအဖြစ် သတ်မှတ် ခံထားရပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်ကတော့ J-20 တွေကို ၂၀၁၇ မှာ စတင်ပျံသန်းစေခဲ့ပြီး အခုတော့ အမေရိကန်ကို အမီလိုက်တဲ့ အနေနဲ့ J-35Aကိုပါ ဖန်တီးလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီ တိုက်လေယာဉ်ရဲ့ စွမ်းဆောင်ရည် အသေးစိတ် အချက်အလက်တွေကိုတော့ တရုတ်က ဘာမှတ်ချက်မှ မပေးသေးပါဘူး။

တရုတ်လေတပ် ထူထောင်မှု ၇၅ နှစ်ပြည့် ကာလနဲ့ တိုက်ဆိုင်ပြီး မိတ်ဆက်ခဲ့တဲ့ J-35Aရဲ့ ဓာတ်ပုံတစ်ပုံကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ကတည်းက ပြသခဲ့ပြီး နိုင်ငံတကာ စစ်လက်နက်ရေးရာ သုတေသီတွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေအဖြစ် သတ်မှတ်ခံထားရတဲ့ အမျိုးအစားတွေက J-35A မတိုင်ခင်မှာ လေးခုသာရှိပြီး အမေရိကန်ရဲ့ F35နဲ့ F22၊ တရုတ်ရဲ့ J-20နဲ့ ရုရှားရဲ့ SU-57တို့ပဲ ဖြစ်ကြပါတယ်။

ကိုးကား: Nikkei

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

Facebook