Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းရဲ့ စစ်မှုထမ်း အသက်အရွယ် သတ်မှတ်ချက်ကို ထပ်လျှော့ချဖို့ အမေရိကန် တိုက်တွန်းထား

စစ်မှု မထမ်းမနေရ ဥပဒေကို ရှိရင်းစွဲ သတ်မှတ်ထားတာထက် ပိုမိုလျှော့ချဖို့ အမေရိကန် အစိုးရက ယူကရိန်းကို တိုက်တွန်းနေပါတယ်။

စစ်မှု မထမ်းမနေရ ဥပဒေကို ရှိရင်းစွဲ သတ်မှတ်ထားတာထက် ပိုမိုလျှော့ချဖို့ အမေရိကန် အစိုးရက ယူကရိန်းကို တိုက်တွန်းနေပါတယ်။

ရုရှားနဲ့ စစ်ပွဲကြောင့် ယူကရိန်းဟာ စစ်မှုထမ်းအင်အား ပြုန်းတီးမှုတွေကို ရင်ဆိုင်နေရပြီး အဲဒီ အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် အနိမ့်ဆုံး စစ်မှုထမ်း အသက်အရွယ် သတ်မှတ်ချက်ကို ၁၈ နှစ်ထိ လျှော့ချဖို့ အမေရိကန်က အကြံပေးထားတာ ဖြစ်ပါတယ်။

အမေရိကန်မှာ လာမယ့်နှစ်ကစလို့ ဒေါ်နယ်လ်ထရမ့် ဦးဆောင်တဲ့ အစိုးရသစ် တာဝန်ယူလာမှာဖြစ်ပြီး အဲဒီအခါ ယူကရိန်းနဲ့ ပတ်သက်တဲ့ မူဝါဒတွေ ပြောင်းလဲသွားဖွယ် ရှိနေပြီး ယူကရိန်းအတွက် ပိုမိုကျပ်တည်းတဲ့ အခြေအနေတွေ ကြုံလာရမယ်လို့ ခန့်မှန်းထားပါတယ်။

လက်ရှိ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အစိုးရကတော့ ယူကရိန်းဟာ ကိုယ့်ထက် အများကြီး အင်အားပိုတောင့်တင်းတဲ့ ရန်သူကို ရင်ဆိုင် တိုက်ခိုက်နေရချိန်မှာ တပ်အင်အား ယုတ်လျော့ ကျဆင်းလာနေတာကို ထိထိရောက်ရောက် တုံ့ပြန် ဖြေရှင်းဖို့ လိုနေပြီလို့ မှတ်ချက် ပေးခဲ့ပါတယ်။ နောက်ပြီး ယူကရိန်းမှာ ဆန္ဒအလျောက် ပါဝင် အမှုထမ်းဖို့ စာရင်းပေးသူ ဦးရေကလည်း ဆက်တိုက် ကျဆင်းလာတယ်လို့ သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ရိုးရှင်းတဲ့ အမှန်တရား တစ်ခုက ယူကရိန်း စစ်တပ်ဟာ ပြုန်းတီး အင်အားတွေရဲ့ နေရာမှာ တပ်သားသစ်တွေနဲ့ ဖူဖူလုံလုံ အစားထိုးနိုင်စွမ်း မရှိတော့ဘဲ ရုရှားရဲ့ ကြီးထွားလာတဲ့ စစ်အင်အားကို အမီလိုက်ဖို့ ခက်ခဲလာနေတာ ဖြစ်တယ်လို့ အမည်မဖော်တဲ့ အဲဒီ အရာရှိက ပြောကြားသွားပါတယ်။

ဒါကြောင့်လည်း ယူကရိန်း အနေနဲ့ စစ်မှုမထမ်းမနေရ စနစ်အတွက် အနိမ့်ဆုံး အသက်ကန့်သတ်ချက်ကို ၁၈ နှစ်ထိ လျှော့ချဖို့ အမေရိကန် အစိုးရက တိုက်တွန်းထားရတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါပေမဲ့လည်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီး ဦးဆောင်နေတဲ့ ယူကရိန်း အစိုးရ အတွက်တော့ အဲဒီ အစီအစဉ်ကို လက်တွေ့ အကောင်အထည်ဖော်ဖို့ အခက်အခဲတွေ အများကြီး ရှိနိုင်ပါတယ်။ အတိုက်အခံ အင်အားစုတွေက ကန့်ကွက်ကြတဲ့အပြင် ပြည်သူလူထုဖက်ကလည်း ဆန့်ကျင်ဖို့ အခြေအနေ အရမ်းများနေတာကြောင့်ပါ။ နောက်ပြီး ယူကရိန်းက အရွယ်ရောက်ပြီး နိုင်ငံသားတွေကို စစ်မှုထမ်းအတွက် ဆင့်ခေါ်ခွင့် အသက်အရွယ်ကို မူလ ၂၇ နှစ်ကနေ ၂၅ နှစ်ထိ လျှော့ချထားပြီး ဖြစ်ပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ ပြတ်လပ်မှုနဲ့အတူ ယူကရိန်းအတွက် ရက်စက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ ဆောင်းရာသီကို မျှော်လင့်ထားရလိမ့်မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။