Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လုပ်ကြံခံလိုက်ရတဲ့ ရုရှားဗိုလ်ချုပ်ဟာ တရားဝင် ပစ်မှတ်အဖြစ် သတ်မှတ်ခွင့် ရှိတယ်လို့ ယူကရိန်း ထောက်လှမ်းရေးပြော

ရုရှား စစ်ဗိုလ်ချုပ်ကို လုပ်ကြံခဲ့တာနဲ့ ပတ်သက်လို့ ယူကရိန်းက တရားဝင် ပစ်မှတ် တစ်ခုကို ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ ယူကရိန်း ထောက်လှမ်းရေးဌာန (SBU) အရာရှိ တချို့က ပြောပါတယ်။

ရုရှား စစ်ဗိုလ်ချုပ်ကို လုပ်ကြံခဲ့တာနဲ့ ပတ်သက်လို့ ယူကရိန်းက တရားဝင် ပစ်မှတ် တစ်ခုကို ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ ယူကရိန်း ထောက်လှမ်းရေးဌာန (SBU) အရာရှိ တချို့က ပြောပါတယ်။

အသက် ၅၄ နှစ်အရွယ် ဒုတိယ ဗိုလ်ချုပ်ကြီး အီဂေါ် ကီရီလော့ဗ်ဟာ ဒီဇင်ဘာ ၁၇ ရက်နေ့က မော်စကိုမြို့၊ လူနေအိမ် တစ်လုံးကနေ အထွက်မှာ ဗုံးပေါက်ကွဲမှုကြောင့် ကိုယ်ရေး အရာရှိနဲ့အတူ သေဆုံးသွားခဲ့ပါတယ်။ သူဟာ ရုရှားရဲ့ နျူကလီးယား၊ ဇီဝနဲ့ ဓာတုလက်နက် ကာကွယ်ရေးတပ်ဖွဲ့ (NBC)ရဲ့ ခေါင်းဆောင် ဖြစ်သလို ရုရှားရဲ့ အရေးအပါဆုံး စစ်ဗိုလ်ချုပ် တစ်ဦးလို့လည်း သတ်မှတ်နိုင်ပါတယ်။

သူနဲ့ ကိုယ်ရေးအရာရှိတို့ဟာ စကူတာ တစ်စီးမှာ ထောင်ထားတဲ့ဗုံး ထပေါက်ရာက အသက်ဆုံးရှုံးခဲ့တာလို့ ရုရှား ထောက်လှမ်းရေးက ပြောပါတယ်။ အဲဒီ စကူတာကို အဝေးထိန်း စနစ်နဲ့ အချိန်ကိုက် ဖောက်ခွဲခဲ့တာလို့လည်း ကနဦး စုံစမ်းစစ်ဆေးမှု ရလဒ်တွေကို အခြေခံပြီး ရုရှားက ထုတ်ပြန်ခဲ့ပါတယ်။

နာရီပိုင်း အကြာမှာတော့ SBUက ကီရီလော့ဗ်ကို ရှင်းလင်းခဲ့တယ်လို့ အတည်ပြုချက် ပေးခဲ့ပါတယ်။ ကီရီလော့ဗ်ဟာ ယူကရိန်း စစ်ပွဲမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့သူ တစ်ဦးဖြစ်တာကြောင့် တရားဝင် ပစ်မှတ်အဖြစ် သတ်မှတ်နိုင်တယ်လို့လည်း SBUရဲ့ သတင်းရင်းမြစ် တစ်ဦးက မှတ်ချက် ပေးခဲ့ပါတယ်။ SBUဟာ ဒီဇင်ဘာ ၁၆ ရက်နေ့တုန်းကလည်း ကီရီလော့ဗ်ကို တားမြစ် ဓာတုစစ်လက်နက်တွေ အသုံးပြုမှုအတွက် မျက်ကွယ်မှာ စွဲချက်တင်ကြောင်း ထုတ်ပြန်ထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခင်းဖြစ်ပြီး မှုခင်းဓာတ်ပုံတွေအရ ဆိုးဆိုးရွားရွား ပျက်စီးနေတဲ့ အဆောက်အအုံ ဝင်ပေါက်၊ မီးဟပ်ထားတဲ့ နံရံတွေနဲ့ အလောင်းထည့်ထားတဲ့ အိတ်နှစ်လုံးတို့ကို တွေ့ရပါတယ်။

SBUက ရုရှားတပ်တွေဟာ ကီရီလော့ဗ်ရဲ့ ညွှန်ကြားမှုအောက်မှာ ဓာတုလက်နက်တွေကို အကြိမ်ပေါင်း ၄၈၀၀ ထက်မနည်း အသုံးပြုပြီး ယူကရိန်းကို တိုက်ခိုက်ခဲ့တယ်လို ပြောပါတယ်။ မေလတုန်းက ရုရှားတပ်တွေဟာ ယူကရိန်း စစ်မြေပြင်မှာ ဓာတုလက်နက်တွေကို သုံးစွဲခဲ့တယ်လို အမေရိကန်က စွပ်စွဲခဲ့ဖူးပြီး နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေကို အတိအလင်း ချိုးဖောက်မှုအဖြစ် ရှုတ်ချခဲ့ပါတယ်။

SBUရဲ့ အဆိုအရ ရုရှားတပ်တွေဟာ ယူကရိန်း စစ်သားတွေ ရှိနေတဲ့ နေရာတွေကို ဒရုန်းပေါ်ကနေ ဓာတုဗုံးလက်နက်တွေ ကြဲချတဲ့ နည်းမျိုးကို အဓိက အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ ယူကရိန်း စစ်တပ်ကလည်း ရုရှား ဓာတုလက်နက် အဆိပ်သင့်မှု လက္ခဏာတွေနဲ့ ဆေးရုံတက်ရတဲ့ ယူကရိန်း တပ်ဖွဲဝင် ၂၀၀၀ ကျော်ရှိခဲ့ပြီး ၃ ဦး သေဆုံးခဲ့တယ်လို ပြောကြားဖူးပါတယ်။

ရုရှားကတော့ ယူကရိန်း စစ်ပွဲမှာ ဓာတုလက်နက် သုံးစွဲတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ အခြေအမြေ လုံးဝမရှိဘူးလို တုံပြန် ငြင်းဆိုထားပါတယ်။ ကီရီလော့ဗ်ဟာ NBCရဲ့ အကြီးအကဲ ရာထူးကို ၂၀၁၇ မှာ စတင်ရယူထားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း ရုရှားရဲ့ ဒုံးကျည် ပညာရှင် ထိပ်တန်း လက်နက်ရေးရာ ကျွမ်းကျင်သူ တစ်ဦးဟာလည်း မော်စကိုမှာရှိတဲ့ နေအိမ်နားမှာ လမ်းလျှောက်နေရင်း ပစ်သတ်ခံခဲ့ရပါတယ်။ ယူကရိန်း စစ်ထောက်လှမ်းရေးက မစ်ခေးလ် ရှက်စကီကို လုပ်ကြံတဲ့ အဲဒီမစ်ရှင်ဟာ သူတို့လက်ချက် ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။