Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယရဲ့ အာသံပြည်နယ်ထဲ အများပိုင် ဧရိယာတွေမှာ အမဲသားစားခွင့် ပိတ်ပင်

အိန္ဒိယ နိုင်ငံရဲ့ အာသံပြည်နယ်မှာ အများနဲ့ဆိုင်တဲ့ နေရာတွေဆီ ရောက်နေချိန် အမဲသား စားသောက်ခြင်းကနေ ပိတ်ပင်တဲ့ အမိန့်တစ်ခုကို အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

အိန္ဒိယ နိုင်ငံရဲ့ အာသံပြည်နယ်မှာ အများနဲ့ဆိုင်တဲ့ နေရာတွေဆီ ရောက်နေချိန် အမဲသား စားသောက်ခြင်းကနေ ပိတ်ပင်တဲ့ အမိန့်တစ်ခုကို အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှာ တည်ရှိတဲ့ ပြည်နယ်မှာ စားသောက်ဆိုင်တွေ၊ အခမ်းအနားတွေမှာ တည်ခင်းတာ အပါအဝင် လူအများရှေ့မှာ အမဲသားစားခြင်းတွေကို ဥပဒေနဲ့ တားမြစ်လိုက်တာ ဖြစ်ပါတယ်။

မူလက အာသံပြည်နယ်ထဲမှာ ဘာသာရေး နယ်မြေတွေနား အမဲသား စားသောက်ခွင့်ကို တားမြစ်ထားရာကနေ အဲဒီ စည်းမျဉ်းကို တစ်ဆင့်တိုး တင်းကျပ်လိုက်တဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ကိုယ့်အိမ်မှာကိုယ် အမဲသားဝယ်ယူ စားသောက်တာမျိုးကိုတော့ ခွင့်ပြုထားမယ်လို့ အာသံပြည်နယ် ဝန်ကြီးချုပ် ဟီမာတာ ဘစ္စဝါ ဆာမားက ဒီဇင်ဘာ ၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ နောက်ပြီး သတ်မှတ်ထားတဲ့ နေရာတွေမှာ အမဲသား ရောင်းချခွင့်ကိုလည်း မူလအတိုင်း ခွင့်ပြုထားမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံး နိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယမှာ အမဲသားစားခြင်းဟာ ထိလွယ်ရှလွယ်၊ အငြင်းပွားစရာ ကိစ္စဖြစ်ပါတယ်။ အကြောင်းကတော့ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းဟာ နွားတွေကို ချစ်ခင် အထွဋ်အမြတ်ထားတဲ့ ဟိန္ဒူဘာသာဝင်တွေ ဖြစ်တာကြောင့်ပါ။

အာသံ အပါအဝင် ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီ ကိုယ်စားပြုရာ ဗာရာတီယာ ဂျနက်တာ ပါတီ (BJP)က အစိုးရ ဖွဲ့စည်းထားရာ ပြည်နယ်တွေမှာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း နွားသတ်လုပ်ငန်းတွေကို ပိုပြီး အင်တိုက်အားတိုက် ဖြိုခွင်းမှုတွေ ရှိလာကြောင်းလည်း လေ့လာသူတွေက ပြောပါတယ်။

အိန္ဒိယမှာ ပြည်နယ် ၂၈ ခု ရှိတဲ့အနက် သုံးပုံနှစ်ပုံလောက်ဟာ၊ အထူးသဖြင့် BJP ကိုယ်စားပြု ပြည်နယ် အစိုးရတွေ အုပ်ချုပ်နေတဲ့ နယ်မြေတွေမှာ နွားသတ်ခွင့်နဲ့ အမဲသား စားသုံးခွင့်တွေကို အပြည့်အဝ ပိတ်ပင်ထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီထဲက တချို့မှာ ကျွဲသားကိုတော့ တရားဝင် ရောင်းချခွင့်၊ စားသုံးခွင့် ပေးထားပါတယ်။

အာသံပြည်နယ်မှာတော့ ၂၀၂၁ ကစလို့ အမဲသားကို ဟိန္ဒူ၊ ဂျိန်းစ်နဲ့ ဆစ်ခ်ဘာသာရေး ဝတ်ပြု နေရာတွေ အနီးတဝိုက်မှာ စားသောက်ခွင့်၊ ရောင်းချခွင့်ကနေ ပိတ်ပင်ထားခဲ့ပါတယ်။ အခု ကန့်သတ်ချက် အသစ်တွေကတော့ အဲဒီ ဥပဒေကို ထပ်တိုးလိုက်တာလည်း ဖြစ်ပါတယ်။

BJPက ကြီးစိုးထားတဲ့ ပြည်နယ်တိုင်းမှာ အမဲသား ရောင်းချခွင့်၊ စားသောက်ခွင့် ပိတ်ပင်ထားတာမျိုးလည်း မဟုတ်ပြန်ပါဘူး။ ဥပမာ BJPက ပြည်နယ် အစိုးရ တာဝန်ယူထားတဲ့ ဂိုအာနဲ့ အာနူချဲလ် ပရာဒက်ရှ် ပြည်နယ်တွေမှာ အမဲသားစားခွင့်၊ ရောင်းချခွင့်တွေကို လက်ခံထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၈၀ နီးပါးထိ ရှိလာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆန္ဒပြ ကျောင်းသားတွေကို မောင်းပြန်ရိုင်ဖယ်နဲ့ ချိန်ရွယ်ခဲ့တဲ့ ရဲတစ်ဦးဟာ ရာထူးတာဝန်တွေကနေ ဆိုင်းငံ့ ခံခဲ့ရပါတယ်။

သတင်း

အိန္ဒိယရေပိုင်နက်ထဲကိုတရားမဝင်ဝင်ရောက်တယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ မြန်မာရေလုပ်သား ၂၆ ဦးကို အိန္ဒိယက မြန်မာနိုင်ငံပြန်ပို့လိုက်တာမှာ စစ်တပ်က အိမ်သို့ပြန်မပို့ပဲ စစ်သင်တန်းကျောင်းကို တန်းပို့လိုက်တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်​တွေက​ပြောပါတယ်။