Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲကို အမေရိကန် တာဝေးပစ် ဒုံးကျည်တွေ အသုံးပြု တိုက်ခိုက်ဖို့ ယူကရိန်းကို ဘိုင်ဒန် ခွင့်ပြု

အမေရိကန်က ထောက်ပံ့ထားတဲ့ တာဝေးပစ် ဒုံးကျည်တွေကို ရုရှားနိုင်ငံ ပိုင်နက်ထဲ နက်နက်ရှိုင်းရှိုင်း တိုက်ခိုက်မှုတွေမှာ အသုံးပြုဖို့ သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းကို ခွင့်ပြုပေးလိုက်ပါတယ်။

အမေရိကန်က ထောက်ပံ့ထားတဲ့ တာဝေးပစ် ဒုံးကျည်တွေကို ရုရှားနိုင်ငံ ပိုင်နက်ထဲ နက်နက်ရှိုင်းရှိုင်း တိုက်ခိုက်မှုတွေမှာ အသုံးပြုဖို့ သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းကို ခွင့်ပြုပေးလိုက်ပါတယ်။

ယူကရိန်းက ကာလရှည်ကြာ တောင်းဆိုနေခဲ့တဲ့ အဲဒီကိစ္စကို ဘိုင်ဒန်ဟာ သမ္မတသက်တမ်း ကုန်ဆုံးခါနီးကျမှ ပထမဆုံးအကြိမ် မီးစိမ်းပြခဲ့တာ ဖြစ်ပါတယ်။ ATACMSလို့ အတိုကောက် ခေါ်ဝေါ်တဲ့ အဲဒီ တာဝေးပစ် ဒုံးကျည်တွေဟာ မိုင်ပေါင်း ၁၉၀ လောက် အကွာအဝေးက ပစ်မှတ်တွေကို ချေမှုန်းနိုင်စွမ်း ရှိပါတယ်။

ဘိုင်ဒန်ရဲ့ သဘောထား အပြောင်းအလဲက ရုရှားရဲ့ လက်နက်တိုက်တွေကို တိတိကျကျ ပစ်မှတ်ထား ဖြိုခွင်းဖို့ ယူကရိန်းအတွက် အထောက်အကူကောင်းတွေ ရရှိလာနိုင်မှာ ဖြစ်ပါတယ်။ အကျိုးဆက် အနေနဲ့ ယူကရိန်း အရှေ့ပိုင်းမှာ တဖြည်းဖြည်း ရှေ့တိုး ချီတက်လာနေတဲ့ ရုရှားထိုးစစ်ကိုလည်း အနှောင့်အယှက် ပေးနိုင်ဖွယ် ရှိပါတယ်။

ဘိုင်ဒန်ဟာ အမေရိကန် ထောက်ပံ့ထားတဲ့ တာဝေးပစ် ဒုံးကျည်တွေ လွတ်လပ်စွာ အသုံးပြုခွင့်အတွက် ယူကရိန်းရဲ့ အစဉ်တစိုက် တောင်းဆိုမှုကို အကြိမ်ကြိမ် ငြင်းပယ်ခဲ့ရာကနေ နိုဝင်ဘာ ၁၇ ရက်နေ့မှာ သဘောထား ပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ မြောက်ကိုရီးယားတပ်တွေက ယူကရိန်း စစ်ပွဲမှာ ရုရှားဖက်က ကူညီတိုက်ခိုက်ကြောင်း အထောက်အထားတွေ ခိုင်မာလာတဲ့ အချိန်မှာ အမေရိကန်ရဲ့ တုံ့ပြန်မှု တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်ရဲ့ တာဝေးပစ် ဒုံးကျည်တွေကို အကန့်အသတ်တွေ မရှိဘဲ အသုံးပြုလို့ ရလာခြင်းက ယူကရိန်းအတွက် အသက်ရှူ ချောင်စရာ ဖြစ်ပေမယ့် တစ်ဖက်မှာတော့ ရုရှားဆီက ပိုမိုခါးသီး တင်းမာတဲ့ တုံ့ပြန်မှုတွေ ရှိလာနိုင်ပါတယ်။

မူလက ဘိုင်ဒန်ဟာ တာဝေးပစ် လက်နက်တွေ အသုံးပြုပြီး ရုရှားအတွင်းပိုင်း ဒေသတွေကို တိုက်ခိုက်ခြင်းက ပဋိပက္ခကို မီးစာဖြည့်ပေးသလိုသာ ဖြစ်လိမ့်မယ်လို့ ယူဆပြီး အဲဒီလက်နက်တွေကို ကာကွယ်ရေး ကဏ္ဍအတွက်သာ အသုံးပြုဖို့ ယူကရိန်းကို ကန့်သတ်ထားခဲ့တာပါ။

နွေဦးကာလတုန်းက ယူကရိန်းဆီ ATACMS ဒုံးကျည်စနစ်တွေ ပို့ဆောင်ခဲ့ချိန် ကတည်းက အဲဒီလက်နက်တွေကို ယူကရိန်း ပြည်တွင်းမှာသာ အသုံးချခွင့် ပြုမယ်လို့ အမေရိကန်က ကြေညာထားခဲ့ပါတယ်။ အခုအခါ အမေရိကန်က သဘောထား ပြောင်းလဲသွားပြီ ဖြစ်တဲ့အတွက် ဗြိတိန်ကလည်း တူညီတဲ့ လမ်းစဉ်ကိုလိုက်ပြီး ယူကရိန်းဆီ ထောက်ပံ့ထားတဲ့ Storm Shadow ဒုံးကျည်တွေကို ရုရှားပိုင်နက်ထဲမှာပါ လွတ်လွတ်လပ်လပ် အသုံးပြုခွင့် ပြုလာနိုင်ပါတယ်။ အဲဒီ ဒုံးကျည်တွေဟာ ၁၅၅ မိုင်လောက် အကွာအဝေးထိ ပျံသန်းနိုင်ပါတယ်။ ဒါပေမဲ့ ဒုံးကျည်တွေ အသုံးပြုခွင့်နဲ့ ပတ်သက်ရင်တော့ ဗြိတိန်ဟာ အမေရိကန်ရဲ့ ခွင့်ပြုချက်ကို လိုအပ်ခဲ့ပါတယ်။ အကြောင်းကတော့ Storm Shadowတွေမှာ အမေရိကန်က ထုတ်လုပ်တဲ့ အစိတ်အပိုင်း ၃ ခု ပါဝင်တာကြောင့်ပါ။

လောလောဆယ် ယူကရိန်းမှာ ATACMS တာဝေးပစ်ဒုံးကျည် ဘယ်နှစင်း ရှိနေသလဲ ဆိုတာကို အတိအကျ မသိရဘဲ အရမ်းများများစားစားတော့ မဟုတ်လောက်ဘူးလို့ ယုံကြည်ရပါတယ်။ ပြီးတော့ ယူကရိန်းဟာ ပြည်တွင်းက ခုခံရေး စစ်ပွဲတွေမှာလည်း အဲဒီဒုံးကျည် တချို့ကို အသုံးပြုထားပြီး ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။