Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာမှာ အစ္စရေးရဲ့ လုပ်ဆောင်မှုတွေက လူမျိုးသုဉ်း သတ်ဖြတ်မှု မြောက်နိုင်တယ်လို့ ကုလသမဂ္ဂရဲ့ ကော်မတီဆို

ဂါဇာ စစ်ပွဲမှာ အစ္စရေးရဲ့ လုပ်ဆောင်မှုတွေဟာ လူမျိုးသုဉ်း သတ်ဖြတ်မှု သတ်မှတ်ချက်တွေနဲ့ အကျုံးဝင်တဲ့ အခြေအနေ ရှိနေကြောင်း ကုလသမဂ္ဂ အထူးကော်မတီ တစ်ခုက မှတ်ချက်ပေးခဲ့ပါတယ်။

ဂါဇာ စစ်ပွဲမှာ အစ္စရေးရဲ့ လုပ်ဆောင်မှုတွေဟာ လူမျိုးသုဉ်း သတ်ဖြတ်မှု သတ်မှတ်ချက်တွေနဲ့ အကျုံးဝင်တဲ့ အခြေအနေ ရှိနေကြောင်း ကုလသမဂ္ဂ အထူးကော်မတီ တစ်ခုက မှတ်ချက်ပေးခဲ့ပါတယ်။

အဲဒီ ကော်မတီဟာ အရှေ့အလယ်ပိုင်း ဒေသမှာ အစ္စရေးရဲ့ နယ်မြေသိမ်းယူမှုတွေကို စောင့်ကြည့်ဖို့ ၁၉၆၈ ခုနှစ် ကတည်းက ထူထောင်ထားခဲ့တာ ဖြစ်ပါတယ်။ ၁၃ လ ကြာမြင့်လာပြီဖြစ်တဲ့ ဂါဇာ စစ်ပွဲမှာ အစ္စရေးဟာ လူမျိုးသုဉ်း သတ်ဖြတ်မှုမြောက်တယ်လို့ ယူဆရတဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့သလို အနောက်ဖက် ကမ်းခြေဒေသနဲ့ အရှေ့ဂျေရုဆလင် နယ်မြေတို့မှာလည်း ပါလက်စတိုင်းတွေကို ပစ်မှတ်ထားပြီး လူမျိုးရေး ခွဲခြားဆက်ဆံတဲ့ စနစ်မျိုးကို အသက်သွင်းနေတယ်လို့ ကော်မတီက ဆိုပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ လက်အောက်ခံ အထူးကော်မတီ အစီရင်ခံစာမှာတော့ အစ္စရေးဟာ ပါလက်စတိုင်းတွေသာ မကဘဲ ထိန်းချုပ် နယ်မြေတွေထဲမှာ ရှိနေတဲ့ တခြားအာရပ် အနွယ်တွေကိုလည်း ဖိနှိပ်မှုတွေ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီကော်မတီကို ၁၉၆၇ ခုနှစ်၊ အာရပ်-အစ္စရေး စစ်ပွဲအပြီး သီရိလင်္ကာ၊ မလေးရှားနဲ့ ဆီနီဂေါတို့ရဲ့ ကိုယ်စားလှယ်တွေ ပါဝင်ပြီး စတင်ဖွဲ့စည်းခဲ့ပါတယ်။ ဂါဇာမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုမြောက်တဲ့ လုပ်ရပ်တွေ ကျူးလွန်နေကြောင်း ကော်မတီ စွပ်စွဲချက်ကို နိုဝင်ဘာ ၁၅ ရက်နေ့ ညပိုင်းထိ အစ္စရေးဖက်က တုံ့ပြန်မှု မရှိသေးပါဘူး။

Public Service Announcement

Public Service Announcement

ဂါဇာစစ်ပွဲကို အကြောင်းပြုပြီး ကုလသမဂ္ဂနဲ့ အစ္စရေးကြားက ဆက်ဆံရေးဟာ ဆက်တိုက် ယိုယွင်း ကျဆင်းလာနေခဲ့ပြီး ကုလသမဂ္ဂရဲ့ ပါလက်စတိုင်း ဒုက္ခသည်ရေးရာ အေဂျင်စီဖြစ်တဲ့ UNRWAကိုလည်း အစ္စရေးက နိုင်ငံပိုင်နက်ထဲမှာ အခြေစိုက် လုပ်ငန်းလည်ပတ်ခွင့် ပိတ်ပင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အထူးကော်မတီရဲ့ အစီရင်ခံချက်မှာတော့ ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း အစ္စရေးက ကျင့်သုံးခဲ့တဲ့ မူဝါဒတွေနဲ့ လက်တွေ့ စီမံဆောင်ရွက်ခဲ့တဲ့ လုပ်ရပ်တွေဟာ လူမျိုးသုဉ်း သတ်ဖြတ်မှုရဲ့ ဝိသေသ လက္ခဏာတွေနဲ့ ကိုက်ညီတယ်လို့ သတ်မှတ်နိုင်ကြောင်း ဖော်ပြထားခဲ့ပါတယ်။

ဂါဇာမှာ အရပ်သားတွေဟာ မမျှတတဲ့ အခြေအနေမျိုးတွေနဲ့ စစ်ဘက်၊ အရပ်ဖက် ခွဲခြားမှု မရှိဘဲ အစုလိုက် သတ်ဖြတ်မှုတွေ ခံခဲ့ရတယ်လို့လည်း ကော်မတီက ဆိုပါတယ်။ ဒါတင် မကသေးဘဲ အစ္စရေးဟာ စားနပ်ရိက္ခာ (ဖြတ်တောက်မှု)ကို စစ်လက်နက် တစ်ခုအဖြစ် အသုံးချနေတယ်လို့လည်း ကော်မတီက စွပ်စွဲထားပါတယ်။

ဇန်နဝါရီလတုန်းက အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)ဟာ အစ္စရေးကို လူမျိုးသုဉ်း သတ်ဖြတ်မှုတွေနဲ့ တောင်အာဖရိက အစိုးရက စွပ်စွဲတဲ့ အမှုကို လက်ခံကြားနာပြီး အစ္စရေး အနေနဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှု ကွန်ဗင်းရှင်း သဘောတူညီမှု အချက်အလက်တွေကို မချိုးဖောက်မိတာ သေချာအောင် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့ ညွှန်ကြားခဲ့ပါတယ်။ ဒါပေမဲ့ အစ္စရေးကတော့ ICJ ဆုံးဖြတ်ချက်ကို ပယ်ချခဲ့ပြီး အစ္စရေးဟာ နိုင်ငံတကာ ဥပဒေတွေကို မယိမ်းမယိုင် လိုက်နာကျင့်သုံးခဲ့ပြီးသား ဖြစ်တယ်လို့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက တုံ့ပြန် ပြောကြားသွားပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ဘနွန်မှာ အစ္စရေးက တိုက်ခိုက်မှုတွေ မရပ်တဲ့အတွက် ဟောမုဇ် ရေလက်ကြားကို ပြန်ပိတ်လိုက်ကြောင်း အီရန်စစ်တပ်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးစစ်တပ်နဲ့ လက်ဘနွန်နိုင်ငံ အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတပ်တွေကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိသွားပြီလို့ အမေရိကန်က ကြေညာခဲ့ပေမယ့် တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေကြောင်း သိရပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။