Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းရဲ့ ဓာတ်အားပေး အဆောက်အအုံတွေကို ဒုံးကျည်နဲ့ ဒရုန်း ၃၀၀ နီးပါး အသုံးပြုပြီး ရုရှားတိုက်ခိုက်

နိုင်ငံရဲ့ လေကြောင်းကာကွယ်ရေး ကဏ္ဍကို တာဝန်ယူထားတဲ့ ယူကရိန်း လေတပ်ကတော့ ရုရှား ဒုံးကျည်တွေရဲ့ ၉၀ ရာခိုင်နှုန်းကို ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

ယူကရိန်းရဲ့ ဓာတ်အားပေး အဆောက်အအုံတွေကို ဒုံးကျည်နဲ့ ဒရုန်း ၃၀၀ နီးပါး အသုံးပြုပြီး ရုရှားတိုက်ခိုက်
ယူကရိန်းရဲ့ ဓာတ်အားပေး အဆောက်အအုံတွေကို ဒုံးကျည်နဲ့ ဒရုန်း ၃၀၀ နီးပါး အသုံးပြုပြီး ရုရှားတိုက်ခိုက်

-People’s Spring

ရုရှားဟာ ဒရုန်းနဲ့ ဒုံးကျည် စုစုပေါင်း ၃၀၀ နီးပါးကို အသုံးပြုပြီး ယူကရိန်းနိုင်ငံ အနှံ့က ဓာတ်အားပေး စက်ရုံတွေနဲ့ ဆက်စပ် အဆောက်အအုံတွေကို တိုက်ခိုက် ဖျက်ဆီးခဲ့ပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရုရှားရဲ့ လုပ်ရပ်ဟာ သန်းနဲ့ချီတဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်ခြင်း ဖြစ်တယ်လို့ အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။ ဒီဇင်ဘာ ၁၃ ရက် ညပိုင်းတုန်းက ယူကရိန်းနိုင်ငံ အနှံ့ကို ရုရှားရဲ့ ဒုံးကျည် ၉၃ စင်းနဲ့ ဖောက်ခွဲရေး ဒရုန်းပေါင်း ၂၀၀ ဝန်းကျင် ဖြန့်ကျက် ဝင်ရောက်လာပြီး ဓာတ်အားပေး ကွန်ရက်တွေကို တိုက်ခိုက်ခဲ့တာလို့ ဇီလန်စကီးက ပြောပါတယ်။

ဒါဟာ စစ်ပွဲကာလ တလျှောက်မှာ ရုရှားရဲ့ အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှုတွေထဲက တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လေပိုင်နက်ထဲ ကျူးကျော်လာတဲ့ ရန်သူ့ စစ်လက်နက်တွေကို ယူကရိန်း လေကြောင်းကာကွယ်ရေး စနစ်တွေက ကြားဖြတ် ပစ်ချခဲ့သလို အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေက ထောက်ပံ့ထားတဲ့ F-16 တိုက်လေယာဉ်တွေကပါအရေးပေါ် ပျံတက်ပြီး ဒုံးကျည်တချို့ကို ပစ်ချခဲ့တယ်လို့ ဇီလန်စကီးက ဆိုပါတယ်။

နိုင်ငံရဲ့ လေကြောင်းကာကွယ်ရေး ကဏ္ဍကို တာဝန်ယူထားတဲ့ ယူကရိန်း လေတပ်ကတော့ ရုရှား ဒုံးကျည်တွေရဲ့ ၉၀ ရာခိုင်နှုန်းကို ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ ငြိမ်းချမ်းရေးအတွက် အစီအစဉ် ရှိပါတယ်လို့ တတွတ်တွတ်ပြောရင်း အရာခပ်သိမ်းကို ဖျက်ဆီးပစ်နေကြောင်း၊ သူရည်ညွှန်းတဲ့ စေ့စပ်ညှိနှိုင်းရေး ဆိုတာဟာ သန်းပေါင်းများစွာသော ပြည်သူတွေအပေါ် အကြမ်းဖက်ခြင်းပဲဖြစ်ကြောင်း ဇီလန်စကီးက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

အတိုင်းအတာ ပမာဏ ကြီးမားလှတဲ့ တိုက်ခိုက်မှုကြီးအတွက် အတိုင်းအတာ ပမာဏ ကြီးမားလှတဲ့ တုံ့ပြန်မှုမျိုး ကမ္ဘာကြီးက ပြသဖို့ လိုအပ်ကြောင်း၊ ဒါကသာ အကြမ်းဖက်မှုကို ရပ်တန့်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်းလည်း ဇီလန်စကီးက ရေးသားထားခဲ့ပါတယ်။

သူက ပူတင်ဟာ စကားသက်သက် ပြောရုံနဲ့ နားဝင်မှာ မဟုတ်ဘဲ ငြိမ်းချမ်းရေး အတွက်ဆိုရင် အင်အားသုံးဖို့ လိုကြောင်း၊ မကောင်းဆိုးရွားကို ရင်ဆိုင်တွန်းလှန်ရမှာ အကြောက်အလန့် မရှိတဲ့ အင်အားမျိုးကို လိုအပ်နေတာဖြစ်ကြောင်းလည်း ဆိုပါတယ်။

ယူကရိန်း လေတပ်ရဲ့ အဆိုအရ ရုရှားဟာ ၈ နာရီလောက်ကြာအောင် လေကြောင်း တိုက်ခိုက်မှုတွေကို ကိယက်ဗ် အပါအဝင် မြို့ကြီးတချို့ဆီ ဖြန့်ကျက်ပြီး လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

နိုဝင်ဘာ ၂၈ ရက်နေ့တုန်းကလည်း ရုရှားဟာ ဒုံးကျည်နဲ့ ဒရုန်း စုစုပေါင်း ၂၀၀ ဝန်းကျင်ကို အသုံးပြုပြီး ယူကရိန်းရဲ့ ဓာတ်အားပေး ကွန်ရက်တွေကို တိုက်ခိုက်ခဲ့တာကြောင့် အိမ်ခြေ တစ်သန်းလောက် လျှပ်စစ်မီး ပြတ်တောက်မှုတွေ ကြုံခဲ့ရပါတယ်။

လက်ရှိ စစ်ရေးအခြေအနေအရ ရုရှားဟာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ပေါ့ခ်ရော့ဗ်စ်ခ်မြို့ကို သိမ်းယူနိုင်ဖို့အတွက် တဖြည်းဖြည်း ရှေ့တိုးချီတက်လာနေပြီး ယူကရိန်း ခုခံရေး တပ်တွေက ဆက်တိုက် နောက်ဆုတ်ပေးနေရကြောင်း သိရပါတယ်။

ကိုးကား- The Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ ဒရုန်းတွေနဲ့ ရေဒါစခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

၂၀၃၆ ခုနှစ်ထိ သမ္မတ ရာထူးကို ဆက်လက် တာဝန်ယူမလားဆိုတဲ့ မေးခွန်းကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရှောင်လွှဲ ဖြေဆိုသွားခဲ့ပါတယ်။