Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြောင့် ယူကရိန်းနိုင်ငံဆိုင်ရာ အမေရိကန် သံရုံး ပိတ်ထား

လေကြောင်းတိုက်ခိုက်မှု ကြုံတွေ့နိုင်ခြေ အလားအလာကြောင့် ယူကရိန်းနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးကို ယာယီ ပိတ်ထားလိုက်ကြောင်း သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှု ကြုံတွေ့နိုင်ခြေ အလားအလာကြောင့် ယူကရိန်းနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးကို ယာယီ ပိတ်ထားလိုက်ကြောင်း သိရပါတယ်။

နိုဝင်ဘာ ၂၀ ရက်နေ့မှာ အမေရိကန်က ကိယက်ဗ်မြို့မှာရှိတဲ့ သံရုံးကို လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်တွေကြောင့် ယာယီ ပိတ်ထားမှာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ နောက်ပြီး ယူကရိန်းမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကိုလည်း လိုအပ်လာရင် ချက်ချင်း အရေးပေါ် တိမ်းရှောင်နိုင်မယ့် ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဆောင်ထားဖို့ တိုက်တွန်းခဲ့ပါတယ်။ သံရုံးကို ဘယ်လောက်ကြာကြာ ပိတ်ထားမလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

အမေရိကန်က ထောက်ပံ့ထားတဲ့ ATACMS ဒုံးကျည်တွေကို အသုံးပြုပြီး ယူကရိန်း စစ်တပ်က ရုရှားပိုင်နက်ထဲ နက်နက်ရှိုင်းရှိုင်း တိုက်ခိုက်ခဲ့ပြီး နောက်တစ်နေ့မှာ အခုလို အရေးပေါ် သတိပေး ကြေညာချက်မျိုး ထွက်ပေါ်လာတာပါ။ ရုရှားက အနောက်နိုင်ငံလုပ် တာဝေးပစ် ဒုံးကျည်တွေကို အသုံးပြုပြီး နိုင်ငံပိုင်နက်ကို တိုက်ခိုက် ခံလာရမယ်ဆိုရင် ယူကရိန်းအတွက် လက်နက် ထောက်ပံ့တဲ့ နိုင်ငံတွေမှာပါ တာဝန်ရှိတယ်လို့ သတ်မှတ်မှာဖြစ်ကြောင်း သတိပေးထားပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ ကီလိုမီတာ ၃၀၀ လောက်ထိ ပစ်ခတ်နိုင်တဲ့ ATACMS ဒုံးကျည်တွေကို ရုရှားပိုင်နက်ထဲထိ ပစ်ခတ်ခွင့်ကို အစဉ်တစိုက် တားဆီးထားရာကနေ အခုသီတင်းပတ်မှာ အဲဒီ ကန့်သတ်ချက်ကို ရုပ်သိမ်းပေးလိုက်တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အခုအခါမှာတော့ အမေရိကန်ဟာ ရုရှားဆီက လက်တုံ့ပြန်လာနိုင်ခြေတွေကို ကြိုတင်စဉ်းစားပြီး သံရုံးကို ပိတ်ထားသလို ယူကရိန်းရောက် နိုင်ငံသားတွေအတွက်လည်း သတိပေး ကြေညာချက်တွေ ထုတ်ပြန်လာခဲ့ရတာပါ။

ကိယက်ဗ်မြို့မှာရှိတဲ့ သံရုံးဟာ ယူကရိန်းရောက် အမေရိကန် နိုင်ငံသားတွေ အနေနဲ့ သောက်ရော၊ စားနပ်ရိက္ခာတွေနဲ့ တခြားအရေးကြီးတဲ့ လူသုံးကုန်တွေကို ကြိုတင် သိုလှောင်ထားဖို့လည်း နှိုးဆော်ထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ရုရှားဟာ ယူကရိန်းရဲ့ ဓာတ်အားထောက်ပံ့ရေး အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ယူကရိန်းက ရုရှားပိုင်နက်ထဲမှာ ပထမဆုံး အကြိမ်အဖြစ် အမေရိကန်လုပ် ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်အပြီး ရုရှားဆီကနေ နောက်ထပ် လေကြောင်းတိုက်ခိုက်မှုတွေ ထပ်ပြီး တွေ့မြင်လာရနိုင်ကြောင်းလည်း ယူကရိန်း စစ်ထောက်လှမ်းရေးက ခန့်မှန်းထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။